ငလျင်ဘေးအတွက် ကူညီကယ်ဆယ်ရေးရောက်ရှိနေတဲ့ ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့က မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ပြည်သူတွေနေထိုင်နိုင်ဖို့ ယာယီတဲ ၉၁ လုံး တည်ဆောက်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဧပြီလ ၂၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့ဟာ မန္တလေးမြို့က အမှတ် ၁၇ ကျောင်း မျက်နှာချင်းဆိုင်မှာ ယာယီတဲ စုစုပေါင်း ၉၁ ခု ဆောက်လုပ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ အင်ဂျင်နီယာအဖွဲ့ဟာ မန္တလေးမြို့၊ ကျောက်မီးမြို့ အခြေခံပညာအထက်တန်းကျောင်းက ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ နေရာတွေမှာ မျက်နှာကျက်တပ်ဆင်ခြင်းနဲ့ မီးတပ်ဆင်ခြင်းတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးမြို့၊ သာလွန်အလယ်တန်းကျောင်းမှာလည်း ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ စာသင်ဆောင် ၂ ဆောင်ကို အမြန်ဆုံးပြင်ဆင်ပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နယ်စပ်က ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေး တရုတ်နဲ့ထိုင်းပူးပေါင်းလုပ်ဆောင်မှုကို NUG က ကြိုဆိုတယ်လို့ ထုတ်ပြန်

မြန်မာပြည်နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို တရုတ်နဲ့ ထိုင်းက ပူးပေါင်းအရှိန်မြှင့်တိုက်ဖျက်ရေးတွေ လုပ်ဆောင်နေတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုတယ်လို့ ပြောကြားလိုက်ပါတယ်။
Read More

အုန်းဖျန်ဗုံးပေါက်ကွဲမှု ဝမ်းနည်းရှုတ်ချကြောင်း KNU ထုတ်ပြန်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖျန်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပစ်တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာအရေးဆွေးနွေးဖို့ လူ့အခွင့်အရေးကိုယ်စားလှယ် ဩစတေးလျသွားမယ်

မြန်မာအရေးဆွေးနွေးမှုတွေ ပြုလုပ်ဖို့မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်ဟာ ဩစတေးလျကို ၁၀ ရက်ကြာ သွားရောက်မှာဖြစ်ကြောင်း လူ့အခွင့်အရေးမဟာမင်းကြီးရုံးက စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

တမူးမြို့အနီး ပကဖ ၁၀ ဦး ကျဆုံးခဲ့သည့်အပေါ် NUG က အိန္ဒိယအစိုးရနှင့် အမှုမှန်ပေါ်ပေါက်ရေး ညှိနှိုင်းဆောင်ရွက်နေဟု ဆို

အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးမြို့နယ်အနီး မြို့နယ်ပကဖ ၁၀ ယောက် ကျဆုံးခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အိန္ဒိယအစိုးရနဲ့ အမှုမှန်ပေါ်ပေါက်ရေး ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
Read More

(၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံတွင် NUG ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေ

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အောက်တိုဘာလ ၁၉ ရက်ကနေ ၂၃ ရက်အထိ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဒေါက်တာဝင်းမြတ်အေးနဲ့ ဒေါ်ဇင်မာအောင်တို့ ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

အီဖယ်တာဝါမှ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကနေ ပေးပို့လာတဲ့ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေကို ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။