မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Southern YSO PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၂၄ ရက်က ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၇ တပ်ကနေ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ကိုချစ်စမ်းကိုက လက်နက် MA 1 တစ်လက်နဲ့ ပြည်သူ့ရင်ခွင် ခိုလူံလာခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီလ ၂၅ ရက်မှာလည်း ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၆ တပ်ကနေ စစ်သား မြင့်စိန်ဟာ သေနတ်မပါဘဲ 5.56 ကျည် ၅၀၀ နဲ့ ပြည်သူ့ရင်ခွင်ဆီ အလင်းဝင်ရောက်ခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၂၆ ရက်မှာလည်း ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၈ တပ်ရင်းက တပ်သား ကိုစည်သူကျော်ဟာ လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည်ဘောက် ၃ဘောက်၊ ၅.၅၆ ကျည် ၁၀၂ တောင့်တို့နဲ့ ပြည်သူ့ရင်ခွင် အလင်းဝင်ရောက် ခိုလူံလာခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်ကို ဆုကြေးငွေ ၃၅ သိန်း၊ ၁၀သိန်း၊ ၁၀သိန်း စသဖြင့် အသီးသီး ပေးအပ်ခဲ့ပြီး သူတို့ နေထိုင်လိုတဲ့ နေရာဒေသဆီ ပေးပို့ခဲ့တယ်လို့ Southern YSO PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမှာ ၁၅ ရက်အတွင်း ပေါ်တာဆွဲခံရသူ ၁၂၀ ကျော်အထိရှိလာ

မန္တလေးမှာ ၁၅ ရက်အတွင်း စစ်ကောင်စီရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူ  ၁၂၀ကျော်သွားပြီလို့  မန္တလေးသပိတ်အင်အားစုက  အသိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

“တရားဝင် လူသတ်လိုင်စင်” ပေးသည့် စစ်တပ်ရွေးကောက်ပွဲ အားပေးအားမြောက်သူများကို အရေးယူမည်ဟု KNU တပ်မဟာ ၃ ထုတ်ပြန်

အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို အားပေးကူညီသူတွေဟာ စစ်တပ်ကို “တရားဝင် လူသတ်လိုင်စင်” ပေးသူတွေဖြစ်တယ်လို့ KNU ညောင်လေးပင်ခရိုင် တပ်မဟာ (၃) က ဒီနေ့ စက်တင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။ 
Read More

DPLA လှုပ်ရှားနယ်မြေများမှာ ဒေသခံပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်လက်ကျန်ပစ္စည်းများနှင့် ပတ်သက်သည့် အသိပညာပေးမှုများ ပြုလုပ်ခဲ့…

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)/ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ရဲ့ လှုပ်ရှားနယ်မြေတွေမှာ ဒေသခံပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်လက်ကျန်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ အသိပညာပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေတာကြောင့် ဒီးမော့ဆို – ဖရူဆို – ထားလဲ ကားလမ်းကို အသုံးမပြုကြရန် ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ ထုတ်ပြန်ကြေညာ

ကရင်နီပြည်နယ်ကို အကြမ်းဖက်စစ်အုပ်စုက နေ့စဉ်နဲ့အမျှ စစ်ကြောင်းထိုးနေလို့ ဒီးမော့ဆို-ဖရူဆို-ထားလဲ ကားလမ်းပိုင်းပေါ်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အဆိုပါလမ်းပိုင်းကို ပြည်သူတွေ အသုံးပြုသွားလာတာတွေ မလုပ်ဖို့ ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွှေဘိုတွင် ရွေးကောက်ပွဲအတု လက်မခံကြောင်း လက်ဗွေနှိပ် ဆန္ဒပြ

အာဏာသိမ်းစစ်တပ် နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ ဟန်ပြကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို လက်မခံ ဆန့်ကျင်ကြောင်း လက်ဗွေနှိပ် ဆန္ဒပြတဲ့ လှုပ်ရှားမှုတစ်ခုကို စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။