မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် လမ်းပိုင်းတစ်နေရာမှာ ပျူစောထီးခေါင်းဆောင် ၁ယောက် စီးနင်းလာတဲ့ ကားကို စောင့်ကြို ဖမ်းဆီးရင်း အသေပစ်ခတ်ရှင်းလင်းလိုက်ကြောင်း Popa Guerilla Force (PGF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဧပြီလ ၂၂ရက်နေ့က ကျောက်ပန်းတောင်းမြို့နယ် လမ်းပိုင်းတစ်နေရာမှာ မကွေးတိုင်း၊ မင်းဘူးအခြေစိုက် ခလရ (၈၈) လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဌေးနိုင်နဲ့ အမျိုးသမီး၁ယောက် စီးနင်းလာတဲ့ကားကို Popa Guerilla Force(PGF) အဖွဲ့​ဝင်တွေ ဟန့်တားဖမ်းဆီးဖို့ကြိုးစားရာ ပျူစောထီးခေါင်းဆောင်နဲ့ အမျိုးသမီးက ခုခံထွက်ပြေးဖို့ကြိုးစားတာကြောင့် နေရာတင် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။

“ဒီလမ်းပိုင်းမှာ ဗိုလ်မှူးလာမယ်ဆိုပြီး သူ့ရဲ့ကားနံပါတ်နဲ့ပါ ရထားတော့ လမ်းပိုင်းကို ရှောင်တခင် ဝင်စစ်တယ်။ ဒါပေမယ့် ပါမလာဘဲ ပျူခေါင်းဆောင်ဌေးနိုင်နဲ့ အမျိုးသမီးတစ်ယောက်ပဲပါလာတယ်။ အစက သူတို့ကို ဖမ်းဖို့ပဲဆိုပေမယ့် ကျနော်တို့ကို ပြန်ခုခံတယ်။ ရဲဘော်နှစ်ယောက်လည်း​ဌေးနိုင်ကြောင့် ထိခိုက်ဒဏ်ရာရသွားတယ်။ အမျိုးသမီးကလည်း လက်ပစ်ဗုံးနဲ့ ခုခံဖို့လုပ်တယ်ပေါ့။ ကျနော်တို့က ပြောက်ကျားလုပ်ရတာဖြစ်လို့ လမ်းပိုင်းစိုးရိမ်မှုလည်းရှိတော့ အမြန်ရှင်းလင်းလိုက်ရတာပါ။” လို့ Popa Guerilla Force(PGF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပျုစောထီးခေါင်းဆောင် ဌေးနိုင်တို့ကို ပစ်ခတ်ရှင်းလင်းပြီးတဲ့နောက်မှာတော့ ဌေးနိုင် မောင်းနှင်လာတဲ့ ကား ၁စီးနဲ့အတူ ကာဘိုင်ကျည် (79)တောင့်၊ ကျည်ဘောက်(1) ဘောက်၊ ဗုံးသီး၁လုံး၊ con ၁လုံး၊ ဓါး၁ချောင်း၊ ဖုန်း၄လုံးနဲ့ ဝန်ထမ်းကဒ် ဘက်တံဆိပ်အပါ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ Popa Guerilla Force(PGF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပျူစောထီးခေါင်းဆောင်ဌေးနိုင်ထံမှသိမ်းဆည်းရရှိသည့် ပစ္စည်းများ
0 Shares:
You May Also Like
Read More

ထားဝယ်ခရိုင်အတွင်း ဒရုန်းစစ်ဆင်ရေးကြောင့် အရာခံဗိုလ်နဲ့ တပ်ကြပ် သေပြီး အများအပြား ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ စစ်ကောင်စီရဲ့ခမရ ၄၀၅ တပ်ရင်းနဲ့ အစိုးရရုံးတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ အရာခံဗိုလ်နဲ့ တပ်ကြပ်တို့သေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ယောက်နဲ့အထက် ရှိခဲ့တယ်လို့ Sky Ghost Drone Force အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ရေးတင်းမာမှုတွေကြောင့် ပုလော၊ မြိတ်၊ တနင်္သာရီ တလျှောက် ပြည်ထောင်စုလမ်းမကြီးကို မနက် ၆ နာရီမှ ညနေ ၆နာရီအတွင်းသာ သွားလာကြဖို့ NUG (MOD) တနင်္သာရီစစ်ဆင်ရေးဌာန ထုတ်ပြန်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းက ပုလောမြို့နယ်၊ မြိတ်မြို့နယ်နဲ့ တနင်္သာရီမြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ကြား စစ်ရေးတင်းမာနေတာကြောင့် အဲဒီမြို့နယ်တွေ တလျှောက်မှာရှိတဲ့ ပြည်ထောင်စုလမ်းမကြီးကို မနက် ၆ နာရီကနေ ညနေ ၆နာရီအတွင်းသာ သွားလာကြဖို့ NUG (MOD) တနင်္သာရီစစ်ဆင်ရေးဌာနက မနေ့က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ပေါင်းတည်တွင် စစ်ကူအင်အားဖြည့်ရန် ထွက်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးမှုရှိနိုင်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ စစ်ကူအင်အားဖြည့်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သားတွေ သေဆုံးမှုရှိနိုင်တယ်လို့ ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။
Read More

မန္တလေးနှင့် တမူးဒေသများမှ တိုက်ပွဲပြန် BLDF ရဲဘော်များကို ဒေသခံ ပြည်သူလူထုက နွေးထွေးစွာ ဂုဏ်ပြုကြိုဆို၊ စစ်ဆင်ရေးများအတွင်း BLDF ရဲဘော် ၄ ဦးကျဆုံးခဲ့ …

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးရဲ့ ကွပ်ကဲမှုနဲ့ မန္တလေးဒေသ၊ ရှမ်း-မန်း စစ်ဆင်ရေး နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှုနဲ့ တမူးဒေသစစ်ဆင်ရေးတွေမှာ လပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ မိခင်တပ်ရင်းတွေဆီပြန်လာတဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ကရဲဘော်တွေကို ဒေသခံ ပြည်သူလူထုက နွေးထွေးစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ရခိုင်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း UNDP ထုတ်ပြန်

ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့အတူ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရတာကြောင့်  ရခိုင်ပြည်နယ်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း ကုလဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
Read More

စစ်ကောင်စီ၏ တပ်မ (၇၇) မှ စစ်မှုထမ်းဆင်း ဒုတပ်စိပ်မှူး တစ်ဦးနှင့် တပ်သား တစ်ဦး လက်နက်မဲ့အလင်းဝင်

ပဲခူးတိုင်း၊ ပဲခူးမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန် တပ်မဌာနချုပ် အမှတ် (၇၇) က ဒုတပ်စိပ်မှူး တစ်ယောက်နဲ့ တပ်သား တစ်ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ (လျှပ်စီးတပ်ခွဲ) က ဒီနေ့ ထုတ်ပြန်ပါတယ်။