လက်ရှိ မိုးရာသီရောက်ရှိလာချိန်မှာ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေမှာ အရင်က အသုံးပြုခဲ့တဲ့ စက်တပ်လေထီး (Paramotor) တွေအစား လေပြင်းတိုက်ခတ်မှုဒဏ်ကို ပိုမိုခံနိုင်တဲ့ ဂျိုင်ရိုကော်ပတာ (gyrocopter) ယာဉ်တွေကို စတင် အသုံးပြုနေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က နေပြည်တော် တဝိုက်မှာ ဂျိုင်ရိုကော်ပတာ တစ်စီး ပျံသန်းနေမှုကို စတင်မှတ်တမ်းယူနိုင်ခဲ့ပြီး ဧပြီ ၂၄ ရက်မှာလည်း မကွေးမြို့တဝိုက်မှာ ဂျိုင်ရိုကော်ပတာ နှစ်စီး ထပ်မံပျံသန်းခဲ့ကြောင်းကို စစ်ကောင်စီရဲ့ လေကြောင်းလှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ “ဝေဟင်” အဖွဲ့က ဆိုထားပါတယ်။

“ဂျိုင်ရိုကော်ပတာက ပန်ကာအကြီး(အပေါ်) နဲ့ ပန်ကာအသေး(အနောက်) ပါဝင်တယ်။ ပန်ကာအသေးက အင်ဂျင်နဲ့ချိတ်ဆက်ထားပါတယ်။ ယာဉ်ကို ရှေ့ကိုသွားအောင် တွန်းအား thrust ပေးပါတယ်။ ပန်ကာအကြီးကတော့ အင်ဂျင်မလိုဘဲ လေတွန်းအားနဲ့တင်လည်ပြီး ယာဉ်ကို လေထဲတက်နိုင်အောင်၊ လေထဲပျံနိုင်အောင် လုပ်ပေးပါတယ်။ အင်ဂျင်ပါတဲ့အတွက် လောင်စာလိုပါတယ်” လို့ စစ်ကောင်စီအသုံးပြုတဲ့ စစ်လက်နက်တွေအကြောင်း မျှဝေလေ့ရှိတဲ့ Tactical Raptor 2.0 က မောင်းကို ပြောပြပါတယ်။

အင်ဂျင်ပါတဲ့အတွက် လောင်စာဆီကို အသုံးပြုရပေမယ့် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ ထက်စာရင် လောင်စာဆီဖိုး ငွေကုန်ကြေးကျ သက်သာတာကြောင့် နောက်ပိုင်းမှာ ဂျိုင်ရိုကော်ပတာယာဉ်တွေကို ပိုပြီး အသုံးပြုသွားနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက မှတ်ချက်ပြုကြပါတယ်။

“ဂျိုင်ရိုကော်ပတာယာဉ်တွေက စက်သေနတ်ကြီးတွေကိုပါ တပ်ဆင်ပြီး ပစ်ခတ်လို့ရတယ်။ အချိန်ကြာကြာပိုပြီးတော့ ပျံနိုင်တယ်။ အားနည်းချက်ကတော့ ယာဉ်နဲ့ Body ကို ပေါ့ပါးအောင် လုပ်ထားတော့ လက်နက်ငယ်တွေရဲ့ ဒဏ်တွေကိုတောင် သူက မခံနိုင်ပါဘူး” လို့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း ဆိုပါတယ်။

အရင်က အသုံးပြုခဲ့တဲ့ စက်တပ်လေထီး (Paramotor) တွေဟာ ဗုံးချရုံလောက်သာ အသုံးပြုနိုင်တာကြောင့် နောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျိုင်ရိုကော်ပတာတွေကို ပိုမို အသုံးပြုလာနိုင်ကြောင်း သူက ဆိုထားပါတယ်။

စစ်ကောင်စီဟာ ငွေကုန်ကြေးကျများတဲ့ စစ်သုံးစာရိတ်တွေကို လျှော့ချရာမှာ လေကြောင်းတိုက်ခိုက်မှုမှာ သုံးတဲ့ လေယာဉ်တွေအစား စက်တပ်လေထီး (Paramotor) ၊ဂျိုင်ရိုကော်ပတာ (gyrocopter) ယာဉ်တွေကို အစားထိုး အသုံးပြုလာနေတာပဲ ဖြစ်ပါတယ်။

 စစ်သုံးဂျိုင်ရိုကော်ပတာများ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ဒေါနတပ်ရင်းကို အလင်းဝင်ရောက်ခဲ့သူ ၁၈ ဦး PDF အဖြစ် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေ…

" သူတို့စုဆောင်းခံရပုံက အတော်တူကြပါတယ်။ စစ်မှုထမ်းစာရင်းမပါပဲ၊ မဲမနိူက်ရပဲနဲ့ ပုံမှန်အလုပ်သွား၊ အလုပ်ပြန်လုပ်နေရင်း ညနေဘက်မှာ ဖမ်းခံရတာပါ။အဲ့လိုကနေမှရဲစခန်း၊ သင်တန်းစုဆောင်းရေးတွေကိုပို့ခံရတယ်ပေါ့။ နေရာတွေကတော့ အစုံပဲ။ တနင်္သာရီပါတယ်။ ဧရာဝတီတိုင်း၊ ပဲခူး၊ မွန် စသဖြင့်ပေါ့နော်။ "
Read More

ရသေ့တောင်မြို့နယ်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း ရန်ကုန်မှာ လူငယ် ၂၃၀ ကျော် ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ ၂၀၂၅  ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ပေါ်မှာ လူငယ်လူရွယ် ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း  Rangoon Scout Network (RSN) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကရင်နီ အမျိုးသားလူငယ်အစည်းအရုံးက အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်းပြုလုပ်

ကရင်နီအမျိုးသားလူငယ်အစည်းအရုံးက ကရင်နီပြည် နယ်စပ် တစ်နေရာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့တယ်လို့ Karenni National Youth Organization- KNYO က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းကိစ္စကို အောက်ခြေမှာ ဥပဒေကျော်လွန် လုပ်ဆောင်မှုများ ရှိနေသည်ဟု အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ဝန်ခံ

အောက်ခြေမှာ ဥပဒေကို ကျော်လွန်ပြီး စစ်မှုထမ်းဆင့်ခေါ်မှုတွေရှိနေလို့  ပြဿနာအမြောက်အမြားကို ဖြေရှင်းနေရတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။ 
Read More

မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲနေတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁၅ ယောက် သေ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာ လနဲ့ချီပြီး တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်သား ၁၅ ယောက် သေဆုံးပြီးလက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။