အကြမ်းဖက်စစ်ကောင်စီရဲ့ အဓိကအာဏာတည်မြဲရာ ရန်ကုန်မြို့ပြမှာ မြို့ပြတော်လှန်ရေးအဖွဲ့တွေရဲ့လှုပ်ရှားမှုတွေ စက်တင်ဘာလထဲ ဆက်တိုက်ဆိုသလို တွေ့လာရပါတယ်။
ရန်ကုန်တိုင်းထဲက မှော်ဘီ၊ အင်းစိန်၊ ရွှေပေါက္ကံနဲ့ ​မြောက်ဒဂုံ၊ တောင်ဒဂုံစတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာတွေနဲ့ လုံခြုံရေးဂိတ်ကင်းတွေကို သက်ဆိုင်ရာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက စစ်ရေးဖော်ဆောင်မှုတွေ ဆက်တိုက်
လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။
မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို အထောက်အကူပြုနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ၊ စစ်သင်တန်းကျောင်းတွေနဲ့ စစ်တပ်ဂိတ်လုံခြုံရေးဘန်ကာတွေကို ပြောက်ကျားနည်းနဲ့ လက်ပစ်ဗုံးပစ်တိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်တာတွေနဲ့ အဝေးထိန်းမိုင်းတွေအသုံးပြုပြီးဖောက်ခွဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီထဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိပေမယ့်လည်း အတိအကျအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။
ဒီလအတွင်း ပထမဆုံးအနေနဲ့ စက်တင်ဘာလ ၄ရက်နေ့က မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ၄၅ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို Rangoon Urban Column အဖွဲ့က အဝေးထိန်းမိုင်း၂လုံးနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်မှုထမ်းဥပဒေအကြောင်းပြပြီးလူသစ်စုဆောင်းနေတဲ့ ၄၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်ခံရပြီး အုတ်တံတိုင်းပြိုကျခဲ့လို့ ပျူစောထီး ၂ယောက်သေဆုံးသွားတယ်လို့ Rangoon Urban Column က ထုတ်ပြန်ပါတယ်။
အလားတူပဲ စက်တင်ဘာ၉ရက်နေ့ ညပိုင်းမှာ တောင်ဒဂုံမြို့နယ်၊ ၂၆ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ရွှေဘိုခရိုင် အမှတ် ၁၅တပ်ရင်းနဲ့ တပ်ရင်းအောက်က Civillian Military-SRDF ရဲ့လက်ရွေးစင် အထူးစစ်ကြောင်းရဲဘော်တွေ သွားရောက်မိုင်းခွဲခဲ့ပါသေးတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာလည်း စစ်ကောင်စီလက်ပါးစေ၂ယောက် ထိခိုက်ခဲ့ကာ စစ်တပ်က ရုံးရှေ့မှာပါလာပြီး တပ်စွဲခဲ့တယ်လို့ သိရပါတယ်။
ဒီမစ်ရှင်နဲ့ပတ်သက်လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက “ကျနော်တို့ကတော့ အခါအခွင့်ရတာနဲ့ အခုလိုမစ်ရှင်တွေလုပ်ဖို့ကြိုးစားနေပါတယ်။ အဓိကကတော့ အာဏာရှင် အမြစ်ဖြတ်ဖို့ပါပဲ။ နေရာဒေသတွေ ရွေးမနေပါဘူး။ နေပြည်တော်လည်း အခွင့်ကြုံရင်လုပ်မှာပဲ။ ဒီလိုမစ်ရှင်တွေအတွက်လည်း လနဲ့ချီပြီး အခွင့်ကောင်းကို စောင့်ရပါတယ်။” လို့ မောင်းကိုပြောခဲ့ပါတယ်။
စက်တင်ဘာလ ၁၄ရက်နေ့ မနက်အစောပိုင်းကလည်း ရွှေပြည်သာမြို့နယ်၊ ၁၄လမ်းဆုံ မီးပွိုင့်နားမှာရှိတဲ့ စစ်တပ်ဘန်ကာကို God’s Hand Forces (GHF) ပြောက်ကျားတပ်ဖွဲ့ဝင်တွေ သွားရောက်မိုင်းဆွဲခဲ့လို့ ဂျူတီချိန်းနေတဲ့ စစ်သားတွေထိခိုက်သွားပါသေးတယ်။
God’s Hand Forces (GHF) ရဲ့တာဝန်ခံ ဆရာကျောင်းကတော့ အခုလိုမစ်ရှင်တွေဆောင်ရွက်နိုင်ဖို့ အခွင့်ကောင်းကိုသာအမြဲစောင့်ကြည့်နေကြောင်းနဲ့ ကိုယ့်မြို့ကိုယ်ဒေသဖြစ်တဲ့အတွက် အဆင်ပြေကြောင်း၊ ဒါပေမယ့် လုံခြုံရေးအခြေအနေအရ မစ်ရှင်ပြီးပြီးချင်း ချက်ချင်းပြန်ဆုတ်ခွါရတာကြောင့်အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုတွေကိုအတည်ပြုနိုင်ဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။
နောက်ပြီး စက်တင်ဘာ ၁၆ရက်နေ့ ညပိုင်းကလည်း ရွှေပေါက္ကံမြို့သစ်က ၂၂ရပ်ကွက်ရုံးကို မြောက်ဥက္ကလာပ၊ ပကဖတပ်ဖွဲ့ဝင်တွေ သွားပြီး လက်ပစ်ဗုံး ၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
အဲ့ဒီတိုက်ခိုက်မှုအပြင် စက်တင်ဘာလ ၁၇ရက် ညပိုင်းကလည်း မြို့ပြအထူးစစ်ဆင်ရေးအဖြစ် Urban Special Operation (U.S.O) တပ်ဖွဲ့ဝင်တွေက မှော်ဘီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဗိုလ်လောင်းသင်တန်းကျောင်းကို လက်နက်ကြီး ၄၀မမနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ (စက်တင်ဘာ၁၈ရက်) နေ့လည်ပိုင်းမှာလည်း အင်းစိန်၊ ရွာမအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို Yangon Army အဖွဲ့က လက်ပစ်ဗုံး၂လုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
“အခုလို မစ်ရှင်တွေ စိပ်စိပ်တွေ့ လာရတာ ကောင်းပါတယ်။ ဒါကောင်းမွန်တဲ့ရလဒ်တွေပါ။ ကျနော်တို့က ပကဖ ဆိုတော့ ခရိုင် တိုင်း ရဲ့ COC ( Chain of Command) အတိုင်းသွားရတာပါ။ ပကဖထဲမဟုတ်တဲ့ UG တွေအကြောင်းတော့ ဘာမှမပြောလိုပေမယ့် အားလုံးကတော့ ပန်းတိုင်အတူတူပါပဲဗျ။ အဲ့တော့ မြို့ပြပြောက်ကျားတွေကို ပစ်မထားကြပါနဲ့ ။စခတွေ၊ ရဲတွေနဲ့ အနီးဆုံးမှာ လှုပ်ရှားနေရတဲ့အတွက် ကူညီပေးကြဖို့ပဲ ပြောချင်တယ်။ ​ပြောက်ကျားတွေအနေနဲ့ သတိထား စိုးရိမ်စရာတွေလည်းရှိပါတယ်။ အဲ့ဒါက ပွဲပြီးမှ ချပြဖို့ပါ။ ဥပမာ ပွဲမကရသေးဘဲ ဘာလုပ်မယ်ညာလုပ်မယ်ဆိုပြီး ဆိုရှယ်မှာ ချမပြတာအကောင်းဆုံးပါပဲ” လို့လည်း ရန်ကုန်တိုင်း၊မြို့နယ်တစ်ခုရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်၁ယောက်က ပြောခဲ့ပါတယ်။
ဓာတ်ပုံ – စက်တင်ဘာလအတွင်း တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ အဆောက်အအုံများနဲ့ အကြမ်းဖက်စစ်သားများ (ပုံဟောင်းများ)
0 Shares:
You May Also Like
Read More

