ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းတလျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

နှစ်ဖက် ထိတွေ့တိုက်ပွဲဟာ ဧပြီလ ၁၄ ရက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာလည်း ပြင်းထန်နေဆဲ ဖြစ်ကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို အသုံးပြုနေတယ်လို့ သိရပါတယ်။

“တိုက်ပွဲက ဖြစ်နေဆဲပဲ ဒီမနက် ၁၀ နာရီ ဝန်းကျင်ကတောင် လေယာဉ်လာကျဲသွားသေးတယ်။ တိုက်ပွဲထဲ ပိတ်မိနေတဲ့သူတွေလည်း အများကြီးရှိနေပါတယ်” လို့ ကော့ကရိတ်မြို့ခံတဦးက မောင်းသတင်းဌာနကို ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း စစ်ကူအင်အားတွေကို အပြည့်အဝဖြည့်တင်းထားပြီး လက်ရှိမှာ အင်အား ၄၀၀ ကျော်လောက်ရှိနေတယ်လို့ သိရပါတယ်။
“ဒီတခေါက် ကော့ကရိတ်တိုက်ပွဲက အပြင်းထန်ဆုံးလို့ ပြောရမယ်။ စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက် လုပ်နေတယ်။ သထုံအခြေစိုက် ၄၄၄ လက်အောက်ခံ အမှတ် ၁၁၈ ခြေမြန်တပ်ရင်းက တပ်ရင်းမှူး သက်နိုင်ဌေး (စစ်တက္ကသိုလ် အပတ်စဉ် ၄၅) က သူလည်း ကျသွားပြီ” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။

ကျုံဒိုးမြို့နယ် တဝိုက်က ကျေးရွာတွေကို စစ်တပ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာအပြင် စကခ ၁၂၊ ခမရ ၅၄၆ တပ်တွေကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူ ၂၀ နီးပါးသေဆုံးခဲ့သလို ၂၂ ယောက်ထက်မနည်း ထိခိုက် ဒဏ်ရာရရှိထားတာပါ။

ဒါ့အပြင် တိုက်ပွဲကြောင့် ဒေသခံ တစ်သောင်းကျော်ဟာလည်း စစ်ရှောင်ထွက်ပြေးနေရပြီး အရေးပေါ် ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ထိုင်းနယ်ခြားစောင့်တပ်…
ပုံစာ – ကော့ကရိတ်တိုက်ပွဲကြောင့် ထိုင်းနယ်စပ်မှာ စစ်ရှောင်နေရတဲ့ ဒေသခံများ…
0 Shares:
You May Also Like
Read More

ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့ ကျော်ဝင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်းတို့ကို အာဏာသိမ်းစစ်တပ် ထောင်ဒဏ် ၇ စီ ချမှတ်

စစ်ကော်မရှင်က မတရားသဖြင့် ပြဌာန်းထားတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေနဲ့ အရေးယူခံထားရတဲ့ ဒါရိုက်တာ မိုက်တီး၊ ဟာသ သရုပ်ဆောင် အုန်းဒိုင်းနဲ့ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို ထောင်ဒဏ် ၇ စီ ချမှတ်လိုက်တယ်လို့ အနုပညာအသိုင်းအဝိုင်းနဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။
Read More

ပုဏ္ဏားကျွန်းမြို့နယ် ကျေးရွာများကို စစ်တပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတချို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် သေဆုံးပြီး ၉ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပေါက်မှာ ရွာကင်းစခန်းနား ထောင်ထားတဲ့ မိုင်းတွေနင်းမိလို့ ပျူစောထီး မိန်းမ ၁ ဦး သေ၊ ၁ ဦး ခြေထောက်ပြတ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ပျူစောထီးရွာ ကင်းစခန်းအနီး ထောင်ထားတဲ့ မိုင်းတွေပေါက်ကွဲလို့ ပျူစောထီးအမျိုးသမီး ၁ယောက်​သေဆုံးကာ ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိပ်ဖြူပြောက်ကျား တကိုယ်တော်ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF ရဲ့ ကျားဇိုးက မောင်းကိုပြောပါတယ်။
Read More

တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တဲ့ အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့

KLT.PDF – ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အောင်ပန်းဒေသက တော်လှန်ရေးရဲဘော်တွေ ပြန်လည်စုစည်းတည်ထောင်ထားတဲ့ တပ်ဖွဲ့ဖြစ်တဲ့ Urban Task Force Aung Ban – UTF (အောင်ပန်းမြို့ပြပြောက်ကျား) တပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးလာတာကြောင့် မုံရွာ-ကျောက္ကာ-အရာတော် လမ်းပိုင်းကို ယာယီပိတ်ထား

မုံရွာ-ကျောက္ကာ-အရာတော်လမ်းပိုင်း နဲ့ ကျောက္ကာ- ဗော်ဓိတထောင်လမ်းပိုင်းတွေမှာ အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးလာတဲ့အတွက် အဆိုပါလမ်းပိုင်းတွေကို ယာယီပိတ်ထားတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုမှာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေ မပါဝင်နေ

ရွေးကောက်ပွဲကျင်းပနိုင်ရေး အသည်းအသန် ကြိုးပမ်းနေတဲ့ စစ်ကောင်စီဟာ နေပြည်တော်အပါအဝင် တိုင်းဒေသအသီးသီးမှာ သန်းခေါင်စာရင်းကောက်ခံနေတယ်လို့ သတင်းတွေ ထုတ်ပြန်ထားပေမယ့် အဲဒီစာရင်းထဲမှာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေ မပါဝင်နေတာကို သူတို့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ…