လက်ရှိမြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီသည် အလွန်အားနည်းလာသော်လည်း စစ်တပ်ကိုနိုင်အောင်တိုက်ရန်မလွယ်သေးကြောင်း၊ တော်လှန်ရေးတပ်များသည် အတော်အတန် အနိုင်ရလာပြီဖြစ်သော်လည်း အောင်ပွဲကို ထိန်းထားရန် မလွယ်သေးကြောင်း၊ ပိုဆိုးသည်မှာ အနာဂတ်တိုင်းပြည်ကို ထူထောင်ရန် မဟာမိတ်များကြားတွင် နိုင်ငံရေးသဘောတူညီချက်ကို ရနိုင်ဖို့မလွယ်သေးကြောင်း စသဖြင့် မြန်မာ့အိမ်နီးချင်းများက ရှုမြင်ကြသည်။

ထိုထင်မြင်ချက်များမှာ အခြေအမြစ်မရှိလှ၊ သို့သော်မူဝါဒရေးဆွဲသူများ၏ ချိန်ဆချက်များထဲ နက်ရှိုင်းစွာ ရောက်နေသည်။ ထို့ကြောင့် ၎င်းတို့လိုလားသည်မှာ ညှိနှိုင်းအဖြေထုတ်ကြရန်ဖြစ်သည်။ ထိုဖြေရှင်းပုံမှာ အခြားမဟုတ် ….. စစ်တပ်၏ ဆက်လက်ဗိုလ်ကျမှုကို အရှုံးပေးလက်မြှောက်ခိုင်းရန် ဖြစ်သည်။

အိမ်နီးချင်းများ အထူးသဖြင့် တရုတ်၊ အိန္ဒိယနှင့် ထိုင်းတို့သည် ၄င်းတို့၏ စီးပွားရေးနှင့် ပထဝီနိုင်ငံရေး အကျိုးစီးပွားများအတွက် တည်ငြိမ်ခြင်းကို လိုချင်ကြသည်။ စစ်တပ်သည် ယခင်လို အာဏာပြန်မရနိုင်တော့သည်ကိုလည်း နားလည်ကြသလို စစ်တပ်ပြိုကျမှာကိုလည်း လိုလားသူများ မဟုတ်ပြန်‌ပေ။

၄င်းတို့သည် စစ်တပ်မရှိဘဲ မြန်မာနိုင်ငံတွင် တည်ငြိမ်မှုရှိမှာ မဟုတ်ဟု ယူဆဆဲဖြစ်ပြီး စစ်တပ်မရှိသော မြန်မာပြည်အနာဂတ်ကို စဉ်းစား၍ မရတဲ့သူများလည်း ဖြစ်ကြသည်။ ထို့ကြောင့် စစ်တပ်ကို နိုင်မြင်းလို လောင်းနေကြဆဲဖြစ်ပြီး စစ်တပ်နှင့် EROs တွေကို အပစ်အခတ်ရပ်စဲရန် ဖိအားပေး တိုက်တွန်းခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။

အိမ်နီးချင်းများ၏ တွက်ကိန်း [ဖြစ်လာနိုင်ခြေ မရှိသော်လည်း ၎င်းတို့ လိုလားနေသည်များ]

၁) စစ်တပ်ကို ထွက်ပေါက်ပေး၍ ညှို့ကြရန်၊ စစ်အာဏာရှင်စနစ်ကို အရေခွံပြောင်း၍ ပို၍ လူလက်ခံနိုင်မည့်ပုံစံသို့ပြောင်းရန်၊ စစ်တပ်ကိုတော်လှန်နေသော မဟာမိတ်များကို တစ်သုတ်စီ အပစ်အခတ်ရပ်စဲစေခြင်းဖြင့် စုစည်းမှုအရှိန်ကိုဖြိုခွင်းရန်၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်အသက်သွင်းရန်၊

၂) နိုင်ငံရေးဖြစ်စဉ်ကို ပြန်လည်နိုးထစေခြင်း- နယ်မြေအချို့တွင်သာ ရွေးကောက်ပွဲအတုများ ကျင်းပခြင်းအားဖြင့် NUG နှင့် EROs မဟာမိတ်များကို သွေးခွဲရန်၊ PDF များအား အထောက်အပံ့ အလုံအလောက် မရစေခြင်း၊ EROs များက မကူညီစေခြင်းဖြင့် စိတ်ဓာတ်ပျက်ပြားအောင် ပြုရန်

