ရှမ်းမြောက်ဒေသ၊ နောင်ချိုက တောင်ခမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက ဓာတုဗုံးတွေ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ DPLA (ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော်) က ထုတ်ပြန်ပါတယ်။

နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာအနီး ၂၀၂၅ ခုနှစ် ဧပြီလ (၂၁)ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာမှာ ဓာတုဗုံးတွေ အသုံးပြုခဲ့တယ်လို့ DPLA က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ လေတပ်က ဗုံး (၄)လုံး ကြဲချတိုက်ခိုက်မှုအပြီးမှာ အငွေ့ကို ရှူမိသူတွေဟာ မူးဝေအော့အန်ခြင်း၊ သွေးပေါင်ကျခြင်းတွေ ဖြစ်ပွါးခဲ့တယ်လို့ DPLA (ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော်) က ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ တောင်ခမ်းဒေသတိုက်ပွဲတွေအတွင်း လေကြောင်းတိုက်ခိုက်မှုတွေမှာ မကြာခဏ ဓာတုဗုံးတွေ အသုံးပြုလေ့ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပြောဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ တောင်ခမ်းဒေသကို ထိုးစစ်ဆင်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး TNLA (တအာင်းတပ်မတော်)၊ DPLA (ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော်)တို့နဲ့ တိုက်ပွဲတွေ ဖြစ်ပွါးလျက်ရှိပါတယ်။

0 Shares:
You May Also Like
Read More

ဆီဆိုင်မြို့နယ်၊ တပူးထိုကျေးရွာမှာ PNO ပြည်သူ့စစ် မီးရှို့မှုကြောင့် နေအိမ် ၆ လုံး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ တပူးထိုကျေးရွာမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာကို မီးရှို့တာကြောင့် ပြည်သူလူထု နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

“ရိုးသားစွာတော်လှန်ကြပါ၊ အောက်ခြေရဲဘော်များ၏ အရှက်၊ ဂုဏ်သိက္ခာ၊ အသက်တွေ ချမနင်းကြပါနဲ့” ဟု သေတမ်းစာချန်ကာ မင်းဘူးခရိုင် အမှတ် ၃ တပ်ရင်း ယာယီတပ်ရင်းမှူး အဆုံးစီရင်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ အမှတ် (၃) တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူး ဟိုးကြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။
Read More

၂ လနီးပါး ကြာခဲ့တဲ့ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေနဲ့ အလင်းဝင်သူတွေအပါ လက်နက် ၄၀၀ ကျော် သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်တွေ ၂ လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေနဲ့ အလင်းဝင်သူတွေအပါ လက်နက်မျိုးစုံ ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၂၉) တပ်တည်‌ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနား…

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၂၉) အနေနဲ့ တပ်ရင်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ (၁၀)ရက်က ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းစစ်အုပ်စု၏ ပြည်ထဲရေးဝန်ကြီးနေရာ အပြောင်းအလဲပြုလုပ်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့အုပ်ချုပ်မှု ယန္တရားထဲက ပြည်ထဲရေးဝန်ကြီးရာထူးနေရာကို မကြာခဏ အပြောင်းအလဲပြုလုပ်လေ့ရှိကာ လက်ရှိပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင် နေရာမှာ စစ်ရေးချုပ် ဖုန်းမြတ်နဲ့ အစားထိုးခန့်အပ်လိုက်တယ်လို့ စစ်အုပ်စုထိန်းချုပ် မီဒီယာတွေမှာ မနေ့က ဖော်ပြခဲ့ကြပါတယ်။
Read More

ထီးစဲခါး ရေတံခွန်ကျောင်းတိုက်ဆရာတော်ယာဉ်ကို စစ်တပ်က ပစ်ခတ်လို့ဆရာတော် ပျံလွန်တော်မူ

ပအိုဝ်းဒေသ၊ ထီးစဲခါးရေတံခွန် ကျောင်းတိုက် ဆရာတော်၏ယာဉ်ကို စစ်တပ်ကပစ်ခတ်ရာ ထီးစဲခါး ရေတံခွန် ကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူပြီး ကျန်သံဃာ ၂ပါးဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)က သတင်းထုတ်ပြန်ပါတယ်။