သောင်ရင်းမြစ်တစ်လျှောက် လုံခြုံရေးယူထားတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) က မူယူထာဒေသမှာ မူးယစ်ဆေးဝါး (WY) (၅၉၉)ထုပ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၂၇) ရက် မနက်ပိုင်းမှာ မူးယစ်ဆေးဝါး (WY) (၅၉၉)ထုပ်မှာပါရှိတဲ့ ဆေးပြား ပေါင်း (၅,၅၉၀,၀၀၀) ပြားကို မူယူထာဒေသမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး KNU မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် လူကုန်ကူးမှု ပပျောက်ရေးကော်မတီ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF)တို့က တာဝန်ယူစုံစမ်းစစ်ဆေး ဖော်ထုတ်ကာ KNU ရဲ့ ကော်သူးလေဥပဒေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့များ ဖမ်းဆီးထိန်းသိမ်းထားသည့် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်သွား…

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်သားတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ Gan Gaw New Media မှ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မုံရွာမှာ ဓားပြတိုက်၊ လူသတ်၊ ကားလုယက်မှု ကျူးလွန်သူ ၆ ယောက်မှာ အသက် ၂၂ နှစ်အောက် လူငယ်တွေဖြစ်ပြီး အသက် ၂၀ အရွယ် မိန်းကလေး ၂ ယောက် ပါဝင်…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သလ္လာ အမှတ် ၄ ရပ်ကွက်၊ မိုဃ်းကောင်းလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်လူသတ် ကားလုယူမှုမှာ ကျူးလွန်သူ ၆ ယောက်မှာ အသက် ၂၂ အောက်တွေ ဖြစ်ပြီး မိန်းကလေး ၂ ယောက်ပါဝင်တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာနိုင်ငံတွင်း လူငယ်များကို စစ်တမ်းကောက်ယူရာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံယုံကြည်မှု အမြင့်ဆုံးဟုဆို

အကြမ်းဖက်စစ်တပ် အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူငယ်ထုရဲ့ ယုံကြည်ထောက်ခံမှု ၆၇ ရာခိုင်နှုန်းအထိ အမြင့်ဆုံးရရှိထားတယ်လို့ အရပ်ဘက်သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Blue Shirt Initiative (BSI) က ထုတ်ပြန်ထားပါတယ်။
Read More

မှော်စီစာကျေးရွာတွင် အချဉ်ပေါင်းရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ၊ SKY Hotel ရှေ့မှာ အချဥ်ပေါင်းရောင်းတဲ့ အမျိုးသားတစ်ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

သထုံခရိုင် PDF တပ်မဟာ လက်အောက်ခံ YARMA BRIGADE တပ်ဖွဲ့က တပ်သားသစ်များခေါ်ယူနေ

သထုံခရိုင် PDF တပ်မဟာ (၁)၊ တပ်ရင်း ၇၈၀၅ မှ တော်လှန်ရေးအတွက် ရဲဘော်အသစ်များကို ခေါ်ယူလျက်ရှိကြောင်း မောင်းကို အသိပေး ပြောဆိုပါတယ်။
Read More

ပ သုံးလုံးအဖွဲ့တွေကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ NUG ယာယီသမ္မတ ပြောကြား

မြေပြင်က NUG လက်အောက်ခံ ပ သုံးလုံး အဖွဲ့တွေ ပိုမိုအလုပ်ဖြစ်စေရေး လက်မနှေးဖို့ အလွန်အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။