ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အလယ်ကုန်းအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး စိုးဝင်းဟာ ရွာခံတွေကို စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က သတင်းထုတ်ပြန်ပါတယ်။

မနေ့က ဧပြီလ ၂၆ ရက် ညနေ ၄ နာရီခွဲအချိန်မှာ အဆိုပါ အုပ်ချုပ်ရေးမှူးဖြစ်သူကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ်ခွဲ ၂ နဲ့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ကန့်လန့်ကုန်းရွာထိပ် လမ်းပေါ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

“သူက ရွာထဲမှာဆိုလည်း လူငယ်အချင်းချင်း စကားများတဲ့ အမှုလောက်ကို ပိုက်ဆံမရှိတဲ့လူကျ စစ်မှုထမ်းထဲ တန်းထည့်လိုက်တာရှိတယ်၊။ ပြီးတော့ ငွေကောက်တာလည်း တော်တော်ဆိုးပါတယ်။ ကျနော်တို့ကို လာတိုင်တာ ခဏခဏပဲ” လို့ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ရှင်းလင်းခံရတဲ့ အုပ်ချုပ်ရေးမှူး စိုးဝင်းထံက ဓားမြောင် ၁ချောင်း၊ ငွေသားကျပ် ၆၀၀၀၀၊ ဆိုင်ကယ် ၁စီး၊ စည်းတံဆိပ်တုံး ၂ခု၊ စစ်မှုထမ်းရမယ့် အမည်စာရင်းပါ စာရွက်စာတမ်းတွေ အပါအဝင်အခြားစာရွက်စာတမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူး စိုးဝင်းဟာ စစ်မှုထမ်းကြေးဆိုပြီး ပြည်သူတွေထံက ငွေကြေး အတင်းအကြပ် ကောက်ခံခြင်း၊ စစ်မှုထမ်းဖို့ အမည်စာရင်းပါသူတွေထံက ငွေကြေး အဆမတန် တောင်းခံခြင်း၊ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် စုဆောင်းခြင်း၊ လူငယ်တွေကို လက်ထောက်ချ ပေါ်တာဆွဲခိုင်းခြင်းတွေ လုပ်ဆောင်နေတာကြောင့် အခုလို အရေးယူရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသည့် အုပ်ချုပ်ရေးမှူး စိုးဝင်းနှင့် သိမ်းဆည်းရရှိသည့် ပစ္စည်းများ (ဓာတ်ပုံ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃)

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို အပစ်ရပ်ထားသည့် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅ဝ)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅ဝ) ဗုံး (၁) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြော်ထွက်ဝယ်ရင်း ပေါ်တာဆွဲခံခဲ့ရသူ ပြန်လည်အလင်းဝင်လာပြီး စစ်ကောင်စီကို ပြန်တိုက်ဖို့ ဆန္ဒရှိနေ

"သူကတော့ နေရပ်ကို ပြန်ရင် ပြန်ဆွဲခံရမှာကြောက်လို့ ဒီမှာပဲနေပြီး စကစကိုပြန်တိုက်မယ် ပြောပါတယ်။ အသက်က ၁၉နှစ်ပဲရှိပါသေးတယ်။ နောက်ထပ်အလင်းဝင်လိုတဲ့သူတွေလည်း ကျနော်တို့ကိုဆက်သွယ်ပါ။ ရအောင်ခေါ်ထုတ်ပေးပါမယ်" လို့ Golden Target Force အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

မန္တလေးမြို့က မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို တော်လှန်လူငယ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာအသုံးပြုတဲ့ အလေ့အကျင့်ရှိဖို့ လိုပြီလို့ မီးမှန်မှန် မပေးနိုင်တဲ့ စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော

စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာစနစ် အသုံးပြုတဲ့ အလေ့အကျင့်ကို လုပ်ကြဖို့ စစ်အာဏာသိမ်း ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။  
Read More

ကင်းပုန်းဝပ်ဖို့ ထွက်လာသည့် စစ်ကော်မရှင်တပ်သား ၅ ဦး တိုက်ခိုက်ခံရပြီး ၃ ဦး သေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ စစ်ကိုင်း-မုံရွာလမ်းမပေါ် ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

လားရှိုးမြို့ကို စစ်ကောင်စီတပ် တစ်ရက်အတွင်း ၂ ကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူတစ်ယောက် ဒဏ်ရာရပြီး ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။