အီတလီနိုင်ငံ ၊ရောမမြို့ ၊ ဗာတီကန်စီးတီး စိန့်ပီတာရင်ပြင်တွင် ကျင်းပခဲ့တဲ့ ကမ္ဘာ့ကက်သလစ်ဘာသာဝင်တွေရဲ့ အကြီးအကဲဖြစ်သူ ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပနအခမ်းအနားကို ကက်သလစ်ဘာသာဝင်တွေနဲ့ ဘုန်းတော်ကြီးတွေအပြင် နိုင်ငံပေါင်း ၁၅၀ က ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် တက်ရောက်ခဲ့တဲ့ စိန့်ပီတာရင်ပြင်မှာ ပြုလုပ်တဲ့ ဈာပနအခမ်းအနားကို ကက်သလစ်ရဟန်းအမတ် ၂၂၀ ၊ ဘုန်းတော်ကြီး အပါး ၇၅၀ နဲ့ သိက္ခာတော်ရဆရာတော် ၄၀၀၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အာဂျင်တီးနားနိုင်ငံသား ပုပ်ရဟန်းမင်းကြီးဟာ တနင်္လာနေ့က လေသင်တုန်းဖြတ်ပြီး သက်တော် ၈၈ နှစ် အရွယ်မှာ ကွယ်လွန်အနိစ္စရောက်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၃ ရက်အတွင်း ပုပ်ရဟန်းမင်းကြီးရဲ့ ရုပ်ကလာပ်ကို စိန့်ပီတာဘုရားရှိခိုးကျောင်းမှာ ပြင်ဆင်ပြသထားခဲ့ပြီး လူပေါင်း ၂၅၀၀၀၀ ခန့် လာရောက် ဂါဝရပြုခဲ့တယ်လို့ သိရပါတယ်။

တချိန်ထဲမှာပဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် စျာပန မကျင်းပခင် စိန့်ပီတာ ခန်းမတနေရာမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် နဲ့ ယူကရိန်းသမ္မတ ဇလန်စကီး တို့ တွေ့ဆုံ စကားပြောကြတယ်လို့ သိရပါတယ်။ ရုရှရဲ့ ယူကရန်းကျူးကျော်စစ်အပေါ် ဆွေးနွေးမယ်လို့ ယူဆတဲ့ အဆိုပါတွေ့ဆုံမှုကို ပြင်သစ်သမ္မတ မက်ခရွန်က ကြားဝင်စီစဥ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Photo- Vatican news/ Reuters
0 Shares:
You May Also Like
Read More

ထိုင်းယာယီဝန်ကြီးချုပ်က လွှတ်တော်ဖျက်သိမ်းရန် ထိုင်းဘုရင်ကို တောင်းဆိုထား

ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ် ရာထူးကနေ ဖယ်ရှားခံရပြီးနောက် ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဖွေထိုင်းပါတီက ဖူထန်ဝေချာယာချိုင်းက အောက်လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ ထိုင်းဘုရင်ဆီ တောင်းဆိုထားတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
Read More

သုညမှ စခဲ့သည့် တော်လှန်ရေး ပြည်သူများ၏ ကြံ့ကြံ့ခံနိုင်မှုကြောင့် အောင်မြင်နေ၊ တော်လှန်ရေးတပ်များ နယ်မြေ ၅၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်ထားနိုင်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

Asia Society က မတ်လ ၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ Myanmar/Burma 2025: Challenges and Opportunities ဆွေးနွေးပွဲကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စီပါရွာမှာ စစ်ကောင်စီ ကျူးလွန်တဲ့ ယုတ်မာရက်စက် သတ်ဖြတ်မှုတွေကို မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ကုလစင်မြင့်မှာ တင်ပြ

စစ်ကောင်စီ ရက်စက်ယုတ်မာခဲ့တဲ့ ဘုတလင် စီပါရွာ လူသတ်မှုဖြစ်စဉ်ကို ကုလသမဂ္ဂညီလာခံမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာကာသိအောင် တင်ပြခဲ့ပါတယ်။
Read More

ခက်ခဲဒုက္ခရောက်နေသည့် မြန်မာပြည်သူများကို ဖေးမကူညီမည်ဟု ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပြော

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြောက်ဦးဆေးရုံကို စစ်တပ် ဗုံးကြဲတိုက်ခိုက်မှု ကုလ ရှုတ်ချ၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများ လိုအပ်ဟု ထုတ်ပြန်

ရှေးဟောင်းယဥ်ကျေးမှုဇုန် မြောက်ဦးမြို့ရှိ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကို ကုလသမဂ္ဂအနေနဲ့ ရှုတ်ချကြောင်း ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

အိန္ဒိယ၏ အာသံရိုင်ဖယ်တပ် ပစ်ခတ်လို့ မြန်မာလက်နက်ကိုင် ၁၀ ဦး သေဆုံးဟု ဆို

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ချန်ဒဲခရိုင်၊ အိန္ဒိယ-မြန်မာနယ်စပ်အနီးမှာ စစ်သွေးကြွတွေလို့ အိန္ဒိယစစ်တပ်က ယူဆတဲ့ သံသယရှိသူ ၁၀ ယောက်ကို မေလ ၁၄ ရက် ဗုဒ္ဓဟူးနေ့က ပစ်သတ်ခဲ့ကြောင်းနဲ့ သူတို့တွေဟာ မြန်မာနိုင်ငံသားတွေဖြစ်နေကြောင်း မဏိပူရ်လုံခြုံရေးအရာရှိကို ကိုးကားပြီး အိန္ဒိယသတင်းက ဖော်ပြထားပါတယ်။