မောင်မယ်ရှောင်ကျေးရွာမှာ အင်အားဖြည့်တင်း တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ စနိုက်ပါနဲ့ တိုက်ခိုက်ခံရပြီး ၁ ယောက် သေ၊ ၁ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာ ထပ်မံအင်အားဖြည့်တင်းကာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရရှိသွားတယ်လို့  ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

လုံခြုံရေးအရ အာမခံနိုင်မယ့် မဲဆန္ဒနယ် ၁၆၀ ကျော်မှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ

၂၀၂၅ မှာ စစ်ကောင်စီဘက်ကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးမှာ မဲဆန္ဒနယ် ၁၆၀ ကျော်လောက်ပြုလုပ်နိုင်မယ့် အနေအထားရှိတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

အိုးဘိုထောင်မှာ နိုင်ကျဉ်း ၁ ဦး လုံလောက်တဲ့ ဆေးကုသခွင့်မရမှုကြောင့် သေဆုံး

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁ယောက် လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ 
Read More

မဲဇလီ-ဆည်တော်ကြိုးတံတား စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်အုပ်စု အလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်းများ PDF သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ မဲဇလီ-ဆည်တော်ကြိုးတံတား စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်အုပ်စုအလောင်း ၄ လောင်း သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လားရှိုးအနီး အီနိုင်းကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ဗုံးတွေ ကြဲချတိုက်ခိုက်လို့ ပြည်သူ ၃ ယောက် သေဆုံး

လားရှိုးမြို့အနီး အီနိုင်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၃ ယောက်သေဆုံးခဲ့ရပြီး ၂ယောက်ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ လူစာရင်းနဲ့ လိပ်စာတွေ ရထားပြီ၊ အရေးယူမှုတွေ လုပ်သွားမယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ပြော

စစ်ကိုင်းမြို့က နာမည်ကြီး ပျူစောထီး ခေါင်းဆောင် ရွှေကျားနဲ့ အဖွဲ့ကို ပစ်ခတ်ရှင်းလင်းပြီးတဲ့နောက် မင်းကွန်းနဲ့ ကျောက်တာရွာက ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ထောက်ပံ့နေသူတွေရဲ့စာရင်းကို ရရှိထားပြီဖြစ်တာကြောင့် အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။