ထိုင်းနိုင်ငံအနေနဲ့ ဆဲလ်ဖုန်းတွေကတဆင့် သဘာဝဘေး အချက်ပြပေးတဲ့ စနစ်တစ်ခုကို စမ်းသပ်သွားမှာဖြစ်ကြောင်း ထိုင်းအစိုးရအရာရှိတွေက ဧပြီလ ၂၃ ရက်မှာ ပြောပါတယ်။

ပြီးခဲ့တဲ့လက လူအသေအပျောက်များခဲ့ပြီး ဘန်ကောက်မှာ ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့ မြန်မာ့ငလျင်နဲ့ပတ်သက်လို့ သတိပေးချက်မရှိခဲ့တဲ့အပေါ် ဝေဖန်မှုတွေကြုံတွေ့ခဲ့ပြီးနောက် အခုလို ပြောဆိုခဲ့ကြတာပါ။

အဆိုပါ သဘာဝဘေး သတိပေးချက် ပေးပို့မယ့် Cell Broadcast System (CBS) ကို မြန်မာ့ငလျင်အတွင်း ထိခိုက်ခဲ့ရတဲ့ မြို့တော်ဘန်ကောက်အပါအဝင် ဒေသအလိုက် နေရာအသီးသီး ဖြန့်ကျက်ပြီး စမ်းသပ်မှုတစ်ခုကို နောက်လထဲမှာ လုပ်ဆောင်သွားမယ်လို့ သဘာဝဘေးကာကွယ်ရေးနှင့် လျော့ပါးရေးဌာန (DDPM) ညွှန်ကြားရေးမှူးချုပ် Phasakorn Boonyalak က ပြောပါတယ်။

ဒီစနစ်အနေနဲ့ သဘာဝဘေးအန္တရာယ်နဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေအတွက် သတိပေးစာတိုပေးပို့ဖို့ မိုဘိုင်းကွန်ရက် ၃ခုကို အသုံးပြုမှာဖြစ်တယ်လို့လည်း သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြိုကျနေသည့် အဆောက်အဦးတစ်ခုကို ဧပြီလ ၂ရက်နေ့တွင် တွေ့မြင်ရစဉ် (ဓာတ်ပုံ Reuters)

ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြိုကျနေသည့် အဆောက်အဦးတစ်ခုကို ဧပြီလ ၂ရက်နေ့တွင် တွေ့မြင်ရစဉ် (ဓာတ်ပုံ Reuters)

စမ်းသပ်မှု ၃ ကြိမ်လုပ်ဆောင်မှာဖြစ်ပြီး အသေးငယ်ဆုံး သတ်မှတ်ဧရိယာအဖြစ် မြို့တော်ခန်းမ ၄ခုမှာ မေလ၂ ရက်က စတင်စမ်းသပ်မှာဖြစ်သလို မေလ ၁၃ ရက်မှာတော့ ဘန်ကောက်တစ်ခုလုံးနဲ့ ချင်းမိုင်ပြည်နယ်တွေမှာ တတိယနဲ့ အကြီးဆုံး စမ်းသပ်မှုတွေ လုပ်ဆောင်မယ်လို့ သိရပါတယ်။

စမ်းသပ်မှုအတွင်း အဆိုပါဒေသ နေထိုင်သူတွေရဲ့ ဆဲလ်ဖုန်းတွေမှာ ထိုင်းနဲ့ အင်္ဂလိပ်လို စာတိုတွေ ရောက်လာမှာဖြစ်ပြီး ဥဩသံကိုပါ ကြားရမှာဖြစ်ကြောင်း၊ စမ်းသပ်မှုဖြစ်တာကြောင့် အရေးယူလုပ်ဆောင်ဖို့ မလိုသေးကြောင်း Phasakorn က ဆိုပါတယ်။

ဒါဟာ CBS ရဲ့ ပထမဆုံး လူသိရှင်ကြား စမ်းသပ်မှုဖြစ်ပြီး နေရာကျော်လွန်ချိတ်ဆက်ထားတဲ့ Roaming ကွန်ရက်တွေမှာလည်း သတိပေးချက်တွေ လက်ခံရရှိမှာဖြစ်ကြောင်း သူက ပြောပါတယ်။

