မြန်မာပြည်မှာ မြေပြင်ကွင်းဆင်းဆေးရုံတစ်ခု တည်ဆောက်ဖို့အတွက် ဗုဒ္ဓဟူးနေ့မှာ မလေးရှားကနေ ဆေးဘက်အရာရှိတွေ စေလွှတ်မယ့် အစီအစဉ်ကို စစ်ကောင်စီတောင်းဆိုချက်အရ ရွှေ့ဆိုင်းလိုက်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဧပြီလ ၁၇ ရက်မှာ ပြောပါတယ်။

မတ် ၂၈ ရက်က ငလျင်လှုပ်ခတ်ပြီးနောက် လူသားချင်းစာနာမှု အကူအညီပေးရေး တစိတ်တပိုင်းအနေနဲ့ အဆိုပါဆေးရုံဖွင့်လှစ်ဖို့ မလေးရှားက စီစဉ်ထားတာပါ။
ယာယီဆေးရုံလုပ်ငန်းဆောင်ရွက်ဖို့ ဘေးကင်းပြီး သင့်တော်တဲ့နေရာကို ရှာဖွေဆဲ ဖြစ်တာကြောင့် ဆိုင်းငံ့ထားပေးဖို့ စစ်ကောင်စီက တောင်းဆိုခဲ့ကြောင်း မလေးရှားဝန်ကြီး မိုဟာမက် ဟာဆန်က ပြောပါတယ်။

“ကျနော်တို့ သွားမယ့်နေရာက စိန်ခေါ်မှုများပြီး အန္တရာယ်လည်းများတယ်။ စစ်တပ်ဆေးရုံကနေ ခွဲစိတ်ဆရာဝန်တွေနဲ့ ဆေးအဖွဲ့တွေ အများကြီးချထားမှာဖြစ်လို့ သူတို့ရဲ့ လုံခြုံရေးက ကျနော်တို့ ဦးစားပေးဖြစ်ပါတယ်” လို့ သူက သတင်းထောက်တွေကို မနေ့က ပြောပါတယ်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်

မိုဟာမက်က သူ့အနေနဲ့ စစ်ကောင်စီဝန်ကြီး သန်းဆွေထံ ဆက်သွယ်ခဲ့ပြီး မိမိပြည်သူတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး အလျှော့မပေးနိုင်ကြောင်း ပြောဆိုပါတယ်။
ဒါ့အပြင် ဒီလူသားချင်းစာနာမှုအစီအစဉ်ဟာ မလေးရှားအနေနဲ့ မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုခြင်းမျိုးမဟုတ်ဘဲ ကပ်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီဖို့ ရည်ရွယ်ခြင်းသာဖြစ်ကြောင်း သူက ဆိုပါတယ်။

တချိန်တည်းမှာပဲ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က သူ့ရဲ့အကြံပေး၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့အတူ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ကြာသပတေးနေ့ ညနေပိုင်းက ဘန်ကောက်မှာ တွေ့ဆုံခဲ့ပါတယ်။

အန်ဝါရဲ့ အဆိုအရ သူတို့ဟာ မြန်မာပြည်သူတွေအတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီတွေ၊ ယာယီဆေးရုံတွေ တည်ဆောက်ရေးတွေနဲ့ တိုင်းပြည်ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေးကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း – Mission To Set Up Field Hospital In Myanmar Put On Hold – Mohamad

 

 

0 Shares:
You May Also Like
Read More

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ကုလစင်မြင့်မှာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ် ကုသလမဂ္ဂမှာ ဆက်လက် ရပ်တည်ခွင့်ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံတာက ထိုင်းကို တစ်ကမ္ဘာလုံးရှေ့မှာ အရှက်ခွဲသလိုပဲလို့ ထိုင်းလွှတ်တော်အမတ်ဝေဖန်

ထိုင်းဝန်ကြီးချုပ်ပတွန်တန် ရှင်နာဝပ်ထရာအနေနဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အကြောင်းမယ်မယ်ရရမရှိဘဲ တွေ့ဆုံခဲ့မှုဟာ ထိုင်းကို တစ်ကမ္ဘာလုံးရှေ့မှာ အရှက်ခွဲသလိုဖြစ်နေတယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦးက ၎င်းရဲ့လူမှုကွန်ရက်မှာ ဝေဖန်ထောက်ပြပြောဆိုထားပါတယ်။
Read More

မဲဆောက်မြို့ မူးယစ်ဆေးရောင်းဝယ်မှုအတွင်း မြန်မာအချင်းချင်း ဓားနဲ့ထိုး

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မူးယစ်ဆေးရောင်းဝယ်ရာက စတင်ဖြစ်ပွားတဲ့ ခိုက်ရန်ဖြစ်ပွားမှုတခုကြောင့် မြန်မာအမျိုးသားတယောက် ဓားထိုးခံလိုက်ရပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်း Thaiger မှာ ဖော်ပြပါတယ်။
Read More

စစ်အာဏာရှင်စနစ် အမြစ်ပြတ်မှသာ လူကုန်ကူးမှုအပါအဝင် ဆိုက်ဘာမှုခင်းများကို‌ အပြီးတိုင် တိုက်ဖျက်နိုင်မည်ဟု  ဦးကျော်မိုးထွန်း ပြောကြား

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းအောင် လုပ်ဆောင်နိုင်မှသာ မြန်မာနိုင်ငံအတွင်း ကင်ဆာရောဂါသဖွယ် ပြန့်ပွားလာနေတဲ့ လူကုန်ကူးမှုအပါအဝင် ဆိုက်ဘာမှုခင်းတွေကို အပြီးတိုင် တိုက်ဖျက်နိုင်မှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောပါတယ်။
Read More

မဲခေါင်မြစ်ကြောနိုင်ငံများ ရေလွှမ်းမိုးမှုမှာ လက်သည်မဟုတ်ဘူးလို့ တရုတ်ငြင်းဆို

ရေလွှမ်းမိုးမှုလျော့ပါးရေး စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့ကပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောကြားမှုနဲ့အတူ တဆက်စပ်ထဲမှာပဲ မဲခေါင်မြစ်ကြောက နိုင်ငံတွေ ရေလွှမ်းမိုးမှုမှာ လက်သည်မဟုတ်ဘူးလို့ တရုတ်ဘက်က ငြင်းဆိုထားကြောင်း စက်တင်ဘာလ ၁၇ ရက် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြခဲ့ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများကြောင့် ဆိုးရွားနေသည့် မြန်မာနိုင်ငံ၏ အခြေအနေများကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရှင်းလင်းတင်ပြခဲ့

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ဆိုးရွားနေတဲ့ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။