၃) NUG ၏နေရာကို ၎င်းတို့အလိုကျ လိုက်လျောမည့် NLD ပါတီဝင်များဖြင့် အစားထိုးရန်၊ သို့မဟုတ် အရှိန်အဝါကျနေသော ပါတီအချို့ကို အရောင်ပြန်တင်ပေးရန်

၄) NUG၊ နွေဦးတော်လှန်ရေးနှင့် ပြည်သူများ၏ပုံအောမှုကို နိုင်ငံရေးတွက်ကိန်းများထဲတွင် မရှိအောင် ထုတ်ပစ်ပြီး စစ်တပ် + စီးပွားရေးဘက်ယိုင်သော EROs များ + ဗမာလူထုကို ကိုယ်စားပြုသူဟု ဆိုသူများ ကြားတွင်သာ အီလစ်အချင်းချင်း သဘောတူညီမှုရယူပြီး ရှေ့ဆက်ကြရန်

ဂြိုလ်မွှေသော အိမ်နီးချင်းတို့အား ဟန့်တားခြင်း

၁) NUG နှင့် မဟာမိတ် EROs တို့မှ နိုင်ငံခြားရေးအဖွဲ့များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် နိုင်ငံတကာကို နားချသော NGO များ၊ သပိတ်ကော်မတီများ တပြိုင်တည်း အားထုတ်ကာ စစ်တပ်ကို သက်တမ်းဆွဲဆန့်ပေးမည့် အိမ်နီးချင်းနိုင်ငံများကို ဟန့်တားရန်၊ ၄င်းတို့၏ အပစ်ရပ်ပြီး အားလုံးပါဝင်မည့် စားပွဲဝိုင်းကို လက်တွေ့မကျဘဲ ဖိတ်ခေါ်နေခြင်းအားဖြင့် စစ်တပ်ကို ကူညီနေမှုအား ဆန့်ကျင်ကြရန်

၂) အကူအညီများများကို လမ်းကြောင်းပြောင်းပြီး ပေးနိုင်ရေး၊ နိုင်ငံတကာအကူအညီ ရံပုံငွေများ၏ ၆၀-၅၀%မျှကို ဒေသခံ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ဘာသာရေးအခြေခံပရဟိတအသင်းများ၊ NUG နှင့် EROs များ၏ ပြည်သူ့ဝန်ဆောင်မှုများသို့ ရောက်ရှိစေရန်

၃) တော်လှန်ရေးရံပုံငွေ ရှာပေးခြင်း
ယုံကြည်လောက်သော နိုင်ငံရေးမဟာမိတ်- အကူးအပြောင်းကာလကို မည်သို့ အုပ်ချုပ်ကြမည်ဖြစ်ကြောင်း မဟာမိတ်များသိစေသည့် မြင်သာသော နိုင်ငံရေး သဘောတူညီချက်များ တွန်းတွန်းတိုက်တိုက်ဖြင့် ချုပ်ဆိုရန်၊ ထိုခိုင်မာသော နိုင်ငံရေးမဟာမိတ်ရှိလာခြင်းကို နိုင်ငံတကာက လက်ခံလာအောင် ဖန်တီးရန်

၄) ပျော့ပျောင်းခြင်းကို အားပြု၍ မဟာမိတ်ပြုရန်- ပြည်တွင်းနိုင်ငံရေးဆွေးနွေးမှုများတွင် ပြင်းထန်သော အမာလိုင်းကို မယူရန်၊ ဒုက္ခပေးနိုင်သူများကို ဘေးရောက်သွားအောင် လုပ်ထားရန်၊ နိုင်ငံရေးတွင် အလျှော့အတင်းရှိနိုင်ကြောင်း လက်ခံထားရန်၊ နိုင်ငံရေးအရ တရားဝင်မှုသည် ပုံစံမျိုးစုံရှိနိုင်ကြောင်း လေးစားအသိအမှတ်ပြုရန်

၅) တရားဝင်မှုသည် လက်ရှိတိုက်ပွဲများတွင် သတ္တိရှိရှိရင်ဆိုင်ပြီး ခေါင်းဆောင်မှုကောင်းခြင်း၊ သူရဲကောင်းဖြစ်ခြင်းတို့ကြောင့်လည်း ဖြစ်တည်လာနိုင်သည်။ အခြေခံသဘောတူညီမှုရရုံမျှနှင့် မိတ်ဆွေအဖြစ် ရှေ့ဆက်နိုင်ကြရမည်ဖြစ်ပြီး အချင်းချင်း စိတ်ချယုံကြည်နိုင်အောင် ဆက်ဆံခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်း၊ အောင်ပွဲများကို အတူတိုက်ကြခြင်းတို့အားဖြင့် မဟာမိတ်များခိုင်မာလာစေခြင်းများကို လုပ်ဆောင်သင့်ပေသည်။

[မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ Igor Blazevic ၏ လူမှုကွန်ရက်ပို့စ်အား ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။]

0 Shares:
You May Also Like
Read More

စစ်ဒဏ်သင့် မြန်မာပြည်တွင် စစ်တပ် ဟန်ပြရွေးကောက်ပွဲကျင်းပ

အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ ဒီဇင်ဘာလ ၂၈ ရက်ကစလို့ စစ်တပ်က ဟန်ပြရွေးကောက်ပွဲတွေ ကျင်းပနေပါတယ်။
Read More

ထိုင်းက ပြန်ပို့လိုက်တဲ့ ‘စစ်ကောင်စီငရဲခန်းမှသည် ဒေါနတောင်ပေါ်ဆီ’

ဘေးပတ်၀န်းကျင်တစ်ခုလုံး အမှောင်တိ ဖုံးလွှမ်းနေပြီး ဆောင်းညလယ်ကြီးမှာ အသက် (၂၆) နှစ်အရွယ် လူငယ်အမျိုးသားနှစ်ယောက်ဟာ ချမ်းအေးလှတဲ့ ဆောင်းတွင်းကို မေ့သွားရလောက်အောင် ဇောချွေးတွေ ပြန်နေပါတယ်။
Read More

ရန်ကုန်နဲ့ မန္တလေးမှာ တစ်လအတွင်း လူငယ်လူရွယ် ၇၀၀ ကျော် အဓမ္မဖမ်းဆီးခံရ၊ ဖမ်းဆီးခံရသူတွေထဲ စစ်မှုထမ်းအကျုံးဝင်သူတွေအပြင် မြို့ပြတော်လှန်ရေးသမားတွေလည်းပါဝင်

ဇန်နဝါရီလအတွင်း မန္တလေးနဲ့ ရန်ကုန် မြို့ကြီး ၂ခုမှာ လူငယ်ပေါင်း ၇၀၀ ကျော် ဖမ်းဆီးခံရပြီးစစ်မှုထမ်းပေါ်တာဆွဲမှုအပြင် မြို့ပြတော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း ဖမ်းဆီးခံရတဲ့အထဲ ပါဝင်နေကြောင်း ဒေသအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီထံမှ MDY PDF သိမ်းဆည်းရရှိသည့် တရုတ်ထုတ် စစ်လက်နက်များ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာ ၃ ရွာက စစ်ကောင်စီတပ်စခန်းတွေကို MDY PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် သိမ်းဆည်းရရှိတဲ့ စစ်လက်လက်နက် ပစ္စည်းတွေထဲမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီထုတ် စစ်လက်နက်တွေပါဝင်နေခဲ့ပါတယ်။ 
Read More

ဓာတ်အားပေးစက်ရုံများ ရပ်ဆိုင်းထားရမှုကို ဖုံးကွယ်ကာ လျှပ်စစ်ဓာတ်အားလိုင်းများ ဖျက်ဆီးခံရလို့ မီးမပေးနိုင်ခြင်းဖြစ်သည် ဟု စစ်ကောင်စီ အကြောင်းပြ

မဂ္ဂါဝပ်များစွာ ထုတ်လုပ်နိုင်တဲ့ ဓာတ်အားပေးစက်ရုံတွေ ရပ်ဆိုင်းထားရမှုကို ဖုံးကွယ်ထားပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေကို အကြမ်းဖက်သမားတွေက ဖျက်ဆီးလို့ မီးမပေးနိုင်တာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ လျှပ်စစ်ဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ အရှိုက်ထိုးခံနေရတဲ့ ချင်းပြည်နယ် မြို့သိမ်းတိုက်ပွဲများ

ချင်းပြည်နယ်ရဲ့ အရေးပါတဲ့ အဓိကမြို့ကြီးတွေဖြစ်တဲ့ ထန်တလန်၊ ဖလမ်း၊ မင်းတပ် မြို့သိမ်းတိုက်ပွဲ ၃ခုကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်တည်း ဆင်နွှဲနေပြီး တိုက်ပွဲတွေပြင်းထန်နေတာ လနဲ့ချီကြာမြင့်လာပြီ ဖြစ်ပါတယ်။