နိုင်ငံတကာက ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ငွေကြေးတွေ ပေးအပ်နေမှုဟာ စစ်အုပ်စုလက်ထဲရောက်ပြီးနောက်မှာတော့ သွေးစွန်းငွေတွေအဖြစ် ပြောင်းလဲသွားတယ်လို့ Blood Money အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ မြေငလျင် အကြောင်းပြုပြီး နိုင်ငံတကာ အစိုးရတွေဆီကနေ ကန်ဒေါ်လာ ၁၃၆.၈၈ သန်း ရရှိထားပြီးနောက်မှာတော့ နေ့စဉ်ရက်ဆက် လေကြောင်း ဗုံးကြဲမှုတွေပြုလုပ်နေတယ်လို့ Blood Money ကဆိုပါတယ်။

ဒါကြောင့် အဆိုပါငွေကြေးတွေကို စစ်အုပ်စုက စစ်အသုံးစရိတ်တွေမှာ အသုံးပြုနေပြီး ပြည်သူတွေကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်နေမှုတွေမှာ အသုံးပြုနေတယ်လို့ Blood Money က ထောက်ပြပါတယ်။

ငလျင်ဒဏ်ဘေးသင့် အရေးပေါ်ကယ်ဆယ်ရေးအတွက် အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတကာကနေ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ ထောက်ပံ့ငွေကြေးတွေ ဒေါ်လာသန်းချီ ရနေပေမယ့် လက်ရှိတိုင် ပြည်သူကို ထိရောက်တဲ့ ကူညီမှုမျိုးတွေ လုံးဝမတွေ့ရဘူးလို့လည်း ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ငလျင်ကို အကြောင်းပြကာ အပစ်ရပ်သည်ဟု ဆိုပေမယ့် င်္သကြန်ကာလမျိုးမှာတောင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာတွေက ပြည်သူတွေဟာ ငလျင်ဘေးကို ကျော်လွန်နိုင်ခဲ့ပေမယ့် စစ်အုပ်စုရဲ့ လေယာဉ်ဗုံးကြဲမှုကြောင့် အသက်တွေ ဆုံးရှုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းငလျင်လှုပ်ခတ်ပြီး သုံးပတ်အကြာ ဧပြီလ (၁၈) ရက်နေ့မှာ သပိတ်ကျင်းအနီး လိပ်ကျရွာဈေးနားကို ကြဲချခဲ့တဲ့ဗုံးကြောင့် ပြည်သူ (၁၀) ထက်မနည်း သေဆုံးခဲ့ရပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေချိန်မှာပဲ ဧပြီလ (၁၉) ရက်နေ့မှာ စစ်ကောင်စီရဲ့ လေတပ်ဟာ လိပ်ကျရွာနားက ရေထွက်ရွာကို ရက်ရက်စက်စက် ဗုံး ၂လုံး ထပ်မံကြဲခဲ့ပြီး ပြည်သူ (၃၀) နီးပါး အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရပါတယ်။
သပိတ်ကျင်းတစ်မြို့တည်းကိုပဲ ၄ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အနည်းဆုံး ပြည်သူ (၄၀) နီးပါး သေဆုံးထားရသလို (၄၀) နီးပါးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သားပြည်သူ ၉၁ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ဧပြီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် နိုင်ငံတကာက ထောက်ပံ့ကူညီပေးနေတဲ့ ငွေကြေးတွေ စစ်ကောင်စီထံ စီးဆင်းနေမှုကို စောင့်ကြည့်ကြဖို့ အရပ်ဖက်အဖွဲ့အစည်း အသီးသီးကလည်း သတိပေး ထောက်ပြပြောဆိုလျက်ရှိပါတယ်။

0 Shares:
You May Also Like
Read More

ဖယ်ခုံမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ နှစ်အောက် ကလေး ၂ ယောက်အပါ ဒေသခံ ၇ ယောက် သေဆုံးခဲ့…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ နှစ်အောက် ကလေး ၂ ယောက်အပါ ဒေသခံပြည်သူ ၇ ယောက် သေဆုံးခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂ ( တပ်ရင်းအမှတ် - ၁၀၀၆ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွာငံ-အောင်ပန်း လမ်းပိုင်းမှာ စစ်ကောင်စီ ဗိုလ်ကြီး ၁ ဦးကို အသေပစ်ခတ်ဖမ်းမိ၊ ပစ္စတို ၁ လက်နှင့် စာရွက်စာတမ်းများ သိမ်းဆည်းရရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရွာငံ-အောင်ပန်း မိုင်းလမ်းမှာ ဓနုပြည်နယ်အမျိုးသားကာကွယ်‌ရေးတပ်တော် (DSNDA) က စစ်ဆေးရေးလုပ်ဆောင်နေချိန် စစ်ကောင်စီ ဗိုလ်ကြီး ၁ ယောက်ကို အသေပစ်ခတ်ဖမ်းဆီးရမိပြီး ပစ္စတို ၁ လက်နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ DSNDA က ထုတ်ပြန်ပါတယ်။
Read More

အင်အားပြင်း ငလျင်ကြောင့် သေဆုံးခဲ့ရသူ ၃၇၀၀ နီးပါး ရှိလာ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၇၀၀ နီးပါးရှိသွားပြီလို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်က တရုတ်စီမံကိန်း ၁၀ ခုကို AA ထိန်းချုပ်ထား အာရက္ခတပ်တော် AA ခေါင်းဆောင်တွေကို တရုတ်နိုင်ငံက အသိအမှတ်ပြု ဖိတ်ကြားတော့မှာလား

ရခိုင်ပြည်နယ်မှာ တရုတ်စီမံကိန်း ၁၁ ခုရှိသည့်အနက် ၁၀ ခုကို အာရက္ခတပ်တော် (AA) ကန ထိန်းချုပ်ထားကြောင်းကို မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က သတင်းထုတ်ပြန်လာပါတယ်။
Read More

အနန်းကွင်းဗျူဟာကုန်း တိုက်ပွဲမှာ စစ်ကောင်စီတပ် အကျအဆုံးများသလို တော်လှန်ရေးရဲဘော်တွေလည်း ထိခိုက်သေဆုံးမှု ရှိနေ

ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ ၆ လခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
Read More

Myingyan Black Tiger (MBT) ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၃) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်း - Myingyan Black Tiger (MBT) ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၃) သင်တန်းဆင်းပွဲကို စက်တင်ဘာလ (၂၀) ရက် မနေ့က ကျင်းပပြီးဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။