အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး လူငယ်တွေနဲ့ မိသားစုဝင်တွေကို ခြိမ်းခြောက် အကြပ်ကိုင် စစ်မှုထမ်းခိုင်းတာဟာ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ “အဓမ္မစစ်မှုထမ်းစေခြင်း – မြန်မာနိုင်ငံရှိ အတင်းအကျပ် စစ်မှုထမ်းစေခြင်း၏ လက်တွေ့အခြေအနေများ” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အတင်းအကြပ် စစ်မှုထမ်းစေခိုင်းနေတာတွေဟာ အဓမ္မလုပ်အား ခိုင်းစေတာနဲ့ လူကုန်ကူးမှု ကျူးလွန်တာတွေ ဖြစ်တဲ့အပြင် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes against humanity) မြောက်ကြောင်း သုံးသပ်နိုင်တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဆိုပါတယ်။

စစ်ကောင်စီရဲ့ အတင်းအကြပ် စစ်မှုထမ်းစေခိုင်းခံခဲ့ရတဲ့ လူငယ်တွေရဲ့ ထွက်ဆိုချက်တွေအရ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျုးလွန်နေတဲ့ စစ်အုပ်စုဟာ လူငယ်တွေကို နေအိမ်တွေ၊ လုပ်ငန်းခွင်တွေနဲ့ စစ်ဆေးရေးဂိတ်တွေမှာ စီမံချက် ချမှတ် ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ တစ်နေ့တစ်ခြား စစ်သည်အင်အား လျော့နည်းလာမှုနဲ့ ဘက်ပြောင်း လက်နက်ချတာတွေ အဆမတန် များပြားလာမှုတွေကို အစားထိုး ဖြေရှင်းနိုင်ဖို့အတွက် အမည်ခံ “ပြည်သူ့စစ်မှုထမ်း ဥပဒေ” ကို ဗျူဟာတစ်ရပ်အဖြစ် ချမှတ်ကျင့်သုံးကာ လူငယ်တွေနဲ့ မိသားစုတွေကို ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်းအပြင် အတင်းအကြပ် အကြမ်းဖက်ခေါ်ဆောင်တဲ့ နည်းလမ်းတွေကို သုံးပြီး စစ်သားစုဆောင်းနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့ လူငယ်တွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေး သူငယ်တွေအပြင် စစ်မှုထမ်းဖို့ မသင့်လျော်နဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းမသန်စွမ်းသူတွေ ပါဝင်ကြောင်း တွေ့ရှိရသလို စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေရဲ့ နာမည်စာရင်း ကောက်ယူပြီး မိသားစုဝင်တွေဆီ ငွေညှစ်တောင်းခံတဲ့ ဖြစ်ရပ်တွေလည်း တွေ့ရကြောင်း NUG ဝန်ကြီးဌာနက ဆိုပါတယ်။

ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မစစ်မှုထမ်းခိုင်းနေတဲ့ လုပ်ရပ်တွေ အမြန်ဆုံးရပ်တန့်နိုင်ဖို့အတွက် ထိရောက်တဲ့ စီးပွားရေး ပိတ်ဆို့မှုနဲ့ လေယာဉ်ဆီ အပါအဝင် လက်နက်တွေ တင်ပို့ရောင်းချမှုကို ပိတ်ပင်တာတွေ ချက်ချင်းလုပ်ဆောင်ဖို့ NUG က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်းနိုင်ငံတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ အဓမ္မစစ်သား စုဆောင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ လူငယ်တွေကို လူသားချင်းစာနာတဲ့ မူဝါဒကို အခြေခံပြီး စောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးဖို့ အထူးတိုက်တွန်းကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးအလုံး ၂၀ ခန့် လေကြောင်းတိုက်ခိုက်

မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီက ဗုံးအလုံး ၂၀ ခန့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ အပြစ်မဲ့အရပ်သား ၁ ယောက် ခေါင်းကို ဗုံးမှန်​သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကျွန်းခုံသာရွာသား ၁ ယောက် ခေါင်းကို ဗုံးထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၅ ရက် ဒီနေ့မွန်းလွဲပိုင်းက ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊…
Read More

ဖေဖော်ဝါရီလအတွင်း နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၆ ဦး စစ်ကောင်စီကြောင့် သေဆုံးခဲ့ရ

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့ရတယ်လို့မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က မတ်လ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က ရဲဘော်တွေကို ဒေသခံပြည်သူလူထုက ကြိုဆိုဂုဏ်ပြုခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ (ဝက်လက်) က ရဲဘော်တွေကို အောက်တိုဘာလ ၂၈ ရက်မှာ ဒေသခံပြည်သူလူထုက ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အကြမ်းဖက် စစ်အာဏာရှင်လက်ထက် ကျောင်းတွင်းအကြမ်းဖက်မှုများ ပိုမိုဖြစ်ပေါ်လာ၊ “ကျမတို့ခေတ်က အဲ့လိုအခြေအနေတွေနဲ့ မကြုံခဲ့ရဘူး။ ကလေးတွေက စရိုက်ကတော့ အစုံရှိကြတယ်။ ဆိုးကြတယ်။ မရိုင်းကြဘူး”

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ မတရားအာဏာလု အုပ်ချုပ်နေတဲ့ လက်ရှိအချိန်မှာ  ကျောင်းသားကျောင်းသူအချင်းချင်း အကြမ်းဖက်မှုတွေ ပိုမိုကျယ်ပြန်လာတယ်လို့ ပညာရေးအသိုင်းအဝိုင်းနဲ့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။
Read More

ဟန်ပြအပစ်ရပ်သက်တမ်း (၁) လ တိုးထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်တွင် လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးဖြင့် ဆက်လက်တိုက်ခိုက်နေ

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မေလ ၆ ရက်ကနေ ၃၁ ရက်အထိ အပစ်ရပ် သက်တမ်း (၁)လ ထပ်တိုးထားပေမယ့် တအာင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေတွေမှာ မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနဲ့ လေကြောင်း အသုံးပြုတိုက်ခိုက်ခြင်းတွေ နေ့စဥ် ပြုလုပ်နေတယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။