DDPM အနေနဲ့ ငလျင်လှုပ်ခတ်မှုရဲ့ ၁၀ မိနစ်အတွင်း သတိပေးချက်ထုတ်ပြန်ဖို့ ရည်ရွယ်ထားကြောင်း သူက ဆိုပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံမှာ လူ ၃၇၀၀ ကျော် သေဆုံးခဲ့ပြီး ဘန်ကောက်မြို့မှာလည်း ဆောက်လုပ်ဆဲ အထပ်မြင့်တိုက် ပြိုကျမှုကြောင့် လူ ၅၃ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

မူရင်းသတင်း – Thailand to test disaster alerts after quake criticism

0 Shares:
You May Also Like
Read More

မြန်မာ့အရေး ကမ္ဘာက အာရုံစိုက်စေဖို့ မြန်မာဝတ်စုံဖြင့် မာရသွန်ပြေးကာ ဂင်းနစ်စံချိန်တင်ခဲ့သူ

သြစတြေးလျနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Sydney Marathon 2025 ပြိုင်ပွဲမှာ ဒေါက်တာ မြင့်မိုရ်ဦးက မြန်မာရိုးရာဝတ်စုံ ဝတ်ဆင်ကာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပန်းဝင်တဲ့အထိ ပါဝင်ကာ ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကိုရီးယားအခြေစိုက် မြန်မာတော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်‌သည့် “နိုင်ငံရေးဆွေးနွေးပွဲ ၂၀၂၅” ပြုလုပ်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက စီစဉ်ပြုလုပ်ပြီး ကိုရီးယားအခြေစိုက် မြန်မာတော်လှန်ရေးအဖွဲ့အစည်းတွေ ပါဝင်‌တဲ့ “နိုင်ငံရေးဆွေးနွေးပွဲ ၂၀၂၅”ကို အင်ချွန်းမြို့၊ ဘူဖျောင်းမြို့နယ်ရုံးမှာ မတ်လ ၂၃ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖက်ဆစ်ဆန့်ကျင်ရေး အခမ်းအနားတွင် ဖက်ဆစ်အာဏာရှင် ခေါင်းဆောင်များ ဖက်လှဲတကင်း တွေ့ဆုံ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲနဲ့ ဒုတိယကမ္ဘာစစ် အောင်နိုင်တဲ့ နှစ် ၈၀ ပြည့် စစ်ရေးပြအခမ်းအနားမှာ ဖက်ဆစ်အာဏာရှင် မင်းအောင်လှိုင်က အာဏာရှင်ခေါင်းဆောင်တွေနဲ့ ဖက်လှဲတကင်း တွေ့ဆုံခဲ့တဲ့ပုံရိပ်တွေကို နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ 
Read More

စစ်ကောင်စီ ခွင့်ပြုချက်မပေးလို့ နိုင်ငံခြားသား ၆၁ ဦးကို လိမ်လည်လုပ်ငန်းတွေကနေ ပြန်လွှတ်ဖို့ BGF ဆိုင်းငံ့

စစ်ကောင်စီရဲ့ ခွင့်ပြုချက်မရသေးတာကြောင့် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ လိမ်လည်လုပ်ငန်းတွေကနေ နိုင်ငံခြားသား ၆၁ ဦးကို ပြန်လွှတ်ပေးဖို့ရာက BGF က ဆိုင်းငံ့ထားကြောင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။ 
Read More

နယ်စပ်တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၃၀၀ ကျော် ထိုင်းနိုင်ငံထဲသို့ ထွက်‌ပြေးတိမ်းရှောင်

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ကရင်တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်များကြောင့် မြန်မာနိုင်ငံသား ၃၀၀ ကျော် ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံခဲ့ကြတယ်လို့ ထိုင်းစစ်တပ်က မေလ ၈ ရက်မှာပြောပါတယ်။
Read More

ထိုင်းရောက် မြန်မာတွေ ထွက်သွားကြဖို့နဲ့ ထိုင်းနိုင်ငံကို အလုံးအရင်း ရွှေ့ပြောင်းလာတဲ့အပေါ် ကန့် ကွက်ကြောင်း ထိုင်းနိုင်ငံသားတချို့ ဆန္ဒပြ

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံအတွင်းက ထွက်သွားဖို့နဲ့ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်းလာနေမှုအပေါ် ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံသားတချို့က ဘန်ကောက်က စစ်ကောင်စီ မြန်မာသံရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။