မန္တလေးတိုင်း၊ သပိတ်ကျင်း၊ လိပ်ကျရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုနဲ့အတူ နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို အရေးယူနိုင်ဖို့ အစွမ်းကုန်တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေး ဆိုတဲ့ ဦးတည်ချက်တွေအတိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ လုပ်ဆောင်နိုင်သမျှကိစ္စရပ်တိုင်းကို အစွမ်းကုန် လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်းက မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာ အောင်မြင့်မိုရ်ဆိုင်ကယ်အရောင်းဆိုင်နဲ့ ဆွေမျိုးစက်မှုလက်မှုတွင်ခုံအနီးတဝိုက်ကို အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ် (၂) စီးနဲ့ ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း လမ်းသွားလမ်းလာတွေအပါအဝင် ကျား ၈ ဦး၊ မ ၃ ဦး နဲ့ ကလေး ၁ ဦး စုစုပေါင်း ပြည်သူ ၁၂ ဦးသေဆုံးကာ အရပ်သားပြည်သူများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အခုရက်ပိုင်းအတွင်း အရပ်သားပြည်သူတွေရှိရာ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး သေဆုံးထိခိုက်ဒဏ်ရာရမှုတွေလည်း မြင့်တက်လျက်ရှိပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်အတွက် ပြည်သူနဲ့တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ ပျူခေါင်းဆောင် လွှမ်းမိုးနိုင် ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ရင်း ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေတဲ့ ပျူစောထီးခေါင်းဆောင် ၁ ယောက်ကို ပစ်ခတ်ရှင်းလင်းရင်း မူးယစ်ဆေးဝါးတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က မောင်းကို ပြောပါတယ်။
Read More

ပေါက်မြို့နယ် ကျေးရွာဆေးခန်းကို စစ်ကောင်စီ ဗုံးကြဲ၊ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ဘက် စံဖဲကျေးရွာရှိ ဆေးခန်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကြောင်းလိုက် ပြုတ်ထားတာ မကြာသေးတဲ့ ဘုတလင်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးနေလို့  အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းလိုက်ပြုတ်အောင် အတိုက်ခံထားရတဲ့ စစ်ကောင်စီက အင်အားဖြည့်တင်းမှုတွေလုပ်ကာ ကျေးရွာတွေကို စစ်ကြောင်းထိုးမွှေနှောက်ပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ သိရပါတယ်။
Read More

နိုင်ငံရေးမှာ ရိုးသားဖို့လိုပြီး မရိုးသားခြင်းရဲ့ ရလဒ်ကို မိမိတို့နိုင်ငံ ခံစားနေရတယ်လို့ မင်းအောင်လှိုင် တပြန်ကြီးပြော

နိုင်ငံရေးမှာ ရိုးသားဖို့ လိုအပ်ပြီး ရိုးသားမှုမရှိခြင်းရဲ့ အကျိုးဆက်ကို လက်ရှိမိမိတို့နိုင်ငံမှာ မြင်တွေ့နေရပြီလို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ဒီမိုကရေစီအရေးမှာ တက်ကြွစွာ ပါဝင်ပြီး စစ်အာဏာရှင်ကို ဓမ္မဖြင့် တော်လှန်ခဲ့သည့် ရွှေညဝါဆရာတော် ပျံလွန်၊ ဆရာတော်နှင့်အတူ ထောင်မှ တစ်ရက်တည်း အတူလွတ်လာသည့် စာရေးဆရာ မောင်သာချိုလည်း ကွယ်လွန်

ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး အကြမ်းဖက်စစ်အာဏာရှင်ကို ဓမ္မနဲ့ တော်လှန်ခဲ့တဲ့ ရွှေညဝါဆရာတော် အရှင်ပညာသီဟ ဟာ ဒီနေ့ မနက်အစောပိုင်းက ရန်ကုန်မြို့မှာ ပျံလွန်တော်မူခဲ့ပြီးနောက် စာရေးဆရာမောင်သာချိုလည်း ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

တောင်သာမှာ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့ အနောက်ဘက်၊ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းဆီက သိရပါတယ်။