ရှမ်းပြည်တပ်မတော် (SSA) တည်ထောင်ခဲ့ခြင်း (၆၁) နှစ်ပြည့် အခမ်းအနားကို ဧပြီလ (၂၄) ရက် ဒီနေ့ မနက်ပိုင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားကို ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နာယက ဗိုလ်ချုပ်ကြီး စေထင် ဦးဆောင်တဲ့ ဗဟိုကော်မတီဝင်တွေ ၊ တပ်ဖက် ၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ ဌာနတွေက အရာရှိတွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေ စုစုပေါင်း (၇၀၀၀) ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ (SSPP/SSA) နာယက ဗိုလ်ချုပ်ကြီးစေထင်က အခမ်းအနားအဖွင့် အမှာစကားပြောကြားကာ ရှမ်းပြည်တပ်မတော် (SSA) ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကိုလည်း ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ရှမ်းပြည်တပ်မတော် (SSA) (၆၁) နှစ်ပြည့် အခမ်းအနားအတွက် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေး တပ်မတော်(PNLO/PNLA) ၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ (SSPP/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပန်ဖတို့က ပေးပို့လာတဲ့ ဂုဏ်ပြု သဝဏ်လွှာတွေ ဖတ်ကြားခဲ့ပြီး ရှမ်းပြည်တပ်မတော် (SSA) မှာ ငွေရတု ရွှေရတု ဆုချီးမြှင့်ဖို့ ထိုက်တန်သူအချို့ကို ဆုချီးမြှင့်ပေးခဲ့ပြီးနောက် စစ်ကြောင်း(၁၇) ကြောင်း စစ်အင်အား (၃၀၀၀) ကျော်ခန့်က စစ်ရေးပြအခမ်းအနား ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ညောင်ရွှေ စော်ဘွား စဝ်ရွှေသိုက်ရဲ့ မဟာဒေဝီ ဖြစ်သူ စဝ်နန်းဟိန်းခမ်းဟာ ရှမ်းပြည်မှာ ပြန့်ကျဲနေတဲ့ ရှမ်းပြည်လွတ်မြောက်ရေးတပ်ဖွဲ့ (SSIA) ၊ ရှမ်းအမျိုးသား စည်းလုံးညီညွတ်ရေး တပ်ဖွဲ့ (SNUF) ၊ စဝ်လတ်(ၸဝ်ႈလႅတ်ႇ) ဦးဆောင်တဲ့ ကိုကန့်တပ်ဖွဲ့တွေကို ဖျက်သိမ်း စုစည်းခဲ့ပြီး ၁၉၆၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်မှာ ရှမ်းပြည်တပ်မတော် (SSA) ကို စတင် ထူထောင်ခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဘုရားသုံးဆူရှိ သတ္တုမိုင်းတွင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာရွာအနီးမှာရှိတဲ့ သတ္တုမိုင်းတွင်းတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မြင်းခြံမြို့နယ်၊ ဆီမီးခုံနယ်မြေရဲစခန်းမှ ရဲတပ်သား ၁ ဦး ခဲယမ်းအချို့ ယူလာပြီး မိသားစုနှင့်အတူ အလင်းဝင်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဆီမီးခုံနယ်မြေ ရဲစခန်းက ရဲတပ်သား ၁ ယောက်က မိသားစုနဲ့အတူ ခဲယမ်းအချို့ ယူဆောင်လာပြီး အလင်းဝင်လာတယ်လို့ မြင်းခြံမြောက်ပိုင်းသားများပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ဒဂုံ ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခံရ…

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခံရပြီး ဗုံးပေါက်ကွဲခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

Chinland အစိုးရတပ်ဖွဲ့ စစ်ကြောင်းများ အကြမ်းဖက်စစ်တပ် အင်အား ၅၀ ကျော်ကို ထပ်မံချေမှုန်း

Chinland အစိုးရတပ်ဖွဲ့ရဲ့ စစ်ကြောင်း (၁)၊ စစ်ကြောင်း (၂) နဲ့ အကြမ်းဖက်စစ်တပ်တို့ နှစ်ဖက်တိုက်ပွဲတွေ ဆက် လက် ဖြစ်ပွားနေပြီး တော်လှန်ရေးမဟာမိတ်အင်အားစုတွေက စစ်အုပ်စုတပ်ဖွဲ့ဝင် ၅၀ ကျော်ကို ထပ်မံချေမှုန်း သုတ်သင်နိုင်ခဲ့တယ်လို့ Chinland ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

BPLA အညာစစ်ဒေသ လေ့ကျင့်တည်ဆောက်ခဲ့မှု (ဓာတ်ပုံသတင်း)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ အမှတ် (၃၀၈) အညာစစ်ဒေသ ဖြစ်တည်လာဖို့ လေ့ကျင့်တည်ဆောက် ဖြတ်သန်းခဲ့ရတဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကော့သောင်းတွင် စစ်ကောင်စီနှင့် ပကဖ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ အရာခံဗိုလ်အပါ ၃ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းနဲ့ ကော့သောင်းပကဖတို့ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဆက် ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီဘက်က အရာခံဗိုလ် အပါအဝင် ၃ ယောက် သေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာ၀န်ခံ အင်းဘီလူးက မောင်းကို ပြောပါတယ်။