ပဲခူးတိုင်း၊ ပဲခူးမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန် တပ်မဌာနချုပ် အမှတ် (၇၇) က ဒုတပ်စိပ်မှူး တစ်ယောက်နဲ့ တပ်သား တစ်ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ (လျှပ်စီးတပ်ခွဲ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၁၇ ရက် မနေ့က မတရားစစ်မှုထမ်း ဥပဒေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရဲ့ တပ်မ (၇၇) က ဒုတပ်စိပ်မှူး တစ်ယောက်နဲ့ တပ်သား တစ်ယောက်က လျှပ်စီးတပ်ခွဲဆီ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။

ပဲခူးမြို့ တပ်မ (၇၇) မှာ မွမ်းမံသင်တန်းသားတွေအဖြစ် သင်တန်းတက်ရောက်ပြီးစီးပြီး စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသ စစ်မြေပြင်တွေဆီ အတင်းအကြပ် စေလွှတ် ခံရတဲ့ ဒုတပ်စိပ်မှူး ဖြိုးသီဟနဲ့ တပ်သား မောင်သက်တို့က စစ်ကိုင်းမြို့ရှိ တပ်မ (၃၃) သို့ ရောက်ရှိလာချိန် ဧပြီလ ၁၆ ရက် သင်္ကြန် အတက်နေ့မှာ ဆက်သွယ်အကူညီတောင်းခံလာတယ်လို့ ဆိုပါတယ်။

လျှပ်စီးတပ်ခွဲအနေနဲ့ နယ်မြေခံ တော်လှန်ရေးအင်အားစုတွေကို ချိတ်ဆက်ကာ အဆိုပါ စစ်မှုထမ်းဆင်းစစ်သား ၂ ယောက်ကို ကူညီ ကယ်ထုတ်နိုင်ခဲ့ပြီး ဧပြီ လ ၁၈ ရက် ဒီနေ့မှာတော့ သက်ဆိုင်ရာ မိသားစုတွေဆီ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုလို ဇွဲသတ္တိပြည်စုံစွာနဲ့ ပြည်သူရင်ခွင် ခိုလှုံဖို့ ကြိုးပမ်းခဲ့တဲ စစ်ကောင်စီတပ်သား ၂ ယောက်ကို အသိအမှတ်ပြု ကျေးဇူးအထူးတင်ရှိကြောင်း လျှပ်စီးတပ်ခွဲက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့ကို စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်အပါ ပြည်သူ ၄ ဦးထက်မနည်း သေဆုံးမှု ရှိ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC မှာ ဖမ်း၀ရမ်းထုတ်ဖို့ တင်ပြထားမှုမှာ ဝိုင်းဝန်းကူညီဆောင်ရွက်မယ်လို့ NUG နဲ့ K2C ကထုတ်ပြန်

မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ဖို့ တင်ပြထားမှုကို ဝိုင်းဝန်းအကောင်အထည်ဖော် ကူညီဆောင်ရွက်ပေးမယ်လို့ NUG နဲ့ K2C(KNU၊ KNPP၊ CNF)တို့ က ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ပါတယ်။
Read More

ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက အပတ်စဥ် ၈ စစ်သင်တန်းဆင်း ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက အပတ်စဥ် ၈ စစ်သင်တန်းဆင်း ရဲဘော်တွေရဲ့ အမှတ်တရပုံရိပ်တွေကို အဆိုပါစစ်ကြောင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ ၃ ဦး KNLA တပ်ရင်း (၈) ထံ လက်နက်ချ အလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၈) ထံ အကြမ်းဖက်စစ်တပ်က စစ်သား ၃ယောက် အလင်းဝင်လာခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့အတွင်း စစ်ကောင်စီက သီတင်းကျွတ်လပြည့်ညမှာ ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ (၄) ယောက် ဒဏ်ရာရ… အများပြည်သူ ကုသိုလ်ယူချိန် အရပ်သား ပစ်မှတ်ထားတိုက်ခိုက်မှုဟာ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်လို့ TNLA ပြော…

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက သီတင်းကျွတ်လပြည့်ညမှာ အရပ်သားပစ်မှတ်ထားပြီး ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် (၄) ယောက် ဒဏ်ရာရခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

အုတ်ဖိုတွင် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ဦး သေ၊ အရပ်သားများကို ၃ လောင်း သယ်ခိုင်းကာ ၂ လောင်း လယ်ကွင်းထဲ ကျန်ခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာထိပ် ရောက်ရှိနေတဲ့ စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၆) Black Dragon GBK-PDF ထံက သိရပါတယ်။