မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ င့ါသရောက်မြို့နယ်ခွဲ ရဲစခန်းကနေ တောင်ခမောက်ကျေးရွာသို့ စစ် ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ၂ ရက်တာ တိုက်ခိုက်ခံရပြီး ၅ ယောက်သေကာ စစ်သုံ့ပန်း ၂ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ Popa Production & Guerilla Force အဖွဲ့ထံက သိရပါတယ်။

ဧပြီ ၂၆ ရက် မနက်ပိုင်းက အင်အား ၁၂၀ ခန့်နဲ့ ငါ့သရောက်မြို့နယ်ခွဲ ရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ တောင်ခမောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းပစ်ကူရောက်ရှိလာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ဆုတ်ခွာပေးခဲ့ရပြီး 

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက တောင်ခမောက်ရွာအတွင်း ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂၈ ရက် မနက်ပိုင်းမှာလည်း တောင်ခမောက်ရွာကနေ ကျောက်ပန်းတောင်းမြို့နယ် ထောက်ရှာရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ဆက်လက်စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

၂ ရက်တာတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၂ ယောက် ဖမ်းဆီးမိခဲ့ပြီး ရဲတပ်ကြပ်အပါအဝင် စစ်ကောင်စီ တပ်သားအလောင်း ၅ ယောက် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း M.22  ၂လက်၊ Equipment ၁ ခု၊  လက်ပစ်ဗုံး ၃ လုံး၊ စ‌ကားပြောစက် ၄ လုံး၊ 7.62ကျည် ၈၀ နဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပုဂံပြည်ဘီလူးတပ်၊ (21)Bagan၊ မြင်းခြံခရိုင်တပ်ရင်း ၃၊ညောင်ဦးခရိုင်တပ်ရင်း ၅၊  ဒေါင်းရင်သွေးတပ်ဖွဲ့၊ ညောင်ဦးခရိုင် ပကဖ၊ မိုးမခ ပြောက်ကျားတပ်ဖွဲ့၊ ဂဠုန်ပြောက်ကျားတပ်

9.ရန်ကြီးအောင်တပ်၊ မန်းဘခိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Scorpions People Defend Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ကို မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၆ ဦးသေဆုံးပြီး စစ်သုံးပစ္စည်းအချို့သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း အင်အား ၄၀ ဝန်းကျင်ရှိတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၆ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ တပ်ရင်း ၃၅၀၄ - ရေတာရှည်မြို့နယ် အခြေစိုက်မှ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ရက်နေ့က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းအနောက်ဘက်ခြမ်းမှာ သီးစား တောင်သူတွေဆီ ငွေလာကောက်တဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လုံခြုံရေး တပ်ခွဲ (၂) ရဲ့တပ်ကြပ်ကြီး မြင့်လွင်ကို ရေတာရှည်မြို့နယ်အခြေစိုက်တပ်ရင်း-၃၅၀၄ က လက်ရအရှင်ဖမ်းဆီးခဲ့ပါတယ်။
Read More

မန္တလေးPDF ရဲဘော်များက လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းစကားပြောကြား (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ရင်းဌာနအသီးသီးရှိ စစ်သည်စစ်မေများက လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် အမှတ်တရ ဆုတောင်း စကားများ ပြောကြားခဲ့ကြပါတယ်။
Read More

ဘန်ကောက်မြို့မှာ ဆောက်လုပ်နေဆဲ တိုက်ပြိုကျမှု မြန်မာအလုပ်သမားများ ထိခိုက်မှုရှိနိုင် (ရုပ်/သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Chatuchak Area မှာ ဒီနေ့ နေ့လယ်ပိုင်းက လှုပ်ခတ်တဲ့ ငလျင်ကြောင့် ဆောက်လက်စ အဆောက်အအုံ ပြိုကျခဲ့ပြီး လုပ်ငန်းခွင်ရှိ မြန်မာအလုပ်သမားတွေ ထိခိုက်မှုရှိနိုင်တယ်လို့ သိရပါတယ်။
Read More

TRI ဗျူဟာ၏ အပတ်စဉ် (၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် SSNDF / KNDF B-102 ရဲဘော်များ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်မှာ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်နေတဲ့ SSNDF / KNDF B-102 ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံတွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ ရဲဘော်အသစ်များ ခေါ်ယူနေ (ရုပ်/သံ)

တောင်ပိုင်းစစ်ဒေသ ၊ အမှတ်(၃၂) ဗျူဟာ၊ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ တာဝန်ထမ်းဆောင်ဖို့ ရဲဘော်အသစ်တွေကို လက်ခံခေါ်ယူနေတယ်လို့ သိရပါတယ်။