ရှမ်းပြည်နယ် ကျိုင်းတုံ-တောင်ကြီး ပြေးဆွဲနေတဲ့ ဒို့ညီ‌နောင်ယာဉ်လိုင်းမှာ အရက်မူးနေတဲ့ ယာဉ်မောင်းကြောင့် ဧပြီ ၂၄ ရက် မနေ့ညနေပိုင်းက မိုင်းပျဉ်း-တုံတာကြား ကိုးကွေ့တောင်မှာ ခရီးသည် တင်ယာဉ် ၁ စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ခရီးစဉ်စတင်ချိန်မှာ ယာဉ်မောင်းဟာ အရက်မူးနေတဲ့အတွက် ခရီးသည်တွေက ယာဉ်မောင်းလဲပေးဖို့ ဂိတ်မှူးကို ပြောကြားရာမှာ အခြားယာဉ်မောင်း ၁ ယောက်ကို နောင်ချိုအထိ မောင်းစေခဲ့ပြီး ပန်ကြူ အရောက် မူးနေတဲ့ ယာဉ်မောင်းက ပြန်လည်မောင်းနှင်ရာ ကိုးကွေ့တောင်ရဲ့ ခြောက်ကွေ့မြောက်မှာ ယာဉ်တိမ်းမှောက်ခဲ့ရတာဖြစ်တယ်လို့ ယာဉ်ပေါ်စီးလိုက်ပါလာတဲ့ ခရီးသည်က ကိုယ်တိုင် ကြုံတွေခဲ့ရပုံကို ပြောပါတယ်။

”အဲ့လောက်မူးနေတာ အမြန်မောင်းတဲ့အပြင် ခရီးသည်တွေ အရှိန်လျှော့ဖို့ပြောတာကိုလည်း သူက ရန်ပြန်လုပ်ပါသေးတယ်။ ABC ဘီယာတစ်ဘူး လမ်းမှာ ထပ်သောက်ပါတယ်။ ကျွန်မ အမ က တုံတာရောက်ပြီလို့ လှမ်းဆက်ပြီး ၁၅ မိနစ်အကြာလောက်ပဲ ကိုးကွေ့တောင်ရဲ့ ခြောက်ကွေ့မြောက်မှာ ကားချောက်ထဲကျတာပါရှင့်”လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူက ဆိုပါတယ်။

ကား ချောက်ထဲကျဖို့အထိ ဖြစ်ခဲ့ပေမယ့် ကံကောင်းထောက်မစွာ သစ်ပင်ခံနေခဲ့တယ်လို့ သိရတဲ့ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ယောက် ခါးထိခိုက်သွားပြီး ယာဉ်မောင်းကို လက်ရှိ သက်ဆိုင်ရာရဲစခန်းက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Video-Khin Myo Sint

0 Shares:
You May Also Like
Read More

မင်းတပ်မြို့က စစ်ကောင်စီအထိုင်ချစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ သိမ်းယူနိုင်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အထိုင်ချစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်သားများကို ဒရုန်းဗုံးကြဲကာ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ယောက် သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်အရှေ့ဘက်က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၁၁ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ စစ်တပ်ကို တိုက်ခိုက်မှု စစ်သားအများအပြားသေဆုံး၊ တော်လှန်ရေးရဲဘော် ၁ ယောက်လည်း ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မြောက်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်မ ၈၈၊ ကပစ ၁၂၊ ပသစ ပူးပေါင်းအင်အား ၇၀ ကို ဖေဖော်ဝါရီ ၁၉ ရက် ‌နေ့လယ်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းထံက သိရပါတယ်။
Read More

မိုးမိတ်မြို့နယ် မန်ကျည်းပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်နယ် မိုးမိတ်မြို့နယ် မန်းကျည်းပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းကနေ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရေးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ယာဉ်ကို ကြားဖြတ်တိုက်ခိုက်မှု ဗိုလ်ကြီး သော်ဇင်ထွန်းအပါအဝင် ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း စစ်ကွပ်ကဲရေးဌာနချုပ် စကခ ၁၉ ကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးသော်ဇင်ထွန်းအပါအဝင် ၄ ယောက် ဒဏ်ရာရရှိသွားခဲ့ တယ်လို့ ရေးပြောက်ကျားတပ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ဖို့ SSNDF / KNDF B-103 မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ဖို့ SSNDF / KNDF B-103 မှ သင်တန်းသားရဲဘော် သစ်များ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ လျှောက်ထားလိုသူတွေဟာ အသက် (၁၈) နှစ်ပြည့်ပြီးသူ၊ ကျန်းမာရေးအထူးကောင်းမွန်သူ၊ ပေး အပ်ထားတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ သိရပါတယ်။ ထောက်ပို့ရန် နှင့် ရဲဘော်သစ် လျှောက်ထားလိုသူတွေအနေနဲ့ တယ်လီဂရမ် - t.me/ssndfbb103 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတ်။