ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီနေ့ဧပြီ ၂၁ ရက် မနက်ပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဗာတီကန်နန်းတော်က ဒီကနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဒီကနေ့ ဧပြီ ၂၁ ရက်၊ မနက်ပိုင်း ၇ နာရီ ၃၅ မိနစ်မှာ ရောမမြို့က ဗာတီကန်နန်းတော်မှာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပါတယ်။

အသက် ၈၈ နှစ်အရွယ် ရဟန်းမင်းကြီးဟာ ပြီးခဲ့တဲ့လပိုင်းက ဆေးရုံတက် ကုသမှုခံယူခဲ့ရပြီး ၂ လအကြာမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

သက်တော် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ ဧပြီ ၂၀ ရက်က Saint Peter ရဲ့ Basilica ရှိ လသာဆောင်မှာ ဝတ်ပြုသူများကို နှုတ်ဆက်ခဲ့ပြီးနောက် တစ်ရက်အကြာ ဧပြီ ၂၁ ရက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ကတ်သလစ်သာသနာခေါင်းဆောင်အဖြစ် တာဝန်ယူတာ ၁၂ နှစ်နီးပါး ရှိခဲ့ပြီဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ နမိုနီးယားရောဂါကို ခံစားခဲ့ရပြီး အခုနှစ်အစောပိုင်းက နှစ်ကြိမ်ခန့် အသက်အန္တရာယ် ကြုံတွေ့လုနီးပါးဖြစ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မြောက်ဦးဆေးရုံ တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီး စစ်တပ်က လူသားချင်းစာနာမှုအပေါ် အလေးမထားကြောင်း ပြသခြင်းဟု APHR ပြောကြား

မြောက်ဦးဆေးရုံ တိုက်ခိုက်ခံရမှုဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဖြစ်ပြီး စစ်တပ်က စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
Read More

ကုလအထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေး ရိုဟင်ဂျာအရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး တက်ရောက်…

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အကြိမ် ၈၀ မြောက် ဆက်စပ်အစည်းအဝေးအဖြစ် နယူးယောက် မြို့မှာ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာအရေး နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုး တက်ရောက် အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာစစ်အုပ်စုမှ ၎င်းတို့၏ ရာဇဝတ်မှုကြီးများကို ဖုံးကွယ်ဖျောက်ဖျက်ရန် အမေရိကန်လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်း

တရားမဝင်အာဏာသိမ်းထားတဲ့ မြန်မာစစ်အုပ်စုဟာ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးတရားဝင်မှု ရရှိရေး ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန် လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်းခဲ့တယ်လို့ Justice For Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် စစ်ကောင်စီကို ထောက်ပံ့မယ့်သဘော တရုတ်ဘက်က ပြော

မြန်မာပြည်ရဲ့ ဆိုးရွားလာတဲ့ ပြည်တွင်းပဋိပက္ခကို တည်ငြိမ်စေဖို့ ကြိုးပမ်းတဲ့အနေနဲ့ တရုတ်ဘက်က စစ်ကောင်စီကို ပံ့ပိုးထောက်ခံပေးမယ့်သဘော တရုတ်ဝန်ကြီးချုပ်လီကျန်းက နိုဝင်ဘာလ ၆ ရက်မှာ မင်းအောင်လှိုင်ကို ပြောဆိုခဲ့ပါတယ်။
Read More

စစ်တပ် ကျူးလွန်နေသည့် အစုအပြုံလိုက် သတ်ဖြတ်မှုများအတွက် ဒေသတွင်းနှင့် နိုင်ငံတကာ အရေးယူမှု ချက်ချင်းလိုအပ်ကြောင်း APHR တိုက်တွန်း

မြောက်ဦးဆေးရုံ တိုက်ခိုက်ခံရမှုဟာ အကြမ်းဖက်စစ်တပ် ဆက်လက်ကျူးလွန်နေတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပြီး ဒီအပေါ် ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှု ချက်ချင်းလိုအပ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
Read More

တီမောလက်စ်တီကို အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့် စစ်ကောင်စီကန့်ကွက်

တီမောလက်စ်တီ အစိုးရဟာ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရေးမူကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေရင် “တီမောလက်စ်တီကို အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်ပေးဖို့ စဉ်းစားချက်တွေကို ပြတ်ပြတ်သားသား ပယ်ချမှာဖြစ်တယ်” လို့ စစ်ကောင်စီခန့် အာဆီယံ-မြန်မာ အထွေထွေ အကြီးတန်း အရာရှိများ အစည်းအဝေး (SOM) ခေါင်းဆောင် ဟန်ဝင်းအောင် လက်မှတ်ရေးထိုးထားတဲ့ အဲဒီစာမှာ ဖော်ပြထားပါတယ်။