ငလျင်ကြောင့် အပစ်ရပ်တယ်လို့ ဟန်ပြပြောဆိုကာ နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်လိုက်တယ်လို့ ဝါဒဖြန့် ထုတ်ပြန်ပါတယ်။

ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလကို မူလက ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ သတ်မှတ်ခဲ့ရာက ဧပြီ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ဖို့၊ နိုင်ငံနဲ့ နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွါးအတွက် အပစ်ရပ် စက်တမ်းတိုးတာဖြစ်တယ်လို့ နေ့စဉ် အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေရင်း စစ်ကောင်စီက ဝါဒဖြန့်ပြောဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အပစ်ရပ်တယ်လို့ကြေညာပြီးတဲ့နောက်ပိုင်းမှာ ငလျင်ဒဏ်သင့်ဒေသတွေ အပါအဝင် နိုင်ငံတစ်ဝန်းကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်လျက်ရှိပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သားပြည်သူ ၉၁ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ဧပြီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက အပစ်ရပ်တယ်လို့ ပြောကြားထားတဲ့ ကာလအတွင်းမှာပင် လေကြောင်းတိုက်ခိုက်မှုအကြိမ် ၆၀ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ငလျင်အကြောင်းပြ အပစ်ရပ်မှုဟာ ဟန်ပြသာဖြစ်ပြီး မြေပြင်ရောဝေဟင်ကပါ နိုင်ငံတစ်ဝန်း တိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ကန့်ကွက်ရှုတ်ချ ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

KNU မြိတ်-ထားဝယ်ခရိုင်တွင် အကြမ်းဖက် စစ်သား ၅ ဦး လက်နက်နှင့် အလင်းဝင်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ် တပ်သား (၅) ဦးဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဆီဘက်ပြောင်း ခိုလှုံလာခဲ့တယ်လို့ KNU မြိတ်ခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စက်တင်ဘာ လဝက်အတွင်း KNU တပ်မဟာ (၅) နယ်မြေမှာ တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွါးပြီး စစ်ကောင်စီတပ်သား ၁၈ ယောက်သေ

KNU တပ်မဟာ (၅) ထိန်းချုပ်ရာ ဖာပွန်ခရိုင်မှာ စက်တင်ဘာလဝက်အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၆၃ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က အသိပေး ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲသည် ဖန်တီးလုပ်ကြံမှုဟု ကိုထိန်လင်း ဝေဖန်

အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားဝင်မှုရရှိ ရေးအတွက် ဖန်တီးထားတဲ့ လုပ်ကြံမှုဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းက ဒီကနေ့မှာ ဝေဖန် ပြောဆိုလိုက်ပါတယ်။
Read More

နိုင်ငံတဝန်း မြို့နယ်‌ပေါင်း ၂၀၀ ကျော်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုပေါင်း သုံးထောင်ခန့်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဟု စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ အပိုင်းတစ်နဲ့ နှစ်ကို မြို့နယ် ၂၀၂ မြို့နယ်မှာ ကျင်းပဖို့ပြင်ဆင်ထားပေမယ့် ယင်းမြို့နယ်ထဲမှာရှိတဲ့ ရပ်ကွက်ကျေးရွာအုပ်စုသုံးထောင်နီးပါးမှာ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ TNLA က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ နိုင်ငံရေးအရ အမြတ်ထုတ်မှုသာဖြစ်လို့ လုံး၀ လက်မခံကြောင်း ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်

တော်လှန်ရေးအင်အားစုတွေကို စစ်ကောင်စီက ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်မှုဟာ  လက်ရှိအကြပ်အတည်းအတွက် နိုင်ငံရေးအရ အဖြေမဟုတ်ဘဲ  နိုင်ငံရေးအရ အမြတ်ထုတ်မှုတစ်ခုသာ ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးထုတ်ပြန်ပါတယ်။