စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာကြတဲ့ ABSDF အမှတ် ၃ စစ်ကြောင်း ၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များအား ပြည်သူများက အောင်သပြေပန်းများနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။

၈လ ဝန်းကျင်ကြာမြင့်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲကို ABSDF အမှတ် ၁ စစ်ကြောင်း ၊ ABSDF အမှတ် ၃ စစ်ကြောင်း ၊ KPDF ၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းများနဲ့ အခြားသော မဟာမိတ်တပ်ပေါင်းစုများဖြင့် ပူးပေါင်းသိမ်းပိုက်ခဲ့ကြရာ ၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက်နေ့ ညပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီစစ်ဆင်ရေးမှာ ABSDF အမှတ် ၁၄ တပ်ရင်းမှ ရဲဘော်သရဲဟာ ဖက်ဒရယ်ဒီမီုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် မြင့်မြတ်စွာ သက်ပေးလှူသွားခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးတိုင်း နတ်သံကွင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ကာကင်းစခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း နတ်သံကွင်းမြို့နယ်အတွင်း အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကာကင်းစခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီမြို့နယ်ဂဠုန်တပ်ဖွဲ့ဆီက သိရပါတယ်။ ဇန်နဝါရီ ၂၂ ရက်က နတ်သံကွင်းမြို့နယ် ပဲနွယ်ကုန်းနဲ့ ကျောက်ကြီးလမ်းပေါ်ရှိ အကြမ်းဖက်စစ် တပ်ရဲ့ ကာကင်းစခန်းကို ROBIHHOOD Missile Team က ထုတ်လုပ်ထောက်ပံ့ထားတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မူဆယ်မြို့ရှိ မီးရှုးမီးပန်းသိုလှောင်ရုံမီးလောင် (ရုပ်/သံ)

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ စွမ်‌စော်ရပ်ကွက်မျာ မီးရှုးမီးပန်းသိုလှောင်ရုံမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။ ယနေ့ အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက မူဆယ်မြို့ စွမ်စော်ရပ်ကွက် ၄ လမ်းမှာ မီးလောင်မှုဖြစ် ပွားခဲ့ပြီး အုပ်ချုပ်မှုယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁၀ စီး၊ မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦး စီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ၁ နာရီကြာမီးငြှိမ်းသတ်ခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးပါဘူး။
Read More

ညောင်‌ရွှေမြို့နယ် ‌ရေပူ (ထီခိုး)ရွာအနီး စစ်ကြောင်းထိုးလာတဲ့ PNO ပြည်သူ့စစ်တွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး PNO ၄ ယောက် သေ၊ ၄ ယောက် အရှင်ဖမ်းမိ (ရုပ်/သံ)

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ရေပူ(ထီခိုး)ရွာအနီး ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်ပိုင်းက စစ် ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေနဲ့ တော်လှန်ရေး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ဆင်ရေးများမှ ပြန်လည်ရောက်ရှိလာသည့် အရှိုချင်းကာကွယ်ရေးတပ် (ရုပ်/သံ)

ရှေ့တန်းစစ်မျက်နှာ စစ်ဆင်ရေးတွေကနေ ပြန်လည်ရောက်ရှိလာတဲ့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲဘော်တွေကို နောက်တန်းမှာ ကျန်ရှိခဲ့တဲ့ တပ်ဖွဲ့ဝင်တွေက ကြိုဆိုခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ACDF က ထုတ်ပြန်လာပါတယ်။
Read More

ရန်ကုန်မြို့လယ် လူမြင်ကွင်းမှာ မူးယစ်ဆေးဝါး သုံးစွဲမှုတွေရှိလာ (ရုပ်/သံ)

''တကယ်ဝမ်းနည်းမိတယ်၊ ဒါတွေမြင်ရင် သွားပြီ … ကျွန်တော်တို့တိုင်းပြည်က တကယ်ချွတ်ခြုံကျစုတ်ပြတ်သတ်ပြီး အဖတ်ဆယ်မရတော့ဘူး၊ အရာအားလုံးစုတ်ပြတ်ကုန်ပြီ ဘဝတွေကော အနာဂတ်တွေကော'' လို့ အဆိုပါပို့စ်အတွင်း ပြည်သူတစ်ဦးက မှတ်ချက်ပြုရေးသားထားပါတယ်။
Read More

စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး Southern Eagle PDF သင်တန်းသားအသစ်များ ခေါ်ယူ (ရုပ်/သံ)

NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ Southern Eagle PDF ဟာ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့ သင်တန်းသား အယောက် ၁၀၀ ခေါ်ယူထားတယ်လို့ သိရပါတယ်။