စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မွှေနှောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၂၆ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီး ၁၃ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ M.D.F Drone Force ထံက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ် ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါ တယ်။ 

နယ်မြေအခြေအနေအရ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်မှုကို အတိအကျမသိရဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ဆင်ရေးကို စစ်ကိုင်းခရိုင်အမှတ် (၁) တပ်ရင်း အမှတ် (၃) တပ်ခွဲ ၊ မုံရွာခရိုင် ပကဖ ဒရုန်းလက်ရုံးတပ် ၊ Myaung Drone Force M.D.F ၊ ဗိုလ်စာကလေး Drone Strike ၊ အားမန်သစ် ( ငါးဇွန်) ၊ အောင်သပြေညီနောင် Local pdf ၊ peacock Drone Team (Myaung) နဲ့ Revolutionary Air Force (Myaung) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့ပြင်ရှိ ဆက်အင်းပြန့်ကျေးရွာအနီး အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပြင်ရှိ ဆက်အင်းပြန့်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကန့်ဘလူခရိုင်အတွင်း ဝါသဝဦးဆောင်တဲ့ ပျူစောထီးအဖွဲ့နဲ့ အကြမ်းဖက်စစ်သားပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် ကန့်ဘလူခရိုင် -တပ်ရင်း ၄ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်အတွင်း ဝါသဝဦးဆောင်တဲ့ ပျူစောထီးအဖွဲ့နဲ့ စစ်ကောင်စီတပ်ရဲ့ ခမရ ၃၆၁ အကြမ်းဖက်စစ်သားပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို ကန့်ဘလူ ခရိုင် တပ်ရင်း ၄ ထုတ်ပြန်ထားပါတယ်။
Read More

ဆီဆိုင်မြို့နယ်တွင် စစ်တပ်လက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ် မီးရှို့ဖျက်ဆီးနေ (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ရွာသစ်နဲ့ တပူးထိုကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ခရိုနီ နေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့စစ်တွေက မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဘေးအတွက် အလှူခံနေတဲ့ MNDAA တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ယနေ့ဧပြီ ၁ ရက် နံနက်ပိုင်းက ငလျင်ဘေးအတွက် အလှူခံ နေတဲ့ MNDAA တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့တွေ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်မြို့ ပင့်ကူတောင်ခြေရှိ ကျောက်တွင်းလုပ်ကွက်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်းအတွင်း TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ ပင့်ကူတောင်ခြေရှိ ကျောက်တွင်းလုပ် ကွက်ကို ဧပြီလ ၅ ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်း အကြမ်းဖက်စစ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၂ ရက် မနက်ပိုင်းက ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့ထံက သိရပါတယ်။