မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစ- ၁၃ ကို ဧပြီ ၂၅ ရက် ညပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Brave Warriors for Myanmar မှ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် ကပစ ၁၃ စက်ရုံထဲက Primer Workshop အတွင်းကို ရှော့တိုက်ဒုံး ၃လုံး ကျရောက်ပေါက်ကွဲခဲ့လို့ Chemical Shop တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး၊ ဂါလံ ၅၀၀၀ ဆန့် FO (File Oil) မီးထိုးဆီ သိုလှောင်ကန်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သေကြေဒဏ်ရာရရှိသွားတဲ့ အရာရှိနဲ့ စစ်သားတွေကို တဆရ ၁၆/၁၀၀ မကွေးသို့ ပို့ဆောင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကပစ ၁၃ စက်ရုံဟာ စစ်ကောင်စီရဲ့ အသက်သွေးကြောဖြစ်တဲ့ စစ်လက်နက်တွေ တပ်ဆင်ရာမှာ အရေးပါတဲ့ Primer (ဗုံးသီးအခွံ) တွေကို ထုတ်လုပ်တဲ့ စက်ရုံဖြစ်တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့မရဲစခန်းနဲ့ စစ်ကော်မရှင်တပ်သားတွေ အထိုင်ချထားတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့မရဲစခန်းနဲ့ စစ်ကော်မရှင်တပ်သားတွေ အထိုင်ချထားတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် လက်ရုံးတပ် ပ.က.ဖမှ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်က ဆားလင်းကြီးမြို့မရဲစခန်းနဲ့ စစ်ကော်မရှင်တပ်သားတွေ အထိုင်ချ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ရဲတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
Read More

သိန္နီမြို့ ဓာတ်ဆီဆိုင်မီးလောင်မှု ရဲဝန်ထမ်းအင်အား တစ်ဝက်နှင့် ငြှိမ်းသတ်ခဲ့ရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့မှာ ဒီနေ့ ဇူလိုင်လ ၂၄ ရက် မနက် ၁၁ နာရီခန့်က မြို့ဦးဓာတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ကိုးကန့်တပ် MNDAA သတင်းပြန်ကြားရေး The Kokang ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ချီဗွေမြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ် ချီမွေမြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတွေက တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စက်တင်ဘာ ၂၉ ရက်က ချီဗွေမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါ တယ်။
Read More

စစ်တပ်က ပြည်သူ့စစ်များကို လူသားဒိုင်းကာအဖြစ် အသုံးပြုနေကြောင်း အလင်းဝင် ပြည်သူ့စစ် ပြော (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ့စစ်တွေကို လူသားဒိုင်ကာအဖြစ် တိုက်ပွဲတွေမှာ အသုံးပြုနေတယ်လို့ ခလရ ၆၀ (ကျောက်ကြီး) မှ လက်နက်မဲ့ အလင်းဝင်ရောက်လာတဲ့ ပြည်သူ့စစ် ကိုဇော်မင်းခိုင်ရဲ့ ပြောကြားချက်ကို ပဲခူးခရိုင်၊ အမှတ် - ၂ တပ်ရင်း၊ P2-3702 က ထုတ်ပြန်ပါတယ်။
Read More

ကျေးရွာ မီးရှို့ဖျက်ဆီးနေသည့် သီးလုံးပျူစောထီးများ၏ ကင်းစခန်းဘန်ကာအား RPG ဖြင့် ပြန်ထု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ခြမ်း သီးလုံးပျူကင်းစခန်းဘန်ကာကို ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့ မနက်ပိုင်းမှာ RPG လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံက သိရပါတယ်။