တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ (၁၃) နဲ့ ခလရ (၄၃၂) တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ် ၃ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

စကခ (၁၃) က စစ်ကောင်စီတပ်သား(၂) ယောက်ဟာ တော်လှန်ရေး ပူးပေါင်းစစ်ကြောင်း စစ်ဆေးရေးဂိတ်ကို ဧပြီလ ၂၀ ရက်မှာ အလင်းဝင် ရောက်ရှိလာတာဖြစ်ပြီး အသက်(၃၁)နှစ်အရွယ် ရဲဝင်းအောင်ဆိုသူနဲ့ အသက်(၂၄)နှစ်အရွယ် သူရစိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်စစ်သား ၂ ယောက်ဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၉) အဖြစ် ရန်ကုန်တိုင်း၊ ဂျိုးဖြူလေးသင်တန်းကျောင်းမှာ စစ်သင်တန်း (၃) လ တက်ရောက်ခဲ့ပြီး ဘုတ်ပြင်းမြို့နယ် စကခ(၁၃) ကို ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်စစ်သား ၂ ယောက်ဟာ စစ်ကောင်စီလက်အောက် တာဝန်ဆက်လက် မထမ်းဆောင်ချင်တော့တာကြောင့် ဧပြီလ ၁၇ ရက်မှာ စစ်ကောင်စီတပ်ရင်းစခန်းကနေ လက်နက်မပါဘဲ ထွက်ပြေးလာတာဖြစ်တယ်လို့ သိရပါတယ်။

ခလရ (၄၃၂)တပ်ရင်းက စစ်ကောင်စီတပ်သား စည်သူကျော် ဆိုသူဟာလည်း ဧပြီလ ၂၀ ရက်မှာပဲ CDM ပြုလုပ်ကာ ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်း ပူးပေါင်းစစ်ကြောင်းဆီ ပြည်သူရင်ခွင်ကတဆင့် ဆက်သွယ်ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

အသက်(၂၈)နှစ်အရွယ် အလင်းဝင်စစ်သားဟာ မတရားစစ်မှုထမ်းစုဆောင်းခံရပြီး စစ်မှုထမ်းသင်တန်း အပတ်စဉ်(၉) ဗထူးသင်တန်းကျောင်းမှာ စစ်သင်တန်း (၃)လ တက်ခဲ့ပြီးနောက် တနင်္သာရီမြို့နယ် ခမရ(၅၅၈) ကတဆင့် ဘုတ်ပြင်းမြို့နယ် ခလရ(၄၃၂) ကို ပို့ဆောင်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

Road to Mandalay ကမ်ပိန်းမှာ ပါဝင်ပြီး မန္တလေးတိုင်းစစ်ဌာနချုပ်ကို ထောက်ပံ့ရန် NUG ကာကွယ်ရေးဝန်ကြီးဌာန နှိုးဆော်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ "Road to Mandalay - ထိုးစစ် ထောက်ပို့ မန်းတိုင်းသို့ " အစီအစဥ်မှာ ပါဝင်ပြီး မန္တလေးတိုင်းစစ်ဌာနချုပ်ကို ထောက်ပံ့ဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
Read More

မြိုင်တွင် စစ်ကောင်စီ လေယာဥ်ဖြင့် ၂ ရက်ဆက် ဗုံးကြဲ၊ PDF ၄ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး ​

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ We Love Myaing အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပဲခူးခရိုင်အမှတ် (၂) တပ်ရင်း စိုးမိုးနယ်မြေမှာ ဗိုလ်ချုပ် နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်းအနေနဲ့ စိုးမိုးနယ်မြေအတွင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့နယ် သုံးဆယ်ရွာကို တစ်ရက်အတွင်း စစ်ကောင်စီ ဗုံး ၁၁လုံး ကြဲချ၊ အမျိုးသား ၃ဦး သေဆုံး

ပြီးခဲ့တဲ့ ဇွန်လ ၂၉ရက်နေ့တုန်းကလည်း ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချခဲ့တဲ့အတွက် ပြည်သူ ၆ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၄ လုံး၊ စာသင်ကျောင်း ၁ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၂ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
Read More

နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုကို AA အကန့်အသတ်မရှိ ပိတ်၊ လက်ကျန်စစ်ကောင်စီတပ်ဖွဲ့၀င်များအား ရှာဖွေရှင်းလင်းနေ

စစ်ကောင်စီကို ပိတ်ဆို့တိုက်ခိုက်နိုင်ဖို့ ရခိုင်ပြည်နယ်က နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုတွေကို အချိန်ကာလ အကန့်အသတ်မရှိ ပိတ်ပင် တားမြစ်လိုက်တယ်လို့ AA ကထုတ်ပြန်ပါတယ်။
Read More

NUG ဒုဝန်ကြီး ​ဒေါ်အိသဉ္ဇာမောင်နဲ့ ဒီမော့ဆို PDF တွေ့ဆုံ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒုဝန်ကြီး ဒေါ်အိသဉ္စာမောင်က ကရင်နီပြည်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် - DMO PDF နဲ့ တွေ့ဆုံပြီး နိုင်ငံရေး အခြေအနေတွေ ရှင်းလင်းတင်ပြခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။