မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထဲ‌ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ခံ လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းတိုက်ဖျက်ရေး (SSTF) ရဲ့ အပတ်စဥ် (၃) သင်တန်းပြီးစီးခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

သင်တန်းသား အယောက် ၄၀ တက်ရောက်ခဲ့တဲ့ အဆိုပါသင်တန်းကို ၄ လကြာ ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းပြီးဆုံးသူတွေကို ပ.လ.ဖ တွေမှာ ဆက်လက်တာဝန်ထမ်းဆောင်စေမှာဖြစ်ကာ အပတ်စဥ် (၃) သင်တန်းဆင်းပွဲမှာ ထူးချွန်ဆုရ ရဲဘော်တွေကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆုချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ခင်ဦးမှာ စစ်ကောင်စီထုတ် မြန်မာဘီယာတွေ မြို့နယ် ပအဖ နဲ့ ပကဖ က ဖမ်းဆီးရမိပြီး ဖျက်ဆီးခဲ့…

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီထုတ် မြန်မာဘီယာတွေကို ဖမ်းဆီးရမိပြီး ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ က ထုတ်ပြန်ထားပါတယ်။
Read More

သာကေတရဲစခန်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး ရဲ ၃ ဦး ဒဏ်ရာရ၊ ၁ ဦး ဒဏ်ရာ ပြင်းထန်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ သာကေတနယ်မြေ ရဲစခန်းကို သွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာ စခန်းအတွင်းရှိနေတဲ့ ရဲ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မုံရွာမြို့ပေါ် ပြန်ပေးဆွဲမှုဖြစ်ပွား၊ ဖမ်းဆီးသွားသည့်အဖွဲ့ သိန်း တစ်သောင်းဖြင့် ပြန်ရွေးခိုင်းဟု ဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးသွားတဲ့အဖွဲ့က သိန်းတစ်သောင်းနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ဆားတောင်တွင် အကြမ်းဖက်စစ်ကြောင်းများ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှုများ ရှိကာ လက်နက်ခဲယမ်းများ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အစပ်နဲ့ ဆားတောင်မြို့ အနောက်ဘက်ခြမ်းမှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ထိတွေ့တိုက်ပွဲတွေရှိခဲ့ပြီး စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ကျောက်ကြီးမှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်းနဲ့ နေအိမ် (၁)လုံး ထိခိုက်ပျက်စီး၊ ရဟန်း (၁)ပါး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၂၇) လုံးနဲ့ လေယာဉ် (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း (၁)လုံးနဲ့ နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး ရဟန်း (၁)ပါး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
Read More

တမူးမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ ကာကင်းစခန်း တိုက်ခိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။