စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ မိုးညှင်း K-PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေ ကြိုဆိုဂုဏ်ပြုနေတဲ့ မှတ်တမ်းရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မိုးညှင်းမြို့နယ်က ထုတ်ပြန်လိုက်ပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေ ရှိသလို ထိခိုက်ဒဏ်ရာရပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေလည်းရှိတယ်လို့ K-PDF က ဆိုပါတယ်။
တိုက်ပွဲအတွင်း ဒရုန်း ၁ စီးလည်း ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုများပေမယ့် အဆုံးသတ်မှာ အောင်ပွဲနဲ့အတူ ပြန်လာကြတဲ့၊ ပြန်မလာနိုင်ကြတော့တဲ့ ရဲဘော်တွေအားလုံးကို လေးစားဂုဏ်ယူပါကြောင်း K-PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ချောက်မြို့မှ ပုဂံညောင်ဦးသို့ စစ်ကောင်စီတပ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ယာဉ် ၃ စီးကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ချောက်မြို့ကနေ ပုဂံညောင်ဦးဘက်ကို စစ်ကောင်စီတပ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ဖောကားယာဉ်နဲ့ စစ်တပ်သုံး သယ်ယူပို့ဆောင်ရေးယာဉ် အကြီး ၂ စီးကို ဇန်နဝါရီ ၆ ရက် ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါက်မြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ ၂၄) ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ ၂၄) ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၉ ရက် နေ့လယ်ပိုင်းမှာ Fixed Wings ဒရုန်း ၆ စီး အသုံးပြုပြီး ၆၀ မမ ဗုံးသီး ၆ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်၊ စစ်သား ၂ ဦး သေပြီး ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းရွာရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း တိုက်ပွဲတွင် ဗိုလ် ၄ ယောက် အပါအဝင် စစ်သားအများအပြားသေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကျေးရွာတွေဆီ အင်အားအလုံး အရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး ဗိုလ် ၄ ယောက် အပါအဝင် စစ်သားအများအပြား သေဆုံးခဲ့တယ်လို့ Nay Pyi Taw PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

PDF Zoland ရဲဘော် သင်တန်းသူ၊ သင်တန်းသားတွေရဲ့ တန်းမြင့်လေ့ကျင့်ရေးသင်တန်းပုံရိပ်တွေကို ထုတ်ပြန် (ရုပ်/သံ)

ခက်ခဲကြမ်းတမ်းတဲ့ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကို တက်ရောက်သင်ကြားနေတဲ့ ရဲဘော် သင်တန်းသူ၊ သင်တန်းသားတွေရဲ့ လေ့ကျင့်ရေး ပုံရိပ်တွေကို PDF Zoland မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပခန်းမြို့မြောက်ဘက်မှာ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရ၊ ဒုဗိုလ်ကြီး ၁ ယောက်အပါ စစ်သား ၁၀ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခန်းမြို့မှာ ရေစကြိုမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ဒုဗိုလ်ကြီး ၁ ယောက်အပါအဝင် စစ်သား ၁၀ ယောက် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အများအပြား ဒဏ်ရာရရှိသွားပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Southern YSO PDF ထံက သိရပါတယ်။