ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်ရေးအတွက် အင် အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားလျက်ရှိတယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ် (၁) ထံက သိရပါတယ်။

ဒီနေ့ ဧပြီ ၂၈ ရက် မနက်ပိုင်းကစတင်လို့ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ခမရ ၄၂၂ တပ်စခန်းကနေ တစ်လတာအတွင်း ဒုတိယကြိမ်အဖြစ် အင်အား ၃၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေး မဟာမိတ်ပေါင်းစုတွေနဲ့ တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြားသေဆုံးမှုကြောင့် ဖယ်ခုံ၊ လွိုင် ကော်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးပါတယ်။ ဒါ့အပြင် တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်လျက်ရှိနေပြီး မိုးဗြဲမြို့ လူနေအိမ်အဆောက်အအုံ အများအပြားပျက်စီးခဲ့ရကာ တော်လှန်ရေးတပ်တွေရဲ့ ကာကင်း စခန်းတစ်ခု လက်လွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

လက်နက်ကြီးစက်ကူပေးမှုကြောင့် တော်လှန်ရေးရဲဘော် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ယောက်မှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

ဧပြီ ၂၇ ရက် မနေ့ကလည်း ခမရ ၄၂၂ တပ်စခန်းက အင်အား ၁၀၀ ကျော်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ ၁ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချင်းကာကွယ်ရေးတပ် – အရှိုရဲ့ ရဲဘော်တွေကအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး သစ္စာရေ သောက်ခြင်း အခမ်းအနား…

ချင်းကာကွယ်ရေးတပ် - အရွို (CDF -Asho) က ရဲဘော်သစ်တွေ ကျမ်းသစ္စာကျိန်ဆိုပြီး သစ္စာရေ သောက်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဇန္နဝါရီလ ( ၁၀ ) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူများ ငလျင်ကပ်ဘေးအန္တရာယ် ကျရောက်နေချိန် နောင်ချိုကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မြန်မာနိုင်ငံမှာ ပြည်သူတွေ ငလျင်ကပ်ဘေးအန္တရာယ်ရဲ့ နောက်ဆက်တွဲတွေ ခံစားနေရချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကောလင်းခရိုင်တပ်ရင်း ၂ ဆီ လက်နက်နဲ့ အလင်းဝင်လာသူတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့တွင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၂ ထံ လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းကွန်းဒေသ၊ နဂါးပတ်တောင်ကျောင်းတိုက်တွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ အလောင်း ၄ လောင်း၊ စစ်သုံ့ပန်း ၄ ဦးနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ မင်းကွန်းတောင်ရွာရှိ နဂါးပတ်တောင်ကျောင်းတိုက်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းစစ်တပ် ရိုက်နှက်လို့ မြန်မာအမျိုးသားတစ်ယောက် သေဆုံးခဲ့

၂၀၂၄ ခုနှစ်အစောပိုင်းက ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာအမျိုးသားတစ်ယောက်ကို ထိုင်းစစ်တပ်က သေတဲ့အထိ ရိုက်နှက်ခဲ့ကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စွပ်စွဲထားပါတယ်။
Read More

ကြို့ပင်ကောက်ကရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့နေ

ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။