ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ၊ ကျောက်ဂူ‌တိုက်နယ်ကျေးရွာအနီး ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားရာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ DPLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ကျေးရွာအနီး ဧပြီလ ၂၁ ရက် မနေ့က နေ့လယ်ပိုင်းကစလို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နဲ့ စစ်ကောင်စီတပ်တို့ ၅ နာရီကြာ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ရာ ညနေပိုင်းမှာ တိုက်ပွဲပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပြီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စစ်သုံ့ပန်း (၃) ယောက် ဖမ်းဆီးရရှိခဲ့တယ်လို့ DPLA က ဆိုပါတယ်။

တိုက်ပွဲမဖြစ်ပွားခင်အချိန်မှာလည်း စစ်ကောင်စီတပ်က ကျောက်ဂူတိုက်နယ်ကျေးရွာအနီးတဝိုက် ကျေးရွာတွေကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခြင်းနဲ့ လေယာဉ်နဲ့ ဗုံးကြဲချခြင်းတွေ မကြာခဏ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

တောင်းခမ်းကျေးရွာမှာလည်း တအာင်းတပ်မတော် TNLA နဲ့ DPLA တပ်တွေရှိရာကို စစ်ကောင်စီဘက်က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒီနေ့အချိန်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ DPLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဧပြီလအတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နဲ့ စစ်ကောင်စီတပ်တို့ စုစုပေါင်း (၆၇)ကြိမ်အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF က အမှတ် (၃၁) တပ်ရင်း ဖွဲ့စည်း…

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ စစ်ဗျူဟာ အမှတ် (၁) က ဖယ်ခုံမြို့နယ် အခြေစိုက်တဲ့ အမှတ်(၃၁)တပ်ရင်းကို စက်တင်ဘာလ ၂ ရက်က တိုးချဲ့ဖွဲ့စည်းခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မင်းလှတွင် စစ်တပ်သတင်း​ပေး ပျူစောထီးကိုသွားရောက်ပစ်ခတ်ရှင်းလင်း၊ ပျူစောထီး လွတ်မြောက်သွားပြီး ပြန်လည်ခုခံသည့် ဇနီးဖြစ်သူကို ရှင်းလင်းခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပျူစောထီး ၁ယောက်ကို နေအိမ်အထိ သွားရောက်ရှင်းလင်းရာ တပ်ဖွဲ့ဝင်တွေကို ပြန်လည်ခုခံတိုက်ခိုက်တဲ့ ပျူစောထီးရဲ့ အမျိုးသမီးဖြစ်သူကိုပဲ ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ကြဲချတဲ့ ဗုံးသီးတွေ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး အိပ်ပျော်နေတဲ့ မိသားစုဝင် ၃ယောက် သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီက ၄ရက်မြောက်အဖြစ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား မိသားစုဝင် ၃ယောက် ထပ်မံသေဆုံးခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပကဖတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အာဏာသိမ်းစမှ ယနေ့အထိ စစ်အုပ်စုကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူနှင့် ပြည်သူစုစုပေါင်း ၇ ထောင်ကျော် သေဆုံးခဲ့ 

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စု အာဏာသိမ်းမှု အစကနေ ဒီနေ့အချိန်ထိ အကြမ်းဖက်စစ်အုပ်စုနဲ့ သူ့လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူတွေ စုစုပေါင်း (၇၁၁၇) ယောက် ရှိခဲ့ပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စိုးမိုးနယ်မြေအတွင်း အခွန်ကောက်ခံတာမရှိဘူးလို့ မုံရွာခရိုင် တပ်ရင်း (၂) ထုတ်ပြန်…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂) - အနောက်မြောက်လွင်ပြင် တော်လှန်ရေး အင်အားစု က စိုးမိုးနယ်မြေအတွင်း အခွန်ကောက်ခံတာ လုံးဝမရှိဘူးလို့ ထုတ်ပြန်လာပါတယ်။
Read More

မြင်းခြံက စာသင်ကျောင်းကို စစ်ကောင်စီ ဂျက်လေယာဉ်နဲ့ ဗုံးကြဲ၊ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၂၀ ဝန်းကျင် သေဆုံး

မြင်းခြံမြို့နယ် မြောက်ခြမ်းက ဆင်းဂွတ်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။