ဧပြီလ၂၁ ရက်မှာ ကြီးမားတဲ့ ငလျင်ကြီးထပ်လှုပ်မယ်လို့ TikTok ကတဆင့် ပြောကြားခဲ့သူ နိုင်ကျဉ်းဟောင်းတစ်ယောက်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ကြီးမားတဲ့ ငလျင်ထပ်လှုပ်မယ်လို့ TikTok လူမှုကွန်ရက်ကတဆင့် သတင်းမှားဖြန့်တယ်ဆိုပြီး John(Palmistry) အကောင့်ပိုင်ရှင် ဂျွန်မိုးသဲကို ဧပြီ ၂၂ ရက် မနက် ၁၀ နာရီက မုံရွာမြို့မှာ ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဂျွန်မိုးသဲကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း မုံရွာမြို့မှာပြုလုပ်တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်တယ်ဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာသူလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက ဂျွန်မိုးသဲကို အများပြည်သူ ထိတ်လန့်အောင် လုပ်ဆောင်တယ်ဆိုတဲ့ စွဲချက်နဲ့ အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။

ဂျွန်မိုးသဲဟာ KNDO တပ်ရင်း(၆) မှာ ဖွင့်လှစ်ခဲ့တဲ့ စစ်သင်တန်းတက်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအတွက် အွန်လိုင်းကတဆင့် အလှူငွေတွေ ကောက်ခံထောက်ပံ့ပေးခဲ့တယ်လို့ စစ်တပ်က စွပ်စွဲပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)/၅၂(က) နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရဖူးသူဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ထုတ်ပြန်မှု (ဓာတ်ပုံ စကစ ပြန်ကြားရေးဝန်ကြီးဌာန)

0 Shares:
You May Also Like
Read More

ဒူးပလာယာခရိုင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၀) နှစ်အရွယ် မိန်းကလေး (၁) ယောက် အပါ ပြည်သူ (၂) ယောက် သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၀) နှစ်အရွယ် မိန်းကလေး (၁) ယောက် အပါ ပြည်သူ (၂) ယောက် သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

စေတုတ္တရာတွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် ပါဝင်သူ၊ ကူညီသူ၊ စည်းရုံးသူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ပကဖ သတိပေး

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ သက်ဆိုးရှည်စေမယ့် အတုအယောင် ရွေးကောက်ပွဲအတွက် ပါဝင်စည်းရုံးလှုံ့ဆော်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

KNU ဌာနချုပ်နေရာဟောင်း မာနယ်ပလော နှစ် ၃၀ ကြာပြီးနောက် KNU ထံ အလုံးစုံ ပြန်လည်ရောက်ရှိ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး - KNU ဌာနချုပ်ဟောင်း မာနယ်ပလောက အကြမ်းဖက်စစ်ကောင်စီရဲ့ ပွိုင့် ၉၁၃ နို့ဒေးတပ်စခန်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KNU တပ်မဟာ ၇ နယ်မြေ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လယ်ဒိုနှင့် မူးမြို့တို့မှာ ပြည်သူ ၁ဦး သေဆုံးပြီး နေအိမ် ၇ လုံး ပျက်စီးခဲ့

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်နဲ့ မူးမြို့နယ်က အပြစ်မဲ့ အရပ်သား ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၇) လုံးပျက်စီးခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲမြို့တွင်းသွားလာခွင့်ကို ငါးရက်တာပိတ်မည်ဟု KNDF အသိပေး

ကရင်နီဒေသက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့တွင်းအများပြည်သူတွေ ဖြတ်သန်းသွားလာမှုကို ငါးရက်တိတိ ပိတ်ထားမယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်လာပါတယ်။
Read More

မင်းကွန်းတွင် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ခလရ (၁၁၆) မှ ဗိုလ်ကြီး မင်းထွန်းစိုးအပါ ၅ ဦး သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်မှာ အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ရာ ခလရ (၁၁၆)က ဗိုလ်ကြီးမင်းထွန်းစိုးအပါအဝင် စစ်သား ၅ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတချို့ ရရှိခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့-UGF က ထုတ်ပြန်ပါတယ်။