စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဧပြီလ တစ်လအတွင်း လူ ၅ ယောက် သေဆုံးခဲ့ပြီး ထိခိုက်သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ကလေးငယ်တွေ အပါအဝင် PDF တပ်ဖွဲ့ဝင်တွေနဲ့ သက်ကြီးပိုင်းတွေ ပါဝင်ခဲ့တယ်လို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဧပြီလ ၁၆ ရက်၊ သင်္ကြန်အတက်နေ့ညပိုင်းမှာ စစ်ကောင်စီက မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာကို ဂျက်ဖိုက်တာနဲ့ စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲ့ဒီနောက် ဧပြီလ ၁၉ ရက်နေ့မှာ မြင်းမူမြို့နယ်၊ ကန်တော်ကျေးရွာကို တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ဂျက်ဖိုက်တာ၁စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် PDF တပ်ဖွဲ့ဝင်၂ ယောက် နဲ့ အရပ်သား ၃ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၈ယောက်ရှိခဲ့ကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဧပြီလ ၂၇ ရက် ညနေပိုင်းမှာလည်း မြင်းမူမြို့နယ် ခြေရာတော်ရွာ အနောက်ဘက် တောထဲတစ်နေရာကို စစ်ကောင်စီက တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာ၁စီးနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ရင်း ရော့ကတ်တွေနဲ့ပါ ပစ်ခတ်သွားကြောင်း သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း ကလေးငယ် ၁ ယောက်နဲ့အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

“မြင်းမူမှာ ဒီတစ်လထဲ စကစ လေကြောင်းတိုက်လို့ သေဆုံးသူ ၅ ယောက်နဲ့ ထိခိုက်ဒဏ်ရာရတဲ့သူ ၁၀ယောက် ရှိပါတယ်။ ဒဏ်ရာရတဲ့ ၁၀ယောက်ထဲမှာလည်း ၅ ယောက်က ဒဏ်ရာပြင်းတယ်လို့ သိရတယ်။ သေဆုံးတဲ့အထဲမှာ အသက်၇၀အရွယ် အဘိုးအပါအဝင် ၃ နှစ်အရွယ် ကလေးမလေးပါပါတယ်။ PDF ရဲဘော်တွေလည်း ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ထဲမှာတော့ ၅ နှစ်အရွယ် ယောကျ်ားလေးနဲ့ ၉ နှစ်အရွယ် မိန်းကလေးပါတယ်လို့ သိရတယ်” လို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေအပြင် ထီးဆောင်းရွာအထိုင်တပ်နဲ့ ဘိုးမင်းကြီးကင်းရွာ မြောင်လမ်းခွဲအထိုင်တပ်တွေကနေ အနီးအနားကျေးရွာတွေဆီ နေ့တိုင်းလိုလို လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်လာတယ်လို့လည်း သိရပါတယ်။

“ဒေသခံတွေက ထိတ်လန့်နေတာဗျ။ စကစအထိုင်နဲ့ နီးတဲ့ ဒေသခံတွေဆို ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ တိုက်ပွဲလည်းမရှိတော့ သက်သက်မဲ့ ပြည်သူကို ဒုက္ခပေး ခြိမ်းခြောက်ချင်လို့ပဲ ယူဆတယ်ဗျ။ပြည်သူတွေခမျာ နေ့ဘက်တွေဆို ကိုယ့်အိမ်အလုပ်၊ တောအလုပ်တွေလုပ်ပြီး ညဆိုတာနဲ့ စကစ စစ်ကြောင်းထိုးမှာကြောက်လို့ ဘေးလွတ်ရာတွေသွားပြီး ရှောင်​တိမ်းအိပ်နေကြရတယ်။ ၈ရွာလောက်ရှိမယ်။ စစ်ရှုံးမယ့်သူက သူစစ်ရှုံးခါနီးလေ ပိုပြီးယုတ်မာ၊ အကြမ်းဖက်လေလေပဲပေါ့။ ဒါပေမယ့် ကျနော်တို့ပြည်သူတွေ အားတင်ထားပါ။ မကြာခင် အနိုင်ရတော့မှာပါ” လို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

 

0 Shares:
You May Also Like
Read More

တီးတိန်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား (၂) ဦး ခဲယမ်းအချို့နှင့် အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ CDF Civic Defense Militia - Siyin က ထုတ်ပြန်ထားပါတယ်။
Read More

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဦး /ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDF/DSNDA) ရဲ့ အပတ်စဉ်(၃) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အာဏာသိမ်း ၃ နှစ်ခွဲကျော်အတွင်း အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၃၂၀ ကျော်အထိရှိလာ

စစ်တပ်က အာဏာသိမ်းထားတဲ့ ၃ နှစ်ခွဲကျော်ကာလအတွင်း အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ် ၃၂၀ ကျော် ဖြစ်ပွားခဲ့ပြီး  အရပ်သားပြည်သူ ၃၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း ညဏ်လင်းသစ် သုတေသနအဖွဲ့ ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
Read More

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF-KK) က ဦးစီးကျင်းပသည့် (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံသတင်း)

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF-KK) က မတ်လ ၁၃ ရက်မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ဦးစီးကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်တွင် စစ်တပ်ရိက္ခာပို့စစ်ကြောင်းမှ စစ်မှုထမ်း ၁ဦး သေနတ်နှင့်ကျည်များ ယူဆောင်ကာ ထွက်ပြေးခိုလှုံ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရိက္ခာပို့လာတဲ့ တပ်မ (၉၉) စစ်ကြောင်းက စစ်မှုထမ်းတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ထွက်ပြေးခိုလှုံလာတယ်လို့ TYK ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပုသိမ်မြို့ အကြမ်းဖက် တိုင်းစစ်ဌာနချုပ်က သေဆုံးစစ်သားတွေကို ရွှေမြင်တင် မီးသဂြိုလ်စက်မှာ တိုးတိုးတိတ်တိတ် သဂြိုလ်ပေးနေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ သေတဲ့ အကြမ်းဖက်စစ်သားအလောင်းတွေကို ရွှေမြင်တင် မီးသဂြိုလ်စက်မှာ တိတ်တဆိတ် လာရောက်သဂြိုလ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။