တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက သကျက်ကျေးရွာအုပ်စုအတွင်း စက်တင်ဘာလ ၁၁ ရက်မှာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျွဲထိန်းကုန်းကျေးရွာအတွင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာနေ ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ (၁၂) ရက်က အကြမ်းဖက်စစ်ကောင်စီတပ်က ကွင်းသစ်ကျေးရွာအတွင်း ဒရုန်းနဲ့ ဗုံး (၂) လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ရာ ကျေးရွာက နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ပြီး လက်ရှိအချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေအနေနဲ့ ကျွဲထိန်းကုန်း၊ ဆင်ခေါင်း၊ ၅ မိုင်၊ ၆ မိုင် ၊ ဘန်လော ၊ ဘန်သင်နဲ့ သကျက်ကျေးရွာအုပ်စုတို့အတွင်း ဝင်ရောက်လှုပ်ရှားနေတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားကာ ကျေးရွာတွေ အတွင်းနဲ့ လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်တွေအတွင်း ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လက်နက်ကြီးတွေ ပစ်ခတ်ခြင်း၊ လေကြောင်းကနေ တိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူလူထုအနေနဲ့ ထိတ်လန့် ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသလို အခြေခံ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေရာထိုင်းခင်းတို့အတွက် အမိုးအကာတွေ လိုအပ်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ − အကြမ်းဖက်စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ
0 Shares:
You May Also Like
Read More

ရေကြည်မြို့နယ်မှာ တော်လှန်ရေးအမည်ခံ ခြိမ်းခြောက်ငွေတောင်းစာတွေကို သတိထားကြဖို့ ရေကြည် ပကဖ ပြော

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နာမည်ကို အသုံးပြုပြီး  အကြမ်းဖက်စစ်တပ် အသိုင်းအဝိုင်းက အလှူခံပို့စ်တွေ၊ ပြည်သူလူထုအပေါ် ခြိမ်းခြောက်စာတွေကို လူမှုကွန်ရက်ကတဆင့် ဖြန့်ဝေမှုတွေ လုပ်ဆောင်နေကြောင်း ရေကြည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးအိုးဘို အကျဉ်းထောင် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသား (၇)ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း PPNM ထုတ်ပြန်…

“ဒရုန်းကြဲတဲ့ အဖွဲ့ကို ကျွန်တော်တို့ အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီက ကြဲတာလား… တော်လှန်ရေးအင်အားစုတွေက ကြဲတာလား ဆိုတာကို တိတိကျကျ ပြောဖို့ အခက်အခဲရှိပါတယ်၊ ကျွန်တော်တို့ အချက်အလက် ရရင်တော့ တရားဝင်ထုတ်ပြန်မှာ ဖြစ်ပါတယ်။ ဒရုန်နဲ့ကိုမှ Drop ဗုံးချခဲ့တာ ဖြစ်ပါတယ်” လို့ PPNM မှ ကိုသိုက်ထွန်းဦးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားအမျိုးသမီး ၃၀၉ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားအမျိုးသမီး ၃၀၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မျက်နှာပန်းလှအောင် လုပ်တဲ့ စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်း တကယ်ရော လွတ်ငြိမ်းဟုတ်ရဲ့လား

အာဏာသိမ်းစစ်အုပ်စုက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ ရာဇသတ်ကြီးပုဒ်မ (၅၀၅-က) နဲ့ ကြားနာစစ်ဆေးနေဆဲ အမှုတွေကို ပိတ်သိမ်းဖို့ မနေ့က ည ၈ နာရီ သတင်းမှာ ကြေညာပြီးနောက် ဒီနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ၅၀၅ (က) နဲ့ ပြစ်ဒဏ်ကျခံနေရသူတချို့ကို မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်တွေကနေ လွတ်ပေးခဲ့ပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မသန်စွမ်းဖြစ်ရတဲ့ အရပ်သားပြည်သူအရေအတွက် နေ့စဉ်တိုးလာနေ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက မသန်စွမ်းသူတွေဟာ စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို အဓိကခံစားနေရကြောင်း  ကုလသမဂ္ဂရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ 
Read More

“လေယာဉ်တစ်စီးနဲ့ မင်းတို့နဲ့ မလဲနိုင်ဘူး” ဆိုပြီး စစ်ကောင်စီ သူ့တပ်ဖွဲ့ဝင်တွေကို စွန့်ပစ်

အာဏာသိမ်းစစ်တပ်က လေယာဉ်ဆုံးရှုံးမှာစိုးလို့  လာရောက်ကယ်တင်ခြင်း မပြုလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ကျော်ကို ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) က စစ်သုံ့ပန်း စည်းကမ်းတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။