မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးလေးနဲ့ သပြေနီကျေးရွာအကြား ဧပြီ ၂၁ ရက်က အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၆ ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ နဂါးဖြူတပ်ရင်းထံက သိရပါတယ်။

မွန်ပြည်နယ်အတွင်း ပုံစံပြောင်း စစ်တပ်ယာဉ်တန်းဝင်ရောက်လာကြောင်း သတင်းရတဲ့ တော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲတိုက်ခိုက်ဖို့ ပြင်ဆင်နေချိန် အကြမ်းဖက်စစ်တပ်ရဲ့ အနောက်ကာကင်းနဲ့ လမ်းဘေး ကင်းပုန်းဝပ်ဖို့လာတဲ့ အင်အား ၂၀ ခန့်ရှိ စစ်သားတွေ ထိတွေ့ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲအတွင်း စစ်သား ၆ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကာ တော်လှန်ရေးရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို နဂါးဖြူတပ်ရင်း၊ (၇၈၀၁) တပ်ရင်းနဲ့ (၇၈၀၅)တပ်ရင်း ခွဲ(၄)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ရွာတွေဘက်ကို လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေ စစ်ရေးသတိနဲ့ သွားလာနေထိုင်ကြဖို့ နဂါးဖြူတပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာနယ်စပ် ဖမ်းဆီးမိထားတဲ့ မူးယစ်ဆေးဝါး ၆ သိန်းကျော်ကို KNU မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဖားအံခရိုင်အတွင်း ဖမ်းဆီးမိထားတဲ့ မူးယစ်ဆေးဝါး ၆ သိန်းကျော် ထိုင်းဘတ် ၃၀၅၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU-Hpa-An Districtမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ထံကနေ လက်နက်ခဲယမ်းတွေ ဆက်တိုက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီးဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၂၂ ထံကနေ လက်နက်ခဲယမ်းတွေ ဆက်တိုက်သိမ်းဆည်းရရှိနေ တယ်လို့ Black Panther Column - တပ်ခွဲ ၂ မှ မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိတ်မှာ စစ်ကောင်စီ ရိက္ခာပို့ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မြိတ်မြို့နယ်မှာ စစ်ကောင်စီရိက္ခာပို့ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဆီမီးထွန်းရင်း အမှောင်တိကျခဲ့ရသည့် ချောင်းဦးဖြစ်စဉ်က အပြစ်မဲ့ပြည်သူများ (ရုပ်သံ)

‎ပြီးခဲ့တဲ့ ၂၀၂၅၊ အောက်တိုဘာလ ၆ ရက်သီတင်းကျွတ် လပြည့်ည၊ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ကျေးရွာတရွာမှာ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ရိုးရာမပျက် ဆင်နွှဲရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက် လှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ပါတယ်။
Read More

ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာတွင် အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးတွေကြဲချ တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၇ ယောက် သေဆုံးခဲ့တယ်လို့ Wetlet Informational Network က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

သေ့ဘောဘိုးစခန်းဆီ စစ်ကူလာသော အကြမ်းဖက်စစ်ကြောင်းအား တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အများအပြား ဖမ်းဆီးရမိ (ရုပ်/သံ)

ဝေါ်လေဗျူဟာစခန်းကနေ သေ့ဘောဘိုးစခန်းဆီ စစ်ကူလာတဲ့ အင်အား (၇၀)ပါ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အပါအဝင် PDF ဗျူဟာ ၃၂ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။