ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ယောက် လိုက်ပါစီးနင်းလာတဲ့ မော်တော်ယာဥ် ၁ စီး ထိုင်းရဲ လိုက်ဖမ်းချိန် မောင်းပြေးရာက မြစ်ထဲကျပြီး ကားပေါ်ပါလာသူတွေ ဖမ်းဆီးခံရတယ်လို့ Khaosod သတင်းဌာနက သတင်းဖော်ပြထားပါတယ်။

တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို တင်ဆောင်လာတဲ့ အနက်ရောင်ပစ်ကပ်ကားဟာ ထိုင်းအာဏာပိုင်တွေရဲ့ လိုက်လံဖမ်းဆီးခံရမှုကြောင့် မောင်းပြေးရာမှ မြစ်ကမ်းစပ်မှာ ရေဆေးနေတဲ့ ကားတစ်စီးကို ဝင်တိုက်မိပြီး မြစ်ထဲထိုးကျသွားခဲ့ကာ ယာဉ်မောင်းကတော့ မြစ်ကို ဖြတ်ကူးထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
ကားပေါ်ပါလာသူ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် မြန်မာ ၁၉ ယောက်ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

အဆိုပါ မြန်မာနိုင်ငံသားများမှာ ရန်ကုန်မှလာ သူများဖြစ်ပြီးမှောင်ခိုသမားတွေကို တစ်ယောက် ဘတ် ၈၅,၀၀၀ နှုန်း ပေးကာ ဆန်ခလဘူရီခရိုင်နယ်စပ်ကတဆင့် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာတဲ့ အဆိုပါနိုင်ငံသားတွေဟာ ရန်ကုန်ကနေ လာရောက်သူတွေဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲက အသက်ပြည့်သူအားလုံးကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှုနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – Khaosod
0 Shares:
You May Also Like
Read More

ကလေးငယ် ၂ ဦး အပါအဝင် ရွှေ့ပြောင်းမြန်မာ ၁၁၀ ကျော် ကန်ချနဘူရီမှာ ဖမ်းဆီးခံရ 

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ၊ ထောင်ဖာဖုမ်မှာ မြန်မာပြည်ကနေ တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၁၁၀ ကျော်ကို အာဏာပိုင်တွေက စက်တင်ဘာလ ၁၆ ရက်မှာ ထပ်မံ ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Read More

မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသည့် ဂျပန် ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို NUG ကိုယ်စားလှယ် တက်ရောက်

ဂျပန်နိုင်ငံမှာ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးတဲ့ ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို ဂျပန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ် ဦးစောဘလှသိန်းနဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ သက်ဆိုင်ရာအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

မြန်မာ့လူ့အခွင့်အရေးပြဿနာကို နိုင်ငံရေးအသွင်ပြောင်းတာတွေ ကန့်ကွက်ကြောင်း တရုတ် ပြော

မြန်မာပြည်ရဲ့ လူ့အခွင့်အရေးပြဿနာတွေကို နိုင်ငံရေးအသွင်ပြောင်းတာတွေအပေါ် ကန့်ကွက်တယ်လို့ တရုတ်အရာရှိတစ်ယောက်က အင်္ဂါနေ့မှာ ပြောဆိုကြောင်း တရုတ်အစိုးရပိုင် Xinhua သတင်းက ဖော်ပြပါတယ်။
Read More

ဂျပန်လွှတ်တော်အမတ်များရုံးမှာ မြန်မာ့အရေး ဆွေးနွေးပွဲ ပြုလုပ်

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

သုညမှ စခဲ့သည့် တော်လှန်ရေး ပြည်သူများ၏ ကြံ့ကြံ့ခံနိုင်မှုကြောင့် အောင်မြင်နေ၊ တော်လှန်ရေးတပ်များ နယ်မြေ ၅၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်ထားနိုင်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

Asia Society က မတ်လ ၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ Myanmar/Burma 2025: Challenges and Opportunities ဆွေးနွေးပွဲကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရွှေကုက္ကိုလ် ကျားဖြန့်မြို့တော် စတင်ခဲ့သူ ရှီကျီကျန်းကို ထိုင်းအစိုးရ တရုတ်ထံ ပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ရွှေကုက္ကိုလ် ကျားဖြန့်မြို့တော် စတင်ရာ ငွေလိမ်ဂိုဏ်းခေါင်းဆောင် ရှီကျီကျန်းကို ထိုင်းအစိုးရက ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်မှာ တရုတ်အစိုးရထံ လွှဲပြောင်းပို့ဆောင်ပေးလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။