စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၂၉ ရက် ဒီနေ့ ​နေ့လယ်ပိုင်းမှာ က​လေးဝမြို့နယ်ရှိ ကျွဲနန်၊ ဆင်​ခေါင်းနဲ့ ဂဇက် ​ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက Y-12 ​လေယာဥ်နဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျွဲနန်နဲ့ ဂဇက်ရွာတွေက ဒေသခံပြည်သူတွေဖြစ်တဲ့ ၅၈ နှစ်အရွယ် အမျိုးသား ၁ ယောက်နဲ့ ၅၄နှစ်အရွယ် အမျိုးသမီး ၁ ယောက် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူ ၃ ယောက် ဒဏ်ရာရရှိခဲ့ပြီး​ နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကလေးဝမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မေလ တတိယအပတ်အတွင်း အလင်းဝင်လာသည့် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲ ၂၅ ဦးရှိ၊ စစ်သုံ့ပန်း ၉ ဦး အရှင်ဖမ်းမိ

နိုင်ငံတစ်ဝန်းမှာ မေလ တတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ဘက် ကူးပြောင်းအလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ ၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

အောက်တိုဘာ တစ်လအတွင်း စစ်အုပ်စုမှ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ စစ်သုံ့ပန်း ၁၂၅ ဦး အထိရှိ

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လတာအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ပူးပေါင်းလာသူနဲ့ လက်နက်ချ စစ်သုံ့ပန်း စစ်ကော်မရှင်တပ်သား အရေအတွက် ၁၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။
Read More

အင်းတော်မှာတိုက်ပွဲပြန်ဖြစ်ပြီး တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေ

အင်းတော်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၃ခုကို တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲတွေပြင်းထန်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

မော်လမြိုင်မှာ အိမ်ဆောက်ပိုင်ခွင့်မရှိသည့် လယ်ယာမြေဆိုပြီး စစ်ကောင်စီက အိမ်များကို ဖျက်ဆီးကာ အကွက်ရိုက် ပြန်ရောင်းစား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် ရပ်ကွက်တချို့မှာ အိမ်ဆောက်ပိုင်ခွင့်မရှိတဲ့ လယ်ယာမြေဟုဆိုကာ ပြည်သူပိုင်အိမ်တွေကို အတင်းအဓမ္မဖျက်ဆီးခဲ့ပြီးနောက် အဲဒီမြေကိုပဲ မြို့ကွက်သစ် ဖော်ထုတ်ရေး စီမံကိန်း ခေါင်းစဉ်နဲ့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ပြန်လည်ရောင်းစားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

NUG အစိုးရက အကျဉ်းသားနဲ့ အကျဉ်းသူ ၁၆၉ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်ပြု၊ ကျန်အကျဉ်းသား၊ အကျဉ်းသူတွေကို ထောင်ဒဏ် သုံးပုံတစ်ပုံ လျှော့ပေါ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အကျဉ်းသားနဲ့ အကျဉ်းသူ ၁၆၉ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး ကျန်တဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကို ထောင်ဒဏ် ၃ ပုံ ၁ ပုံ လျှော့ပေါ့ပေးလိုက်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ နှစ်သစ်ကူးနေ့ မနက်ပိုင်းမှာ အမိန့် ထုတ်ပြန်ထားပါတယ်။
Read More

မင်းကင်း CDM ဆရာဝန် ဒေါက်တာခင်သူသူလွင်အား အကြမ်းဖက်ဖမ်းဆီးမှု များစွာတုန်လှုပ်မိကြောင်း CDM Medical Network ထုတ်ပြန်

တော်လှန်ရေးမှာ ကျရာတာဝန်ထမ်းဆောင်ရင်း ပါဝင်အားဖြည့်ပေးနေတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေရဲ့ လူမှု ဘဝဟာ လုံခြုံမှုမရှိဘဲ အကြမ်းဖက်စစ်တပ်ရဲ့ ခြိမ်းခြောက်မှုကို နေ့စဉ်ကြုံတွေ့နေရတဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ သွေဖီကာ ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုကိုပါ ခံနေရတဲ့အပေါ် များစွာတုန်လှုပ်မိတယ်လို့ CDM Medical Network က ဒီနေ့ ထုတ်ပြန်ပါတယ်။