မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ထိန်ပန်းကျေးရွာကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ရာ အရပ်သားမိသားစု ၄ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ကြောင်း အညာဒေသတော်လှန်ရေးအင်အားစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဧပြီလ ၂၅ ရက် ဒီနေ့နေ့လယ်ပိုင်းမှာ မြင်းခြံမြို့နယ်၊ ထိန်ပန်းကျေးရွာကို စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာက ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ရာ နေအိမ်တွေထိခိုက်ပျက်စီးပြီး အရပ်သားမိသားစု ၄ ယောက် သေဆုံးပြီး စိုးရိမ်ရသူ ၁ ယောက်နဲ့ အခြားထိခိုက်သူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

“သေတာက ယောကျာ်း၂ ယောက်၊ မိန်းမ၂ ယောက် တစ်မိသားစုလုံးပါ။ ထိခိုက်ဒဏ်ရာရတဲ့ ၅ ယောက်မှာ ၁ ယောက်က စိုးရိမ်ရတယ်။ ကျနော်တို့ပဲ ကယ်ထုတ်ခဲ့တာပါ။ စာသင်ကျောင်းအပါ အိမ် ၈ လုံး ထိပါတယ်” လို့ အညာဒေသတော်လှန်ရေးအင်အားစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ကောင်စီက ထိန်ပန်းကျေးရွာအပြင် အညာဒေသတော်လှန်ရေးအင်အားစုရဲ့ စခန်းပတ်ဝန်းကျင်ရှိရာကိုလည်း ပွိုင့်ဖိုက်စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့သလို လယ်သစ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုတွေကလည်း လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

“စခန်းကိုလည်း လေယာဥ်ပေါ်ကနေ ပွိုင့် 5 နဲ့ ပစ်တာ၊ ဘေးကသစ်ပင်တွေပဲ မှန်တယ်။ အဲ့နောက် အဆောက်အဦးတွေကိုလည်း လက်နက်ကြီး အနည်းငယ် ထိမှန်ခဲ့ပါတယ်။ ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး” လို့ အညာဒေသတော်လှန်ရေးအင်အားစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မန္တလေးတိုင်းအတွင်းက တော်လှန်ရေးအားကောင်းရာ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက တော်လှန်ရေးတပ်တွေနဲ့ မသက်ဆိုင်တဲ့ အရပ်သား​ပစ်မှတ်တွေကိုလည်း မကြာခဏဆိုသလို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်နေတာ ဖြစ်ပါတ်ယ။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့သည့် မြင်းခြံမြို့နယ်၊ ထိန်ပန်းရွာ မြင်ကွင်း (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

အင်းတကော်နဲ့ ဝေါမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်း၊ ၆၀ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်နဲ့ ဝေါမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူများ၏ စိတ်အားထက်သန်မှု မရဘဲ ရွေးကောက်ပွဲအတု အပိုင်း (၁) ခြောက်ကပ်ကပ် ပြီးဆုံး

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲအတု အပိုင်း (၁) ဟာ ပြည်သူတွေရဲ့ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှု၊ စည်ကားမှုတွေ မရှိဘဲ တိတ်ဆိတ်ခြောက်ကပ်မှုနဲ့အတူ မနေ့က ပြီးဆုံးသွားခဲ့ပါပြီ။
Read More

စစ်ကောင်စီ သေဒဏ်ချထားတဲ့ CDM ရေတပ်သား ကိုပြည့်စုံဦး အင်းစိန်ထောင်ထဲမှာပဲ ကွယ်လွန်

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှာ သေဒဏ်ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုပြည့်စုံဦးဟာ အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်သွားပြီဖြစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဦးက တပ်ရင်းရိက္ခာအတွက် တပိုင်တနိုင် စပါးခင်းရိတ်သိမ်း (ဓာတ်ပုံသတင်း)

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဦးအနေနဲ့ တပ်တွင်းရိက္ခာဖူလုံစေဖို့အတွက် ပြည်သူလူထုရဲ့အကူအညီတချို့ကိုယူပြီး စိုက်ပျိုးခဲ့တဲ့ တနိုင်တပိုင် စပါးခင်းတွေကို ရိတ်သိမ်းခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို ထုတ်ပြန်လာပါတယ်။
Read More

နောင်ချိုမြို့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့က တောင်ခမ်းအမြောက်တပ်စခန်း (၃၅၄) နဲ့ (၉၀၂) တပ်စခန်းမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

သတ်ဖြတ်ပြီး လိုချင်တာတောင်းတဲ့ခေတ် ကုန်သွားပြီလို့ ကြံ့ခိုင်ရေးဥက္ကဌ ဦးခင်ရီ လူငယ်တွေကို ဩဝါဒချွေ

လူငယ်တွေရဲ့ ဘဝဟာ သူများတွေရဲ့ ပါးစပ်ဖျားမှာ ဘဝလမ်းဆုံးနေပြီး နိုင်ငံရေးသမားတွေရဲ့ သွေးထိုးမှုတွေကြောင့် တောထဲဝင်ကုန်တာ ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက နေပြည်တော် ပါတီဌာနချုပ်မှာ လူငယ်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။