မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာသင်တန်းကို လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ က ဦးဆောင်ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါအဝင် ဒေသခံ ရပ်ရွာလူထုကို သင်တန်း ပို့ချခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါသင်တန်းမှာ အမျိုးသမီးအခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ NUG အစိုးရက ပြဌာန်းထားတဲ့ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးမူဝါဒနဲ့ ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ အကြီးမားဆုံး ချိုးဖောက်မှု (၆) ရပ် စတာတွေကို ကိုးကားပြီး ပို့ချခဲ့တယ်လို့ သိရပါတယ်။

သင်တန်းတက်ရောက်ခဲ့တဲ့ သင်တန်းသူ ၁ ယောက်က “မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ စာချုပ်တွေ၊ ကလေးတွေကိုကာကွယ်ပေးတဲ့ စာချုပ်တွေ၊ ကျွန်မတို့အပေါ်မှာ ချိုးဖောက်ခံရရင်လည်း တိုင်ကြားနိုင်တဲ့ ယန္တရားတွေရှိမှန်းလည်း မသိခဲ့ဘူး။အခုလိုဆရာမတို့ ပြောပြမှ သိခဲ့ရတယ်၊ ကျမတို့မှာ အခွင့်အရေး ဆိုတာ ဘာမှန်းမသိလောက်အောင် ချိုးဖောက်ခံနေရတာတွေ ခုမှသိလာရတယ်၊ ခုလိုမျိုး ကာကွယ်ပေးတာတွေ ရှိမှန်းသိလာတော့ ကျွန်မတို့အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတာ တွေ၊ အကြမ်းဖက်ခံရတာတွေကို တိုင်ကြားနိုင်တယ်ဆိုတဲ့ အကြောင်းသိရတာနဲ့တင် စိတ်လုံခြုံမှုတွေ ခံစားရပါတယ်” လို့ ပြောကြားခဲ့ကြောင်း NUG က သတင်းဖော်ပြထားပါတယ်။

အဆိုပါ အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာသင်တန်းကို အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါအဝင် ရပ်ရွာဒေသခံ ပြည်သူလူထု သင်တန်းသား အယောက် (၂၁၀) တက်ရောက်ခဲ့ပြီး သင်တန်းသားတွေက အပြန်အလှန်မေးခွန်းတွေ မေးမြန်းကာ ဆွေးနွေးဖလှယ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်မယ်လို့ CRPH ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမြို့အနီးတစ်ဝိုက်ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၇.၇အဆင့်နှင့် ၆.၄ အဆင့်ရှိ အင်အားပြင်း ငလျင် ၂ ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိလေ့လာရေး အသင်း ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး ဒီနေ့ နေလယ် ၁၂ နာရီ ၅၀ မိနစ်အချိန်မှာ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိလေ့လာရေး အသင်း (USGS) က ထုတ်ပြန်ထားပါတယ်။
Read More

ကတိုင်တိ စစ်တပ်စခန်း မကျစေရေး စစ်ကောင်စီ ဂျက်လေယာဉ်တွေနဲ့ ခုခံတိုက်ခိုက်နေ

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာရှိတဲ့ ကတိုင်တိ စစ်တပ်စခန်း လက်မလွှတ်ရရေးအတွက် အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဥ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေကြောင်း မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
Read More

ဖြူးမှာ ကင်းပုန်းဝပ်နေသည့် PDF များနှင့် အကြမ်းဖက်စစ်ကြောင်း ထိတွေ့တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၅ယောက် သေ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့ကြောင်း တောင်ငူခရိုင်၊တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်း သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှုဇုန်လမ်းမပေါ်မှာ စစ်ကောင်စီ ဆယ်ဘီးကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ မြို့သာစက်မှုဇုန်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဆယ်ဘီးကား ၁စီးကို ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှုဇုန်လမ်းမပေါ်အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) က ထုတ်ပြန်ပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂၉) ရဲဘော်များကို ဂုဏ်ပြု (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကနေ ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း၂၉ (ဒေါင်းမင်း - PDF) ရဲဘော်တွေကို ယင်းမာပင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တွေ့ဆုံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း၂၉ က မနေ့က ထုတ်ပြန်ပါတယ်။