ပြည်သူ့အားနဲ့ သွားနေတဲ့ တော်လှန်ရေးမှာ ပြည်သူ့ဆန္ဒကို အခြေပြုတဲ့ စဥ်းစားမှုမျိုးတွေသာ ဖြစ်ဖို့လိုအပ်တယ်လို့ ဧပြီလ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၁၁ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ကြောင်း NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြည်သူ့အားနဲ့ သွားနေတဲ့ တော်လှန်ရေးဖြစ်တာကြောင့် စဥ်းစားမှုတိုင်းမှာ ပြည်သူ့ဆန္ဒကို အခြေပြုတဲ့ စဥ်းစားချက်မျိုးဖြစ်ဖို့ လိုအပ်ပြီး ဖြစ်နိုင်ချေ အရှိဆုံး ကိစ္စမျိုးလည်းဖြစ်အောင် စဉ်းစားကာ လုပ်ဆောင်သွားကြဖို့ လိုအပ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူတွေ ပျော်ရွှင်ရမယ့် နှစ်သစ်အချိန်အခါမှာ လူကပြုလုပ်တဲ့ ဘေးဒုက္ခနဲ့ သဘာဝကြောင့်ဖြစ်ရတဲ့ ဘေးဒုက္ခကို တပြိုင်နက် ခံစားနေကြရတာကြောင့် တကယ့်ကို ဝမ်းနည်းကြေကွဲစွာ ဖြတ်သန်းနေကြရတဲ့အချိန်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “နှစ်သစ်တစ်ခုကို ကူးပြောင်းနေတဲ့ ဒီလိုအချိန်အခါမှာ ပုံမှန်အားဖြင့်ဆိုရင်တော့ ကျွန်တော်တို့ ပြည်သူတွေ ပျော်ရွှင်နေကြရတဲ့ အခါသမယ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူကပြုလုပ်တဲ့ ဘေးဒုက္ခနဲ့ သဘာဝကြောင့်ဖြစ်ရတဲ့ ဘေးဒုက္ခကို တပြိုင်နက် ခံစားနေကြရချိန်မို့ တကယ့်ကို ဝမ်းနည်းကြေကွဲစွာ ဖြတ်သန်းနေကြရတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုနှစ်သစ်ကူးအချိန်အခါမျိုးမှာ ဘေးဒုက္ခအမျိုးမျိုး ကြုံနေကြရတဲ့ ပြည်သူတွေ ဘေးဒုက္ခအပေါင်းမှ အမြန်ဆုံး သက်သာစေပြီး ကျွန်‌တော်တို့ရဲ့ နောင်မျိုးဆက်အသီးသီးတွေ ပိုမိုကောင်းမွန်တဲ့ ဘဝမျိုးတွေ ရရှိနိုင်အောင် ကျွန်တော်တို့အနေနဲ့ မယိမ်းမယိုင်တဲ့ စိတ်ဓာတ်နဲ့ တော်လှန်ရေးအောင်ပွဲ အဆုံးသတ်အထိ ကြိုးပမ်းအားထုတ်သွားမယ်” လို့ ပြောကြားထားပါတယ်

0 Shares:
You May Also Like
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသည့် ခမရ ၅၅၈ က တပ်ကြပ်ကြီး အပါအဝင် တပ်သား (၇) ဦး လက်နက်များနှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၅၈ မှာ  တာဝန်ကျနေတဲ့ တပ်ကြပ်ကြီး ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၇ ယောက် လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရွှေကျင်မှာ စစ်ကောင်စီက ပြည်သူ ၁ ယောက်ကို ရှင်းလင်းကာ ပြည်သူအယောက် ၅၀ ခန့်ကို လူသားဒိုင်းလုပ်ပြီး ဖမ်းဆီးထား

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မင်းလမ်းသံဆိပ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ရောက်လာကာ ပြည်သူအယောက် ၅၀ ခန့်ကို လူသားဒိုင်းလုပ်ကာ ဖမ်းဆီးထားတယ်လို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် မြေပြင်ရှိ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ၊ တပ်ရင်းများမှ တာဝန်ရှိသူများနှင့် ရဲဘော်ရဲမေများကို တွေ့ဆုံ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက မေလ (၁၃) ရက် မနက်ပိုင်းမှာ အမှတ် (၉၀၁) တပ်ရင်းဌာနချုပ်နဲ့ ဗျူဟာအမှတ် (၁၈) ဌာနချုပ်တို့မှာ မြေပြင်ရှိ ရဲဘော်ရဲမေတွေနဲ့ တွေ့ဆုံကာ အမှာစကားပြောကြားခဲ့တယ်လို့ Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒေါနစစ်ကြောင်း၏ (၇၈) ကြိမ်‌မြောက် အာဇာနည်နေ့အခမ်းအနားကို ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ တက်ရောက်ခဲ့… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဒေါနစစ်ကြောင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၇၈) ကြိမ်‌မြောက် အာဇာနည်နေ့အခမ်းအနားကို အရင် NLD အစိုးရလက်ထက် ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ တက်ရောက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ထားဝယ်ခရိုင် ရဲမှူးရုံးမှ ဒုရဲအုပ်တစ်ဦး လက်နက်နှင့် အလင်းဝင်

အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်တစ်ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ကာ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ ၇၁ ရာခိုင်နှုန်းကျော် ပါဝင်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်သာ အတည်ဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို တရားဝင်မှုပေးသည့် အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ လက်ရှိ စစ်အုပ်စု ကျင်းပဖို့ ကြိုးပမ်းနေတဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံ၊ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ကြောင်းနဲ့ ၂၀၂၀ ရွေးကောက်ပွဲကသာ ပြည်သူလူထုဆန္ဒနဲ့အညီ တည်ရှိနေဆဲဖြစ်ကြောင်း မနေ့က အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။