ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ မြို့မရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon UG People Army ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ဧပြီလ ၁၈ ရက် မနေ့က ည ၁၀ နာရီဝန်းကျင်အချိန်မှာ Yangon UG People Army (YUPA) နဲ့ မဟာမိတ် ညီနောင်ဖြစ်တဲ့ Operation Flam (OF) တို့ ပူးပေါင်းပြီး ကမာရွတ်မြို့နယ်၊ မြို့မရဲစခန်းကို လက်ပစ်ဗုံး ၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“နောက်ဆက်တွဲအသေးစိတ်ကတော့ စုံစမ်းဆဲပါ…..ရန်သူ့ဘက်က ထိခိုက်သေဆုံးမူကတော့ ရှိနိုင်ပါတယ်။ လက်ပစ်ဗုံး ၂ လုံးစလုံး ကွဲပါတယ်ဗျ…အသံလည်းအတော်ကျယ်တယ်၊ ပြင်းအားလည်း အတော်ပြင်းတယ်” လို့ Yangon UG People Army တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲစခန်းရဲ့ အဝင်အဝ ဂိတ်ထွက်ပေါက်နဲ့ ခြံစည်းရိုးနားမှာ ရှိနေတဲ့ ရဲ ၁ဦးနဲ့ စစ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မောင်းသတင်းဌာနအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ခိုက်မှု အပြီးမှာတော့ တော်လှန်ရေးရဲဘော်တွေကတော့ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

KTV သွားသည့် ရဲ ၃ ဦး လိုရာခရီးမရောက်ဘဲ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ KTV လာတဲ့ ရဲ ၃ယောက်ကို လက်ပစ်ဗုံးတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း Yesagyo Revolution Group (YRG) တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

စလင်းမြို့နယ်တွင် မှတ်ပုံတင်လာလုပ်သည့် အမျိုးသား ၁ ဦးကို စစ်အုပ်စု ဖမ်းဆီးရိုက်နှက် ‌ခေါ်ဆောင်သွား

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ မှတ်ပုံတင်လုပ်ဖို့လာတဲ့ အမျိုးသား ၁ ယောက်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေက ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စလင်းတွင် လှည့်ကင်းထွက်လာသည့် စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်၊ စစ်တပ်က ထိခိုက်သေဆုံးမှုများရှိ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့မှုဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်မှုထမ်း မဲပေါက်ခဲ့သူ လက်နက်နှင့်တကွ အလင်းဝင်လာ

အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေကြောင့် မဲနှိုက်ကာ စစ်ကော်မရှင်တပ်ထဲ ရောက်သွားခဲ့တဲ့ တပ်သား ဖြိုးမင်းစံ ဆိုသူဟာ စက်တင်ဘာ ၉ရက် မနေ့က မနက်ပိုင်းမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ထံ လက်နက်နဲ့တကွ အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။
Read More

MNDAA ဖမ်းဆီးထားသည့် အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်ကို အမြန်ဆုံးလွတ်ပေးရန် ရှမ်းနှင့် ကချင်အရပ်ဖက်အဖွဲ့အစည်း တောင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိးမြို့နယ် မိုင်းယော်တိုက်နယ်၊ လုံးမွန်းကျေးရွာက ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ ဖမ်းဆီးထား‌တဲ့ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်ကို အမြန်ဆုံးလွတ်ပေးဖို့ ရှမ်းနဲ့ ကချင်အရပ်ဖက် အဖွဲ့အစည်းတွေက ‌‌တောင်းဆိုထားပါတယ်။
Read More

ထိုင်းနဲ့ တရုတ်ပေါင်းပြီး လိမ်လည်ဂိုဏ်းတွေ တိုက်ဖျက်ဖို့ ဘန်ကောက်နဲ့ မဲဆောက်မှာ ရုံးဖွင့်မယ်

မြန်မာ၊ ကမ္ဘောဒီးယားတို့နဲ့ ထိစပ်နေတဲ့ ထိုင်းနယ်စပ်တလျှောက်မှာ တရားမဝင် တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ အလျင်အမြန် တိုးပွားလာမှုကို တိုက်ဖျက်ဖို့ ထိုင်းနဲ့ တရုတ်အစိုးရတို့ပေါင်းပြီး ညှိနှိုင်းရေးရုံးတွေ ဖွင့်လှစ်သွားမယ်လို့ Reuters က သတင်းဖော်ပြပါတယ်။