အပစ်ရပ်ထားတဲ့ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ တိုက်ခိုက်မှုတွေကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးရုံးက အသိပေးထုတ်ပြန်ပါတယ်။

ဧပြီလ ၃၀ ရက်နေ့အထိ အပစ်ရပ်ကြောင်း ဒုတိယအကြိမ် သက်တမ်းတိုးထားတဲ့ စစ်ကောင်စီက  လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှု အပါအဝင် စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ကုလကဆိုပါတယ်။

ငလျင်အတွက် ကူညီကယ်ဆယ်ရေးတွေ ထိရောက်ဖို့ နိုင်ငံတကာက နှစ်ဖက်တိုက်ပွဲတွေ ရပ်တန့်ဖို့ ဆက်တိုက်တောင်းဆိုနေချိန်မှာ အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေကို ထပ်တိုးလုပ်ဆောင်လျက်ရှိတယ်လို့ ပြောပါတယ်။

မတ်လ ၂၈ ရက်ကနေစပြီး ဧပြီလ ၂၄ ရက်အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၄၀ နဲ့ လက်နက်ကြီး ၂၄ ကြိမ် အပါအဝင် တိုက်ခိုက်မှုအနည်းဆုံး ၂၀၇ ကြိမ် ရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က အပစ်အခတ်ရပ်စဲကြောင်း စတင်ကြေညာတဲ့ ဧပြီ ၂ ရက်ကစပြီး ငလျင်ဘေးသင့်ဒေသတွေမှာ တိုက်ခိုက်မှုတွေ ၇၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။

အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ဆိုးရွားစွာ ထိခိုက်သေဆုံးနေရမှုကိုလည်း ကန့်ကွက်ရှုတ်ချကြောင်း ကုလက ထုတ်ပြန်ပြောဆိုပါတယ်။

0 Shares:
You May Also Like
Read More

တီမောလက်စတေးမှာ NUG အစိုးရ ဆက်ဆံရေးရုံး တရားဝင် ဖွင့်လှစ်၊” မြန်မာ့အရေးသည် ရွေးကောက်ပွဲကျင်းပရုံဖြင့် မဖြေရှင်းနိုင်”

တီမောလက်စတေးနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဆက်ဆံရေးရုံးကို တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
Read More

လက်နက်ချဖို့ ထရမ့်ရဲ့ပြောဆိုချက် အီရန်ခေါင်းဆောင် ပယ်ချ၊ အမေရိကန်ရဲ့ စွက်ဖက်မှုကြောင့် ပြန်ပြင်လို့မရအောင် ပျက်စီးဆုံးရှုံးနိုင်တယ်လို့ ဆို

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရချိန်မှာ အမေရိကန်က လက်နက်ချဖို့ ပြောဆိုလာမှုကို အီရန်ထိပ်တန်းခေါင်းဆောင်က ဗုဒ္ဓဟူးနေ့မှာ ပယ်ချလိုက်ပါတယ်။
Read More

တရားမဝင် မြန်မာလုပ်သားများကို မြန်မာစစ်တပ်ထံ ပြန်လည်မပို့ဆောင်ရန် ထိုင်းအစိုးရကို CRPH တောင်းဆို 

ထိုင်းအစိုးရအနေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်တပ်ထံ ပြန်မပို့ဘဲ NUG ၊ CRPH နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေထံ လွှဲပြောင်းပေးဖို့ CRPH နဲ့ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။
Read More

AA ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ပေးရန် အာဂျင်တီးနားတရားရုံးထံ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း တောင်းဆို

အာရက္ခတပ်တော် (AA) ရဲ့ ခေါင်း‌ဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်နဲ့ အမိန့်ပေးကွပ်ကဲမှုတွေမှာ ပါဝင်သူတွေကို ဖမ်းဝရမ်းထုတ်ပေးဖို့ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း (BROUK) က အာဂျင်တီးနား ဖက်ဒရယ်တရားရုံးကို တောင်းဆိုလိုက်တယ်လို့ စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ အားလုံးပါဝင် အကျုံးဝင်စေဖို့ အာဆီယံလိုလားဟုဆို

လာမဲ့နှစ် စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ အားလုံးပါဝင်အကျုံးဝင်စေဖို့ အာဆီယံအဖွဲ့ဝင်တွေအနေနဲ့ လိုလားမှာဖြစ်ကြောင်း ထိုင်းက စစ်ကောင်စီကို ပြောဆိုခဲ့တယ်လို့ ထိုင်းအရာရှိတွေက ဒီဇင်ဘာ ၂၁ ရက် သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
Read More

ဘုရားသုံးဆူက တရုတ်ငွေလိမ်ဂိုဏ်းတွေ နေရာပြောင်း

ထိုင်းနိုင်ငံကနေ လျှပ်စစ်ဓာတ်အား၊ လောင်စာနဲ့ အင်တာနက် ဖြတ်တောက်ပြီး ရက်ပိုင်းအကြာမှာ ဘုရားသုံးဆူက တရုတ်စီးပွားရေးလုပ်ငန်းတွေဟာ နေရာပြောင်းရွှေ့သွားတယ်လို့ ထိုင်းလုံခြုံရေးသတင်းရင်းမြစ်တွေက ပြောဆိုကြောင်း Bangkok Post က ဖေဖော်ဝါရီလ ၁၃ ရက်မှာ ရေးသားဖော်ပြထားပါတယ်။