တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) စိုးမိုးထားတဲ့ ရှမ်းမြောက်ဒေသက နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်တွေက ပြန်လည် ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေတဲ့ နှစ်ဖက် အခြေအနေဟာ ရှေ့တိုးလိုက် နောက်ဆုတ်လိုက် ဖြစ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

စစ်ကောင်စီဟာ နောင်ချိုမြို့နယ်ကို တကျော့ပြန်သိမ်းပိုက်နိုင်ရေးအတွက် ပြီးခဲ့တဲ့ မတ်လ ကုန်ခါနီးကတည်းက စစ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်စတင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ တောင်ခမ်းကျေးရွာအနီးက မဲပုတ်ကျေးရွာကို ပြန်လည် သိမ်းပိုက်ထားနိုင်တယ်လို့ ကနဦး သိရပါတယ်။

“TNLA က ဆုတ်ပေးလိုက်ရတဲ့ အနေအထားလားဆိုရင်တော့ ဟုတ်တယ်။ ဒါပေမယ့် အခုက TNLA နဲ့ ပူးပေါင်းတပ်တွေက စုဖွဲ့ပြီးတော့ ပြန်တိုက်နေတယ်ပေါ့နော်။ တောင်ခမ်းလို့သာ အလွယ်ပြောကြတာ။ ရွာတွေက အများကြီးပဲ။ တောင်ခမ်းတပ်နယ်ထဲမှာမှ မဲပုတ်ဘက်မှာ ထိတွေ့နေတာလည်း ရှိတယ်။ နောက်ပြီးတော့ ယာပြင်ဘက်မှာလည်း ရှိပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ TNLA ရဲ့ ပင်မကုန်းဖြစ်တဲ့ ပွိုင့် ၁၂၇၉ ကုန်းကို ရအောင် တိုက်နေတာဖြစ်ပြီး TNLA ကလည်း တခြားဒေသတွေမှာ စစ်မျက်နှာတွေ ဖွင့်တာရှိနေတာကြောင့် အခြေအနေတွေက အရမ်းကို ရှုပ်ထွေးနေတယ်လို့ သူကဆိုပါတယ်။

“အရင်တုန်းကတော့ တောင်ခမ်းဟာ ခံစစ်သေ။ အခုက လှုပ်ရှားခံစစ်ကနေ ထိုးစစ်ပြန်ဆင်လာတဲ့ အနေအထားမျိုးပေါ့။ ခြုံပြောရရင်တော့ သူတက် ကိုယ်ဆုတ်… သူဆုတ် ကိုယ်တက် အဲ့လို အခြေအနေပါပဲ” လို့ ဆိုပါတယ်။

အခု နောင်ချိုဒေသကို ရောက်ရှိနေတဲ့ စစ်ကောင်စီအင်အားဟာ တပ်မ ၁၁ တပ်တွေနဲ့ တပ်ပျက်ပြီး ပြန်လည်စုဖွဲ့ထားတဲ့ တပ်တွေလည်း ပါဝင်နေတာကြောင့် အင်အား ၁၀၀၀ ကျော်လောက် ရှိနေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ဧပြီလကုန်အထိ အပစ်ရပ်မယ်လို့ ဟန်ပြကြေညာထားပေမယ့် လက်တွေ့မှာ နောင်ချိုဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေခဲ့ပါတယ်။ ဧပြီလ ၂၄ ရက်နေ့တုန်းကလည်း နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံး ၂၇ လုံးနဲ့ အဆိပ်ငွေ့ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ MNDAA ထံ လက်လွှတ်ထားရတဲ့ လားရှိုးမြို့မှာ တရုတ်အစိုးရရဲ့ ကြားဝင်ကူညီပေးမှုကြောင့် ပြန်လည်ခြေချနိုင်ခဲ့ပြီးနောက် TNLA ထိန်းချုပ်ရာ နောင်ချိုကိုလည်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

သံလွင်မြစ်ရေတက်လာတာကြောင့် ဘားအံမြို့ပေါ် ရပ်ကွက်တွေမှာ ရေကြီးနစ်မြုပ်နေ

ဝီဖာမုန်တိုင်းအရှိန်ကြောင့် သံလွင်မြစ်ရေတက်လာကာ ကရင်ပြည်နယ်၊ ဘားအံမြို့က မြို့ပေါ်ရပ်ကွက်တွေထိပါ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေတယ်လို့ဒေသခံတွေထံက သိရပါတယ်။
Read More

ပူတာအိုကို ထိုးစစ်ဆင် တိုက်ခိုက်တော့မယ်လို့ KPF အသိပေး

ပူတာအိုဒေသမှာ မကြာခင် ရာနှုန်းပြည့် ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်လို့ ပြည်သူတွေအားလုံး အထူးသတိပြုပြီး ကြိုတင်ကာကွယ် ပြင်ဆင်ကြဖို့  ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် (KPF) က ဇန်နဝါရီ ၁၆ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ 
Read More

မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်၏ တပ်စိတ်ကို ဝင်ရောက်ပစ်ခတ်၊ စစ်သား ၁ ဦးသေပြီး သေနတ် ၁ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ တပ်စိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ယောက်သေပြီး သေနတ် ၁ လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တန့်ဆည်က စစ်ကောင်စီတပ်သား ၂ဦး ဗျူဟာ-၅၂ ၊ ပေါ်ဦးစစ်ကြောင်းသို့ လက်နက်ခဲယမ်း ကိုယ်စီနှင့် ခိုလှုံ

စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့အခြေစိုက် ခမရ ၃၆၁ တပ်တွင်းက စစ်ကောင်စီတပ်သား ၂ယောက် လက်နက်ခဲယမ်းကိုယ်စီနဲ့ အလင်းဝင်ရောက်လာကြောင်း ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင် ဒီဇင်ဘာတစ်လအတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၁၄) ကြိမ်ထိ ပြုလုပ်ခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၁၄) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ သံဃာတော်တွေအပါအဝင် အရပ်သားပြည်သူ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ Wetlet Information Network ကဒီနေ့ ဇန်နဝါရီ ၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြဝတီမှာ လူငယ်များကို ပေါ်တာဆွဲပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းနေ

အကြမ်းဖက်စစ်တပ် ပြန်လည်အုပ်ချုပ်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တစ်ယောက်ကို သိန်း ၁၀၀ နဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။