ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ရှောင်ထွက်ပြေးနေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်ကတည်းက လက်နက်ကြီးနဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေ ဘက်ကို ဦးတည်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

(ပုံအဟောင်းကို အသုံးပြုထားပါတယ်)
“လက်နက်ကြီး ပစ်တာက နေ့မနား၊ ညမနားပဲ အကြိမ်ရေ ၅၀ နီးပါးလောက်ရှိနေပြီ” လို့ မင်းလှ ပကဖအဖွဲ့ဝင် ရဲဘော်မိုးထက်က မောင်းသတင်းဌာနကို ပြောပါတယ်။

အခုလို လက်နက်ကြီး ပစ်ခတ်မှုတွေကို ခလရ ၁ တပ်ရင်း၊ ကျောက်တံခါးဘုရားကုန်း၊ တာကလေးရွာ၊ စစ်ကွင်းတာဆုံ စတဲ့ စစ်ကောင်စီတပ်စွဲရာ နေရာတွေကနေ ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဆင်အိုင်ချောင်းပေါက်ကျးရွာက စာသင်ကျောင်းတစ်ကျောင်း၊ ဆားထောင်းရွာမှ လူနေအိမ် ၃ လုံး ပျက်စီးထားပြီး ပြည်သူတချို့ကတော့ ဗုံးသီးအစမှန် (မစိုးရိမ်ရ) တဲ့ ဒဏ်ရာတွေ ရရှိထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကျောင်းရွာ၊ ရွေးကုန်း၊ ခွက်မ၊ စမ်းဘုတ်၊ ထောက်ကြန့်၊ ပက်တန်း၊ ဂန့်ဂေါ်ပင်၊ ဦးတိုကညင်ပင်၊ အင်ကြင်းကုန်းနဲ့ စမ်းတောင်ကွေ့ အုပ်စုတို့မှ ရွာပေါင်း၂၀ကျော်က ထောင်နဲ့ချီတဲ့ ပြည်သူတွေက စစ်ရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

“ဒါက ကျွန်တော်တို့ လက်လှန်းမှီသလောက် ပြုစုထားတဲ့ စာရင်းပဲ ရှိသေးတာ။ ထိခိုက်ဆုံးရှုံးမှုတွေက ဒီထက်လည်း ပိုများနေနိုင်ပါတယ်” လို့ ရဲဘော်မိုးထက်က ဆက်ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ မင်းလှမြို့နယ်အတွင်းကို အင်အား ၅၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပွားနိုင်တယ်လို့ သူက ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ကမ္မမြို့ပေါ်တွင် စစ်ကောင်စီတပ် ယာယီအထိုင်ချစဥ် ပိတ်ဆို့ထားသည့် လမ်းများကို ပြည်သူများနှင့်အတူ တော်လှန်ရေးတပ်များ ပြန်လည်ရှင်းလင်းပေးခဲ့ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ယာယီအထိုင်ချစဥ်က ပိတ်ဆို့ထားတဲ့ လမ်းတွေကြောင့် ပြည်သူတွေ အခက်အခဲတွေ့နေတဲ့အတွက် ပြန်လည်ရှင်းလင်းပေးခဲ့တယ်လို့ RED GIANT တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့တော်လှန်ရေး ရှိနေသရွေ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးကြီး အခန်းကဏ္ဍတစ်ခုအဖြစ် ဆက်ရှိနေမည်ဟု NUG ဝန်ကြီးချုပ် ပြော

ဘဝသက်တမ်းတစ်လျှောက်လုံး ပြည်သူလူထုနဲ့အတူ ရပ်တည်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့နွေဦးတော်လှန်ရေးနဲ့လည်း ထပ်တူ ရပ်တည်နေတာကို အခိုင်အမာ ယုံကြည်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။
Read More

အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်၊ နောင်တောကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ပြည်သူလူထု နေထိုင်ရာ နောင်တောကျေးရွာအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာချိန် မြို့ပြစစ်ဆင်ရေးများ အရှိန်မြှင့်လာသလို ပိုပြီးပြင်းထန်လာဖို့ရှိနေ

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ ရန်ကုန်မြို့ပြစစ်ဆင်ရေးတွေ ခပ်စိပ်စိပ်ပြန်ပေါ်လာသလို ဒီထက်ပိုပြီး အရှိန်မြှင့်သွားမယ်လို့လည်း  ရန်ကုန်ပြောက်ကျားတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မင်းလှမြို့နယ် ဇရစ်မျှောင်ရွာမှ အမျိုးသမီး ၅ ဦးအား စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဇရစ်မျှောင်ရွာက အမျိုးသမီး ၅ ယောက်ကို စစ်အုပ်စုက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပုလောမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီဆောင်ရွက်နေတဲ့ စစ်တပ်မိတ်ဖက် တစညပါတီဥက္ကဋ္ဌဖြစ်သူကို ဖမ်းဆီးရာ ခုခံသဖြင့် ရှင်းလင်းခဲ့ရဟုဆို

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာနယ်မြေအတွင်း စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီပေးနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဥက္ကဋ္ဌဖြစ်သူကို တော်လှန်ရေးရဲဘော်တွေက သွားရောက်ထိန်းသိမ်းဖမ်းဆီးရာ သေနတ်လုယူခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။