စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးမှုတွေ ရှိခဲ့တဲ့ နေပြည်တော်ကို အကြမ်းဖက် မင်းအောင်လှိုင်က အကွက်ချပြီး မြို့သစ်ပြန်တည်မယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်က ငလျင်ကြောပေါ် ရှိနေတဲ့ ရုံးအဆောက်အဦးတွေကို ပြောင်းရွှေ့ပြီး နေပြည်တော်ရဲ့ မြို့အကွက်ချမှုပုံစံကို ပြန် လည် တွက်ချက်ရေးဆွဲသွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ပြန်လည်တည်ဆောက်ရာမှာလည်း ငလျင်မကြာခဏ လှုပ်ခတ်တတ်တဲ့ နိုင်ငံတွေက အဆောက်အအုံတွေ တည်ဆောက်ထားရှိမှုတွေကို နမူနာယူပြီး တည်ဆောက်သွားဖို့ လိုတယ်လို့လည်း မင်းအောင်လှိုင်က ဆိုပါတယ်။
ဒါ့အပြင် နေပြည်တော်ဝန်ထမ်းအိမ်ရာတွေကို ပြန်လည် တည်ဆောက်ရာမှာလည်း ငလျင်ပြင်းအား ရစ်ချ်တာစကေး ၈ အထိ ခံနိုင်တဲ့အဆောက်အအုံတွေ ဖြစ်အောင် လုပ်ဆောင်ရွက်ရမယ်လို့ မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

၆ လအတွင်း ပြန်လည်တည်ဆောက်မယ့် ဝန်ကြီးဌာနရုံးတချို့ကို ရန်ကုန်မြို့ကို ယာယီပြောင်းရွှေ့ထားပြီး နိုင်ငံခြားရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားစတဲ့ ဝန်ကြီးဌာနတွေက ရုံးတချို့ ပါဝင်တယ်လို့ Non-CMD ဝန်ထမ်းတွေဆီက သိရပါတယ်။

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် အာဏာရှင် သန်းရွှေ တည်ဆောက်ခဲ့တဲ့ နေပြည်တော်ရှိ ဌာနဆိုင်ရာအဆောက်အဦးတွေအပါအဝင် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အဦး ၇၀ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

တနင်္သာရီအခြေစိုက် ခမရ (၅၅၇) တပ်ရင်းမှ ဒုတပ်ကြပ်အပါ စစ်ကော်မရှင်တပ်သား ၃ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အမှတ် (၅၅၇) ခြေမြန်တပ်ရင်းက ဒုတပ်ကြပ်အပါအဝင် စစ်ကော်မရှင်တပ်သား ၃ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးဘက် အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမှာ ရဲစခန်းနဲ့ လျှပ်စစ်ခွဲရုံစောင့် စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တပြိုင်နက်တည်းဝင်တိုက်၊ စစ်ကောင်စီတပ်သား ၇ယောက်သေပြီး ရဲစခန်းပတ်ပတ်လည်က အတားအဆီးတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ တညောင်တိုက်နယ် ရဲစခန်းနဲ့ လျှပ်စစ်ခွဲရုံမှာရှိတဲ့ စစ်အုပ်စုတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၇ ယောက် သေပြီး အများအပြား ထိခိုက်ဒဏ်ရာရှိကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဘေလီတံတားပေါ်မှ လက်ချင်းကြိုးချည် ခုန်ချသွားသည့် စုံတွဲရုပ်အလောင်းကို လက်ချင်းချည်လျက် ပြန်လည်တွေ့ရှိ

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နဘ် ဘေလီတံတားပေါ်ကနေ အချင်းချင်း လက်ကိုကြိုးနဲ့ချည်ပြီး ခုန်ချသွားတဲ့ စုံတွဲရဲ့ ရုပ်အလောင်းတွေကို လက်ချင်းချည်လျက်ပဲ ဒီနေ့မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ရုပ်အလောင်းတွေ သွားရောက်သယ်ဆောင်ခဲ့တဲ့ ဝန်းရံမှူး လူမှုကူညီရေးအသင်းထံက သိရပါတယ်။
Read More

ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပြုလုပ်ခဲ့တဲ့ ပုံရိပ်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကျောင်းသားများကို ဗုံးကြဲသတ်သည့် မြန်မာစစ်တပ်ကို ICC တွင် တရားစွဲရန် လိုအပ်ကြောင်း APHR ပြော

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသူကျောင်းသားတွေ သေဆုံးခဲ့တဲ့ဖြစ်စဥ်အတွက် လက်သည်တရားခံ စစ်ကော်မရှင်ကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှာ တရားစွဲဖို့လိုအပ်ကြောင်း အာဆီယံလွှတ်တော်ကိုယ်စားလှယ်များ လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့ (APHR) က ထုတ်ပြန်ပါတယ်။