ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ငူခရိုင် တပ်ရင်း ၂ က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၂၄ ရက် ဒီနေ့ မနက်အစောပိုင်း အများပြည်သူ အိပ်မောကျနေချိန်မှာ ညောင်ခြေထောက်ရှိ စစ်ကောင်စီတပ်နဲ့ ခလရ ၇၃ တို့က လက်နက်ကြီးတွေ ပစ်ခတ်ရာ ထန်းတပင်မြို့နယ် သောင်ပုချောင်ကျေးရွာကို ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သောင်ပုချောင်ကျေးရွာက အသက် ၇၀ ကျော် အမျိုးသမီးတစ်ယောက် သေဆုံးပြီး အသက် ၅၀ ခန့် အမျိုးသားတစ်ယောက် ငယ်ပါထိ (စိုးရိမ်ရ) ဒဏ်ရာ၊ အသက် ၅၀ ခန့်အမျိုးသမီးတစ်ယောက်ကတော့ နောက်ကျော ‌‌ခါး‌အထက်မကနေ ဝမ်းဗိုက်အတွင်း အစဖောက်ဝင် (စိုးရိမ်ရ) ဒဏ်ရာ၊ အသက် ၈ နှစ်အရွယ် ကလေးငယ်က တင်ပါးနဲ့ ပေါင်ထိ (စိုးရိမ်ရ) ဒဏ်ရာ ၊ အသက် ၄၀ အရွယ် အမျိုးသားတစ်ယောက် မျက်နှာထိ (မစိုးရိမ်ရ) ဒဏ်ရာ စသဖြင့် ဒဏ်ရာ အသီးသီး ရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမဖြစ်ပွားဘဲ ပြည်သူတွေရှိရာ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ရက်စက်ယုတ်မာမှုအတွက် တန်ပြန်ပေးဆပ်ရမှာဖြစ်တယ်လို့ တောင်ငူခရိုင် တပ်ရင်း ၂ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာ ပျူစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာ ပျူစောထီးစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ (မြိုင်) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၃ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်သင့်ဒေသများကို လေကြောင်းတိုက်ခိုက်နေသည့် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ရန်ကုန်မှာ ဆန္ဒပြ

လုံခြုံရေးတင်းကျပ်တဲ့ ရန်ကုန်မြို့မှာ ငလျင်ဒဏ်သင့် ဒေသတွေကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီအပေါ် ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ပါတယ်။
Read More

ရေဖြူမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား (၁၀) ဦး ထက်မနည်း ထိခိုက်သေဆုံး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား (၁၀) ယောက်ထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးတိုင်းစစ်ဌာနအော​က်မှ တိုက်ပွဲတွင်း ဆေးပညာနှင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှု့ စစ်/ဆေးသင်တန်း (M1) အောင်မြင်စွာ ပြီးစီး

အမျိုးသားညီညွှတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်၊ စစ်ရေးဌာန၊ ဆေးဝန်ထမ်းဌာနခွဲ ၊ မန္တလေးတိုင်းစစ်ဌာနက တိုက်ပွဲတွင်း ဆေးပညာနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု့ စစ်/ဆေး (M1) သင်တန်းဆင်းပွဲ​ကို ပြီးခဲ့တဲ့ သြဂုတ်လ (၈) ရက်က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

စနေ၊ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်ရဲ့ ကြားရက်တွေကို တဆက်တည်းပိတ်ပေးမယ်လို့ Non-CDM ဝန်ထမ်းတွေကို စစ်ကောင်စီ စည်းရုံး

စစ်ကောင်စီက အများပြည်သူရုံးပိတ်ရက်တွေဖြစ်တဲ့ စနေ၊တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်ရဲ့ ကြားက ရက်တွေကိုပါ ဆက်တိုက်ပိတ်ပေးမယ်ဆိုပြီး Non-CDM ဝန်ထမ်းတွေကို ပြန်လည်စည်းရုံးနေမှုတွေကို ဒီနေ့ ဒီဇင်ဘာလ ၂၂ ရက်ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြလာပါတယ်။