နိုင်ငံတစ်ဝန်းက ရေးဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP နဲ့ အီးယူက မြန်မာနိုင်ငံထံ အရေးပေါ်ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အရေးပေါ်စားနပ်ရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရေဘေးသင့်ပြည်သူ ၅ သိန်းခန့်အတွက် ဆန်၊ အားဖြည့်ဘီစကစ်များနှင့် အာဟာရ အထောက်အပံ့များ ပါဝင်တဲ့ တစ်လစာ စားနပ်ရိက္ခာများကို တိုက်ရိုက်ဖြန့်ဝေ ထောက်ပံ့ပေးသွားမည်ဖြစ်တယ်လို့ WFP က ဖော်ပြပါတယ်။
ဒါ့အပြင် သီးနှံစိုက်ပျိုးရေး၊ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာလက်လှမ်းမီရရှိရေးတို့အပေါ် ရေဘေး၏ အကျိုးသက်ရောက်မှုအခြေအနေများကို မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ အကဲဖြတ်လေ့လာလျက်နေပြီး ထိရောက်တဲ့ အကူအညီတွေ ပေးအပ်သွားမယ်လို့ဆိုပါတယ်။
တစ်ဆက်တည်းမှာပဲ ဥရောပသမဂ္ဂ အီးယူကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုများအတွက် ဥရောပသမဂ္ဂ(EU)က အရေးပေါ်အကူအညီ ယူရို ၁.၂ သန်း ပေးအပ်ရန် အသင့်ဖြစ်နေပြီလို့ မနေ့က စက်တင်ဘာ ၁၈ ရက်နေ့မှာ တရားဝင်ထုတ်ပြန်ကြေညာလာပါတယ်။
ယာဂီတိုင်ဖွန်းမုန်တိုင်းရဲ့ နောက်ဆက်တွဲ ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားရတဲ့ မြန်မာနိုင်ငံ ပြည်သူပြည်သားများအတွက် ဝမ်းနည်းကြောင်း မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂမှ ထုတ်ဖော်ပြောကြားပြီး ထိခိုက်ခံစားရသူများ၊ ၎င်းတို့၏မိသားစုဝင်များနှင့်အတူ ရှိနေတယ်လို့လည်း ဖော်ပြပါတယ်။
အရေးပေါ်အကူအညီအထောက်အပံ့တွေကို ဘယ်လိုလမ်းကြောင်းကနေ ပေးအပ်သွားမယ်ဆိုတာ ကိုတော့ ထည့်သွင်းဖော်ပြလာခြင်း မရှိပါဘူး။
နိုင်ငံအဝန်းရေဘေးသင့်သူ ဦးရေ ခန့်မှန်းခြေ ၆၃၁,၀၀၀ ဦးခန့်ရှိပြီး ရာနှင့်ချီ၍ သေဆုံးကာ အများအပြား ပျောက်ဆုံးလျက်ရှိကြောင်း ကုလအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNOCHA ကထုတ်ပြန်ပါတယ်။
ရာဂီမုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ် ၉ ခုအတွင်းရှိ မြို့နယ် ၅၉ ခု ထိခိုက်ခဲ့ကာ နေရာအများစုမှာ လက်ရှိအချိန်အထိ ရေလွှမ်းနေဆဲဖြစ်ပြီး ဘေးလွတ်ရာရွှေ့ပြောင်းခြင်းနှင့် အရေးပေါ်အကူအညီများ လိုအပ်နေတယ်လို့လည်းဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း လက်ရှိ ရေဘေးဟာ သမိုင်းတစ်လျှောက် နိုင်ငံအတွက် အဆိုးရွားဆုံးအခြေအနေဖြစ်တယ်လို့ ဝန်ခံထားပြီး နိုင်ငံတကာက အကူအညီတွေ ရရှိဖို့လည်း မျှော်လင့်တယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။
ကုလ၊ အာဆီယံ အပါအဝင် နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ သဘာ၀ဘေးနဲ့ စစ်ဘေးတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးအပ်ဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကလည်း တိုက်တွန်းတောင်းဆိုထားပါတယ်
0 Shares:
You May Also Like
Read More

ဆန်ဖရန်စစ္စကို တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် တရုတ်အစိုးရအား ဆန့်ကျင်ဆန္ဒပြ

“China’s Policy Burma’s Mystery!” ၊ “မြန်မာ့အချုပ်အခြာကို ထိပါးလာသော တရုတ်ကွန်မြူနစ်အစိုးရအား နည်းမျိုးစုံနဲ့ မောင်းထုတ်ကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၅၆ ကြိမ်မြောက် စဉ်ဆက်မပြတ် ဆန်ဖရန်စစ္စကို လူထုသပိတ်တိုက်ပွဲကို မေလ ၁၇ ရက် မနေ့က အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
Read More

အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့် စစ်ကောင်စီရဲ့ ကန့်ကွက်မှုကို တီမောပယ်ချ

တီမောလက်စ်တေကို အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်ခွင့်အပေါ် စစ်ကောင်စီရဲ့ ကန့်ကွက်မှုဟာ “အကျိုးမရှိ၊ မလျော်ကန်ဘူး” လို့ တီမောသမ္မတက ပယ်ချလိုက်ပါတယ်။ 
Read More

မြောက်ဦးဆေးရုံကို စစ်တပ် ဗုံးကြဲတိုက်ခိုက်မှု ကုလ ရှုတ်ချ၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများ လိုအပ်ဟု ထုတ်ပြန်

ရှေးဟောင်းယဥ်ကျေးမှုဇုန် မြောက်ဦးမြို့ရှိ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကို ကုလသမဂ္ဂအနေနဲ့ ရှုတ်ချကြောင်း ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို အာဆီယံခေါင်းဆောင်များ ပြတ်သားစွာ ငြင်းပယ်ရမည်ဟု တွမ်အင်ဒရူးစ် တိုက်တွန်း

မြန်မာနိုင်မှာ စစ်အုပ်ချုပ်ရေးကို ပိုမိုခိုင်မာစေပြီး နိုင်ငံတကာဖိအားတွေ လျှော့ချဖို့ကိုသာ ရည်ရွယ်ထားတဲ့ စစ်ကော်မရှင်ရဲ့ တရားမဝင် ရွေးကောက်ပွဲကို အာဆီယံခေါင်းဆောင်တွေ ပြတ်ပြတ်သားသား ငြင်းပယ်ရမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောဆိုလိုက်ပါတယ်။
Read More

မြန်မာစစ်ပွဲအပေါ်  နိုင်ငံတကာရဲ့တုံ့ပြန်မှု ‘အလုပ်ဖြစ်မနေဘူး’ လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြော

မြန်မာ့ပြည်တွင်းစစ်ကို ရပ်တန့်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေဟာ အလုပ်မဖြစ်တာ ရှင်းလင်းနေတယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကအောက်တိုဘာလ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပြီး စစ်ကောင်စီကို ငွေ၊ လက်နက်နဲ့ တရားဝင်မှုတွေ ဖြတ်တောက်ဖို့ တိုက်တွန်းထားပါတယ်။
Read More

တရုတ်ကျားဖြန့်အလုပ်သမား ၃၀၀ ကျော်ကို ထိုင်းကတဆင့် တရုတ်ကိုနေရပ်ပြန်ပို့

မြန်မာကကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား လိမ်လည်အလုပ်သမား ၃၀၀ ကို ထိုင်းကတဆင့် တရုတ်နိုင်ငံကို ဖေဖော်ဝါရီလ ၂၁ ရက် သောကြာနေ့က လွှဲပြောင်းပေးခဲ့ပါတယ်။