စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ကို အောင်မြင်စွာတိုက်ခိုက်ပြီး ပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို တနင်္သာရီမြို့နယ် ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာအခြေစိုက်၊ ရွှေဂဲညိုရွာက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ကို အောင်မြင်စွာတိုက်ခိုက်ပြီး ပြန်လည်ရောက်ရှိလာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူတွေက ဧပြီလ ၂၀ ရက်မှာ အောင်သပြေပန်းတွေနဲ့ ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ရွှေဂဲညိုရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးအဖွဲ့က ဧပြီလ ၁၆ ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဝင်ရောက်စီးနင်း တိုက်ခိုက်မှုမှာ ပျူစောထီး‌ခေါင်းဆောင် ဆိုသူ သေဆုံးခဲ့ပြီး လက်နက် (၁၀) လက်နဲ့ ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

CDF – KKG တပ်ရင်း (၇) ရဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force - Kalay-Kabaw-Gangaw, CDF - KKG တပ်ရင်း (၇) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သာပေါင်းအနီး တိုက်ပွဲပြင်းထန်မှုကြောင့် ရာနှင့်ချီသည့် သစ်ထုတ်လုပ်ရေး ဆင်များကို ပြောင်းရွှေ့

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အနီးအထိ တိုက်ပွဲတွေ ပြင်းထန်နေလို့ သစ်ထုတ်လုပ်ရေးလုပ်ငန်းက ရာနဲ့ချီတဲ့ ဆင်တွေကို ဝန်ထမ်းတွေနဲ့အတူ ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဂွမြို့နယ် ကူတို့လေးကျေးရွာကို အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲလို့ ဒေသခံ ၃ ယောက် သေဆုံး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကူတို့လေးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ယောက် အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

စလင်းမြို့တွင် Grade 10 ကျောင်းသူကို Grade 12 ကျောင်းသား ၃ဦး အဓမ္မပြုကျင့်ကာ ဗီဒီယိုဖြန့်၊ သိန်း ၇၀၀ ဖြင့် ကျေအေးပေးဖို့ ညှိနှိုင်းနေ

မကွေးတိုင်း၊ စလင်းမြို့မှာ Grade 10 ကျောင်းသူ ၁ ယောက်ကို Grade 12 ကျောင်းသား ၃ ယောက်က အတင်းအဓမ္မ မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ဗန်းမော်က စစ်ကောင်စီရဲ့ အမြောက်တပ်ရင်းကို KIA သိမ်းပိုက်၊ စုစုပေါင်း တပ်ရင်း ၃ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း ( အမတ- ၃၆၆) ကို မနေ့က ဖေဖော်ဝါရီလ ၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲသည် ဖန်တီးလုပ်ကြံမှုဟု ကိုထိန်လင်း ဝေဖန်

အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားဝင်မှုရရှိ ရေးအတွက် ဖန်တီးထားတဲ့ လုပ်ကြံမှုဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းက ဒီကနေ့မှာ ဝေဖန် ပြောဆိုလိုက်ပါတယ်။