ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ စစ်ဆင်ရေးတွေမှာ Chinland Defense Force – Kalay, Kabaw, Gangaw တပ်ဖွဲ့ ဦးဆောင်ပြုလုပ်တဲ့ CDF-KKG Major Operation ကနေ အောင်ပွဲနဲ့ ပြန်လာတဲ့ ကျောင်းသားတပ်မတော် ABSDF နဲ့ မဟာမိတ်တပ်တွေက ရဲဘော်တွေကို ပြည်သူတွေ ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။

၂လ ဝန်းကျင်ကြာမြင့်ခဲ့တဲ့ အဆိုပါစစ်ဆင်ရေးမှာ ကလေးမြို့နယ်တောင်ပိုင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ကမ်းပါးနီ စစ်စခန်းနဲ့ ကြံသာရွာ စစ်စခန်းတွေအပါအဝင် စစ်တပ်စခန်း ၅ ခုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါစစ်ဆင်ရေးတွေကို ချင်းအမျိုးသားတပ်မတော် (CNA) ရဲ့ ကွပ်ကဲမှုနဲ့ ABSDF နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်း ABSDF က တပ်စုမှူး ၁ ယောက်နဲ့ ဒုတပ်စိတ်မှူး ၁ ယောက် ကျဆုံးခဲ့ပြီး ရဲဘော် ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ABSDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ရေးအရှိန်မြှင့်တင်မည့် PDF အထူးတိုင်းစစ်ဌာနအား NUG ဖွဲ့စည်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေရှိ တပ်ရင်းတွေနဲ့ ဗျူဟာတွေကို စနစ်တကျ စုဖွဲ့မှု ပြုလုပ်ပြီး အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်း ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်မှာ ဒီဇင်ဘာလအတွင်း လူ ၅၀၀ ကျော်ဖမ်းဆီးခံရ

ရန်ကုန်မှာ ဒီဇင်ဘာလ တစ်လအတွင်း စစ်ကောင်စီက လူဦးရေ ၅၀၀ ကျော်ကို အကြောင်းအမျိုးမျိုးပြ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။
Read More

ဘုတလင်မှာ အောက်တိုဘာလကစလို့ စစ်တပ်ကြောင့် သေဆုံးသူ ၁၉ယောက်အထိရှိလာပြီး နေအိမ် ၅၀၀ နီးပါး မီးရှို့ဖျက်ဆီးခံထားရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အောက်တိုဘာလဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းဝင် သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ၁၉ ယောက်အထိ ​ရှိလာပြီး ကျေးရွာပေါင်း ၃၀ က အရပ်သားတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရွာဇော်ကြီး တော်လှန်အသံ အဖွဲ့ထံက သိရပါတယ်။
Read More

စစ်မှုထမ်းခွင့်ရခြင်းဟာ မွန်မြတ်ပြီး ဂုဏ်ယူရတဲ့အလုပ်ဖြစ်တယ်လို့ ပေါ်တာဆွဲစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံရှိ လူဦးရေထဲက အနည်းငယ်သာ စစ်မှုထမ်းခွင့်ရှိတာကြောင့် စစ်မှုထမ်းခွင့်ရသူတွေအနေနဲ့ ဝမ်းသာဂုဏ်ယူဖို့ လိုအပ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

မြောက်ဥက္ကလာ ကြံ့ခိုင်ရေးပါတီရုံးကို ၄၀ မမ လက်နက်ကြီးဖြင့် တိုက်ခိုက်…

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီရုံးကို ၄၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Rangoon Scout Network က ဒီနေ့မှာ သတင်းဖော်ပြပါတယ်။
Read More

ဝက်လက်နယ် ရှိန်းမကားတွင် အရပ်သား ၁၀ဦးထက်မနည်းကို စစ်ကောင်စီမှ သေနတ်ပစ်ခတ်ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စစ်ကိုင်း- မြစ်ကြီးနား အမှတ် (၃) လမ်းပေါ်မှာ အရပ်သား ၁၀ယောက်ထက်မနည်း စစ်​ကောင်စီတပ်ရဲ့ ပစ်ခတ် ဖမ်းဆီးခြင်း ခံထားရကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။