အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ လက်အောက်ခံတပ်ဖွဲ့ဖြစ်တဲ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့  (SSTF) အပတ်စဉ် (၃) သင်တန်းဆင်းပွဲကို မတ်လ ၃၁ ရက်က လွတ်မြောက်နယ်မြေတစ်ခုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းကာလ ၄ လခန့် ကြာမြင့်ခဲ့ပြီး မြို့ပြစစ်ဆင်ရေးနဲ့ အထူးတိုက်ခိုက်ရေးစစ်ပညာရပ်တွေကို လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားကို ဒုတိယရဲချုပ်ထွန်းထွန်းဝင်းနဲ့အတူ နွားထိုးကြီး အမှတ်(၁၀) တပ်ရင်း မှူး ကိုစိုးအောင်၊ နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုသူရ၊ မိုးကုတ် ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ တာဝန်ခံ ကိုတွတ်ပီ၊ အမရပူရ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တာဝန်ခံ ကိုမိုးလွင်တို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းရွာအကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ စစ်ကြောင်း ၅ ကြောင်းခွဲ စခန်းသိမ်းတိုက်ပွဲဆင်နွှဲ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ မင်းရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကြောင်း ၅ ကြောင်း ခွဲကာ ဒီဇင်ဘာ ၇ ရက် မနေ့က မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ် ၆၀ ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

သထုံမြို့ နောင်ဘိုရွာအဝင်ဆိုင်းဘုတ်တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ‌နောင်ဘိုရွာအဝင်ဆိုင်းဘုတ်မှာ စစ်ကော်မရှင်က ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း စာရွက်တွေကပ်ပြီး ပြည်သူတွေကို အသိပေး နှိုးဆော်တဲ့ လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ လေကြောင်းက ကြဲချခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီး ပြည်သူတွေအနီးနားမှာ ရှိနေတဲ့အတွက် Tiger Dragon Revolution Force သွားရောက်တူးဖော်ရှင်းလင်းပေး (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ကြဲချခဲ့ပြီး မပေါက်ကွဲသေးဘဲ ကျန်ရှိနေတဲ့ ဗုံးသီးဟာ ပြည်သူတွေနဲ့ နီးစပ်တဲ့နေရာမှာ ရှိနေတာကြောင့် P 29909 - Southern Eagle PDF တပ်ရင်း၊ တပ်ခွဲ (၃) (Tiger Dragon Revolution Force) တပ်ဖွဲ့က သွားရောက်တူးဖော် ရှင်းလင်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဒီပဲယင်းမြို့ထဲ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်ရှင်းလင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ပေါ်မှာ အထိုင်ချတပ်စွဲပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force ထံက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ အန္တရာယ်ကွေ့စခန်းပတ်လည်မှာ ထောင်ထားတဲ့ မိုင်းကို KNDF/B-17 ရှင်းလင်း (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အန္တရာယ်ကွေ့စခန်းပတ်လည်မှာ ထောင်ထားတဲ့ မိုင်းကို KNDF/B-17 က တပ်ထိန်းလှမောင် ရှင်းလင်းနေတဲ့ ရုပ်သံဖိုင်တစ်ခုကို ကရင်အမျိုးသားများ ကာကွယ်ရေးတပ် KNDF/B-17 က ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ မျှဝေလိုက်ပါတယ်။
Read More

တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို PDF ရဲဘော်များ ကယ်ထုတ် (ရုပ်/သံ)

တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို PDF ရဲဘော်တွေက ကယ်ထုတ်နေကြတဲ့ ဗီဒီယိုဖိုင်ကို Budalin Defense Force မှ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိအကြမ်းဖက်စစ်တပ်က ဘုတလင်မြို့နယ် ဇီးတောရွာအတွင်း ဝင်ရောက်တပ်စွဲထားတဲ့အ တွက် ဘုတလင်မြို့နယ်ထဲက အရှေ့ကံ၊ ဇီးတော(န)ရွာ၊ သရက်တိုရိုးရွာ၊ ရွှေချောင်းလည်ရွာ စတဲ့ကျေးရွာတွေက ပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။ ဒီဇင်ဘာလအတွင်း ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသထဲက မြို့နယ် ၁၁ မြို့နယ်ထဲမှာ ဘုတလင်မြို့နယ်လည်း ပါဝင်နေပါတယ်။