စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ စက်တွင်းအထိုင်စခန်းကနေ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို စောင့်ကြိုတိုက်ခိုက်ရာ ၂ ယောက်လုံး နေရာမှာတင် သေဆုံးသွားတယ်လို့ ပြည်သူ့လူမိုက်အဖွဲ့  (Local PDF) ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့၊ ည ၇ နာရီဝန်းကျင်မှာ အဆိုပါ တိုက်ခိုက်မှုကို‌ ဖော်ဆောင်ခဲ့တာ ဖြစ်ပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား ၂ယောက်ဟာ ဗိုလ်ကြီးအဆင့်ရှိသူနဲ့ လက်ထောက်တပ်သားတို့ ဖြစ်တယ်လို့ သိရပါတယ်။

“တစ်ပတ်လောက်တော့ သူတို့ အခြေအနေကို စောင့်ကြည့်ပြီးမှ တိုက်ခိုက်ခဲ့တာပါ။ ပစ်ခတ်မှုအပြီး ၅မိနစ်လောက်နေတော့ အလောင်းတွေကို သူတို့လူတွေပဲ လာပြန်ကောက်သွားပါတယ်” လို့ ပြည်သူ့လူမိုက်အဖွဲ့ (Local PDF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတွေထံက MA 11 သေနတ် ၁ လက်နဲ့ ဖုန်း ၁လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံတွင်  စစ်အုပ်စု အထိုင်ဂိတ် ပြောက်ကျားတိုက်ခိုက်ခံရပြီး ၄ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်က စစ်ကောင်စီအထိုင်ဂိတ်ကို ပြောက်ကျားပုံစံ ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၄ယောက်သေဆုံးခဲ့ကြောင်း Myimgyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။
Read More

ရေဘေးသင့်ပြည်သူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စားသောက်ကုန်တွေ လှူဒါန်း (ဓာတ်ပုံသတင်း)

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ စစ်တောင်းမြစ်ဝှမ်းက ရေဘေးသင့်ပြည်သူတွေကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနက ရဲဘော်တွေဟာ စားနပ်ရိက္ခာတွေ ကူညီလှူဒါန်းခဲ့ကြောင်း အသိပေးထုတ်ပြန်ပါတယ်။
Read More

NMSP-AD ရဲ့ ၂ရက်တာ ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ အရာရှိတွေအပါ ၈ယောက် သေ

မွန်ပြည်နယ်တောင်ပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၈) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရရှိသွားတယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အာဏာသိမ်းစစ်တပ် သက်သေ တစုံတရာ ပြသမှုမရှိဘဲ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းသည်ဟု စာထုတ်

အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ပြီး ဖြစ်နိုင်တယ်ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့နောက် ဒီအပေါ် မဟုတ်မမှန်ကြောင်း စစ်ကော်မရှင်က ငြင်းဆိုချက် ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးနဲ့ မူးမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ဦးသေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU က ထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲပြန် အောင်ပွဲရ BLDF ရဲဘော်တွေကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) မှ တိုက်ပွဲပြန် အောင်ပွဲရ ရဲဘော်တွေကို အညာဒေသရှိ ပြည်သူလူထုက ကြိုဆိုခဲ့ပြီး နေ့လည်စာနဲ့ ဂုဏ်ပြု ကျွေးမွေးဧည့်ခံခဲ့တယ်လို့ BLDF က ထုတ်ပြန်ထားပါတယ်။